Tuesday, June 25, 2013

“ချစ်ရသူ …သို့ ”


ငါ့ ရဲ့ အချစ်တွေလို ပြန်ပြီ ချစ်ဖို့
တူညီမှုမရှိချင်နေပါစေ ငါ့ အချစ်တွေကိုတော့
နင်အသိမှတ်ပြုစေချင်တယ် … ချစ်သူ ..။

နင့် ဘက်က ငါ ကိုအမြဲတမ်း
အပြစ်တွေကြီးပဲ မြင်နေမှတော့
ငါ့ အချစ်တွေ ဘယ်လောက်ပဲ စစ်စစ်
နင်ဘက်က မဖြစ်နိုင်ဘူးလို့ပဲ တွေးထားနိုင်မှာပေါ့ …. ။

ငါ့ တို့ နှစ်ယောက်ကြားမှာ နားလည်မှု ရှိစေချင်ပေမယ့်
နင်ဘက်က နားလည်မှုဆိုတာကို
နားလည်ယုံတာကလွဲရင် ဘာကိုမှ
ငါ့ ကိုနားလည်မပေးနိုင်ပါဘူး ……. ချစ်သူ …။

နင်ကို ရွေးချယ်ပြီး ချစ်ခဲ့ပေမယ့်
ငါ ကိုယ့်ပိုင်ဘဝထဲမှာနင်ကို ကျူးကျော်ဝင်ရောက်ခွင့်
ပေးထားတာ မဟုတ်ဘူးဆိုတာ
နင်သိစေချင်ပေမယ့် ……………..။

ဆောင်းနေရောင်

Monday, June 24, 2013

တောင်ပံတွေနဲ့


ပြာလဲ့လဲ့ကောင်းကင် အဖြုရောင်တိမ်တိုက်တွေအောက်
လေပြေလိုလွင့်မျောတတ်တဲ့ အချစ်ကိုမှ ဆောကစားမိ့တဲငါ
ကြိမ်ဖန်များစွာစိတ်ဆင်းရဲ ရင်ကျက်ခြင်းတွေလည်း မကယ်နိုင်တော့ဘူး.....

ကောင်မလေးရေ မပွင့်တစ်ပွင့် မင်းနူတ်ခမ်းက လွင့်လာတဲ
စကားမှာမှ သာသာ ယာယာယစ်မူး အချစ်ပန်းအတွက် ငါက
ဥယျာဉ်မှူး ဖြစ်ခဲဖူးတယ်လေ.......

အတွယ်အတာမဲ့ သံယောဇဉ်နဲ့ဆိုလည်း အစထဲက
မပတ်သက် မျှော်လင့်ချက်တွေ မပေးပါနဲလား
ခုတော တောင်ပံ တွေနဲ အမှောင်နံရံ တွေ ကြားရောက်မှ
အဝေးကို ပျံသန်း အဖော်ကွဲတဲ ဇာတ်လမ်းထဲ ငါလည်းပါဝင်ခဲ့ရပြီ....

ပျံပါ ပျံသန်းလိုသွားပါ အတောင်ပံတွေ ညောင်းလို
နင်နားခိုရာ ချစ်သစ်ပင် ဖြူစင်ပါစေလို ငါဆုတောင်းရင်း
တောင်ပံတွေနဲ မင်းကို ထာဝရ ချစ်နေမှာပါ........

လေးစားလျှက်
Ms

Sunday, June 23, 2013

........နေတတ်သလို........



တိုက်ဆိုင်မူတွေပါတဲ့
သူပြောတဲ့စကားယုံရမှာလား
ပတ်ဝန်းကျင်ရယ်.........
ရင်တစ်လျှောက်လုံး
နာကြင်မူ့တွေရစ်ထုံးနေတာလေ...
ပတ်သက်ခြင်းတွေအတက်အဆင်း
ကောင်းခဲ့ တော့ “မီး” ဆိုတာ
မသိပဲ ကိုယ့်ကိုကိုယ်
“အထင်ကြီး”
ဒုက္ခတွေနဲ နီး နီးလာလိုက်တာ
ဆုပ်လည်းဆူး
စားလည်း ရှုး ဘ၀ နဲ
မင်းကို ခွင့်လွတ်ပေးလိုက်ရင်
ကိုယ့် သေ တွင်း ကိုတူးတာနဲ
ဘာကွာတော့မှာလည်း...........
ဆက်ပြီး ရှေ့လျှောက်ဖို့
အကွေ့အကောက့်တွေ
များလာပြီ.........
ဒီတော့.........။

လေးစားလျှက်
Ms
23.6.2013
@အလွမ်းဖွဲ့ ကဗျာ@

Saturday, June 22, 2013

နေရာသစ်မှာလည်း ပန်းတွေကြွေတယ်





တန်းစီစောင့်စားနေရတယ်
ဘာကိုမှန်းမသိ
လိုအင်ကိုသရုပ်ခွဲချင်စိတ်လည်းမရှိတော့ပါဘူး

လေညင်းအစုအဝေးကနေ လေပြင်းကြီးဖြစ်လာတတ်သလား
ခွင့်လွှတ်ပါ
မယုံကြည်တတ်တော့တဲ့ယုံကြည်ချက်သာ
အမြစ်တွယ်မိခဲ့သူပါ

မိုးကိုမချစ်ဘူး
ဆောင်းကိုမချစ်ဘူး
နွေကိုမချစ်ဘူး
ကိုယ်မြတ်နိုးတာက
စာနာမျှတတဲ့ရာသီ

လေထုကိုရုန်းမထွက်နိုင်သေးမီ
အနံ့ံအသက်က ဘ၀နဲ့ တစ်သားတည်း
ပတ်လည်မျက်ဝန်းဖိအား
အသက်နဲ့ တောင့်ခံထားရတယ်

ထာဝရကြံ့ခိုင်တဲ့တောင်ပံတစ်စုံ
ကောင်းကင်သစ်ပေါ် လှမ်းမျှော်လို့ 
နိုးကြားဖို့ ကြိုးစားရင်း
လက်ပန်းကျဇာတိအလွမ်းကို
အံကြိတ်ဆုပ်ကိုင် မနိုင်ဝန် တစ်ထမ်းတစ်ပိုးနဲ.  ။  ။

ကိုမှိုင်း(ဆေး-၂)

ဆုရသွားသောဝတ္တုတို




ဌာနတွင်း ၀တ္တုတိုပြိုင်ပွဲတစ်ခု ကျင်းပသည် ။
ဝတ္တုတို တွင် ဤ အချက်များ ပါဝင်ရမည် ၊ ထိထိမိမိနှင့်
အတိုဆုံးသီကုံးနိုင်သူဖြစ်ရမည် ဟုပါရှိသည် ။
- ဘာသာတရား ကိုင်းရှိုင်း မှုရှိ ရမည် ။
- တော်ဝင်ဆန်ရမည် ။
- လိင် သဘောသဘာဝ ပါရှိရမည်။
- လျို့ဝှက်ဆန်းကြယ်ရမည် ။
ဆုရသွားသော ၀တ္တုတိုမှာ အောက်ပါအတိုင်းဖြစ်သည် ။

*“ဆုရသွားသောဝတ္တုတို”*

“အို ဘုရားရေ” ဟု ဘုရင်မက ပြောသည် ။ “ငါ ကိုယ်ဝန်ရှိနေပြီ” ၊ “ဘယ်သူနဲ့
ရတာပါလိမ့်” ဟု ငြီးတွားသည်။

Thursday, June 20, 2013

နင့်အတွက် (၁)


ဘ၀တစ်ချို့တွေမြေပေါ်
ချနင်းခံရပီးတဲ့နောက်
အတိတ်တွေထဲမှာ
အကြိမ်ကြိမ် ငါသေဆုံးပြစ်လိုက်တယ်။

ဖေးကူတတ်တဲ့
စာနာလက် တစ်ချို့ကြောင့်
သေမင်းနဲ့ စီးချင်းထိုးပွဲမှာ
အောင်နိုင်ခဲ့ပေမယ့်
နင့် တခဏ ပျော်ရွှင်ဖို့ အတွက်
ငါ့ဘ၀ကို ငါကိုယ်တိုင်
သတ်ပစ်ခဲ့ဖူးတယ်။

ရင်ထဲမှာ ငါ ငိုနေတယ်။
အပြင်ဖက် ကို စီးကျမလာတဲ့
ဒီ မျက်ရည်တွေအတွက်
ငါ့ ရင်ဘတ်တွေ
စူးအောင့် လွန်းလှတယ်။

အားလုံး ကို မေ့ပစ်ဖို့
ကြိုးစားတိုင်း
မေ့လိုက်ရုံနဲ့ ပျောက်မသွားတဲ့
အတိတ်တွေက ငါ့ကို
ထိုးနက် နှိပ်စက် လာ တဲ့အခါ
နင်ရှိရာ အရပ်ကို
အားကိုး တစ်ကြီး မျော်ကြည့်မိ နေတုန်းပဲ။

နင့် မျက်လုံးတွေ ကတော့
တစ်စုံတစ်ယောက် ကို စူးစိုက် ကြည့်ရင်း
နင့် နုတ်ဖျား ကလည်း ငါ့ကို
မသိခဲ့ဘူး ။ မရှိခဲ့ဘူးရယ်လို့ ရွတ်ဆိုကောင်း
ရွတ်ဆိုနေပါ လိမ့်မယ်။

အားလုံး ကို မသိယောင်ဆောင်ရင်း
လျှောက်လှမ်း နေတဲ့
နင့် ဥပက္ခာ လမ်းတွေ
ငါ့မျက်ရည် ငါ့နာကျင်မှု့ နဲ့
ဖြောင့်ဖြူးသာယာနိုင်ပါစေ။


 https://www.facebook.com/photo.php?fbid=191356784353402&set=a.175837252572022.1073741826.100004372446959&type=1&theater မှကူးယူတင်ပြပါသည်။

Tuesday, June 18, 2013

"လမ်းခွဲ ဆု"



မိန်းမသားမို့
ထိန်းထားတဲ့ ရင်ထဲကစကား
မောင် ကြားမှကြားနိုင်ပါ့မလားရှင်။

ကျမရင်ထဲ
အသဲတွေကွဲလို့
ဝဲခဲ့တဲ့မျက်ရည်
မောင့်ကို မတွေ့စေချင်ပါဘူးလေ။

ချည်နှောင်ခဲ့ သံယောဇဉ်
တစ်မျှင်ချင်းမှာ မောင့်ပုံရိပ်
ကျမ အအိပ်ခက်ခဲ့တယ်မောင်။

လူ့ဘဝလူ့ဘောင်က
ကျမလို မိန်းမသားအတွက်
အခံခက်တဲ့ အလွမ်းပေး
အလှမ်းဝေးရင်းဝေးခဲ့လို့
မောင့်လိုပဲ နွမ်းဆွေးခဲ့ပါတယ်။

ဖြေသာတယ် မထင်နဲ့မောင်
စွေရွာခြယ် မျက်ရည်မိုးက
ညတိုင်းကျတာ မောင်မှမသိပဲ။

ဘဝပေးကံက
အလှမပေးဒဏ်တွေနဲ့
ခဏလေးတောင် မပျော်ပါဘူးမောင်။

မောင်နဲ့ဝေးတဲ့ဘဝ
ကျမကျမှ ဆုံရသလား
မောင်နဲ့မနီးတဲ့ဘဝကို
ကျမကျမှ ဆီးကြိုရသလို
အနုအရွကင်း
သာယာခြင်းမဲ့
မောင်ရယ်...ဖြေရင်းနဲ့
လိမ့်ဆင်းခဲ့တဲ့မျက်ရည်တွေများ
ခမ်းခြောက်သွားတယ် မရှိဘူးမောင်။

ဆုတောင်းမိပါရဲ့
နောင်ဘဝဆိုတာများ ရှိခဲ့ရင်
လမ်းခွဲဆိုတာတွေမဲ့ပြီး
ဆုံစည်းခြင်းတွေဖွဲ့လို့
ဆုံးရှုံးခဲ့တဲ့ အချိန်တွေအစား
ကျမနဲ့မောင် ပေါင်းပါရစေသား....လို့။

မင်းကြည်ညို

Monday, June 17, 2013

နင့်အတွက်................


တစ်ကယ်ချစ်တဲ့ သူတွေဆိုတာ
အပြစ်တွေဘယ်လောက်ရှိရှိ
ခွင့်လွတ်နားလည်ရင်း
အပြစ်တွေကို
ဖုံးထားပေးတတ်ကြတယ်တဲ့
ငါ့အတွက်တော့
ပြောင်းပြန်ကြီးပါပဲ

ကိုယ့်ကိုယ်ကို
ဖြောင့်မတ်ခြင်း ပြယုတ္တလို
အရောင်တက်ဖို့အရေး
ငါက သူ့အတွက်ဆို
ီဗီလိန်ဖြစ်လိုက်
လူလိမ်ဖြစ်လိုက်

အဟုတ်ကြီး ထင်မိတဲ့
နင်ပြောပီး
နင်မေ့သွားတဲ့
ခွင့်လွတ်ခြင်းဆိုတဲ့
စကားလုံးတွေထဲမှာ
ငါ့ဘ၀ လည်း
လင်းလိုက်
မှောင်လိုက်

ငါ့အပြစ်ကို
ဖော်ပြမှ နင်အပြစ်ကင်းသူဖြစ်မယ်ဆို
အပြစ်ရှိသမျှ
ငါ့အပေါ်ကို ပုံချထားပါ။
နင့်အပြစ်တွေကို မေ့ထားပါ။

နင့် ဗျူဟာတွေကို
လေးစားသောအားဖြင့်
ငါ
ပါးစပ်ပိတ် ၊
ခေါင်းညိမ့် နေလိုက်ပါ့မယ်။


 https://www.facebook.com/photo.php?fbid=182082211947526&set=a.175837252572022.1073741826.100004372446959&type=1&theater မှကူးယူတင်ပြပါသည်။

Wednesday, June 12, 2013

ကြိုး



ကြိုးတွေမှာအဓိပ္ပါယ်နှစ်မျိုးရှိတယ်
ခိုင်မြဲအောင်ချည်နှောင်ဖို.ရယ်
မပြေးနိုင်အောင်ချုပ်နှောင်ဖို.ရယ်။

ချုပ်နှောင်တဲ့ကြိုးဟာ
ရွှေနဲ.လုပ်ပြီးကျောက်သံချယ်လည်း
အဓိပ္ပါယ်လျော့မသွားပါဘူး။

ငါးမျှားချိတ်နဲ.ငါးမျှားတံဆက်ပေးတဲ့ကြိုးမှာ
ရက်စက်ခြင်းတွေပါမယ်
ထီးတော်ကိုအပေါ်ပင့်ဆောင်တဲ့ကြိုးမှာ
မြတ်နိုးမှုတွေပါမယ်
ကြိုးတစ်ချောင်းဟာ
တန်ဖိုးတွေကို ၀ှက်ထားတယ်။

မိတ်ဆွေတစ်ယောက်ကပြောတယ်
သူငယ်ချင်းဘ၀မှာချစ်သူလိုချည်တော့
အံ့သြပျော်ရွှင်ခဲ့တယ်တဲ့
ချစ်သူဘ၀မှာအိမ်ထောင့်ရှင်လိုချည်လာတော့
ထိတ်လန်.တွေဝေခဲ့ပါတယ်တဲ့
အိမ်ထောင်ရှင်ဘ၀မှာ
အကျဉ်းသားလိုချည်မှာကြောက်လို.
သူနောက်ဆုတ်ခဲ့ရပါသတဲ့။

ငါ့ကိုဘယ်လိုချည်မှာလဲ
အကြင်နာနဲ.ချည်တဲ့ကြိုးဆိုရင်
ငါတစ်သက်လုံး မရုန်းပဲနေလိုက်တော့မယ်
မချည်ပဲမြဲတဲ့အကြည့်ရှင်လေးကို
လာချည်ဖို.လည်းပြောချင်တယ်
မချည်ဖို.လည်းပြောချင်တယ်
မင်းကြိုးလေးပြပါကလေးရေ……………။ ။

Tuesday, June 11, 2013

ချစ်သူ....ယုံကြည်စေချင်ပါသည်...။

ဂုဏ်ဓန မရှိ သုညအတိ ဖြစ်နေတဲ့
ငါ့ဘ၀ထဲကို ငါမဖိတ်ခေါ်ဘဲ
နင်ရောက်လာခဲ့တယ်
အပြောဆိုး သဘောရိုး
အကျည်းတန် ဂျမ်းတောလေးကို
မင်းက သည်းခံကာ ခွင့်လွှတ်ပြီးချစ်ပေးခဲ့တယ်
သူများတွေလို ပလီပလာတီတီတာတာတွေ
မပြောတတ်သူကို မင်းက တလေးတစား
အလေးထားပြီးချစ်ခဲ့တယ်
ငါ့ဘက်က စိုးရိမ်စိတ်တွေများနေတာလား
မင်းကပဲ လူချစ်လူခင်ပေါတာလား
မင်းအနားမှာ ကောင်မလေးတွေဝိုင်းနေရင်
ငါ့မှာ ဘ၀င်မကျ ရင်နာရတယ်
တစ်ချိန်ချိန်မှာ ငါ့ကိုထားသွားမှာကို စိုးထိတ်မိတယ်
ငါတို့တွေ အပေးအယူမျှမျှချစ်နေတာကို
ဘေးလူတွေကပြောတယ်
သူကနင့်ကို အပျော်တွဲတာပါတဲ့
ဒီစကားက ငါ့နားဝမှာ အစဉ်ခဏခဏကြားရလို့
မကြာခဏ ငါက ဆင်ဆာဖြတ်တယ်
ချစ်သူရေ……..
နင့်ကိုလက်လွှတ်အဆုံးအရှုံးမခံချင်သလို
မသာယာလှတဲ့ င့ါဘ၀ထဲကိုလည်းဆွဲမခေါ်ချင်ဘူး
အမြဲမပျော်ရွှင်နိုင်တဲ့ ငါ့ဘ၀ဆိုးထဲမှာ
မင်းကြာကြာမနေနိုင်မှာလည်းစိုးတယ်
မင်းဘက်ကတော့ အချစ်မလျော့
ခုချိန်ထိငါ့ကိုချစ်နေပေးတာကို
အရမ်းဝမ်းသာမိပါတယ်
တကယ်တော့
ပူလောင်တဲ့ အချစ်တွေကို
ငါကိုယ်တိုင်က ယူဆောင်တာပါ
နင့်ဘက်ကပေးခဲ့တာမဟုတ်ပါဘူး။
မတူညီတဲ့ ဘ၀နှစ်ခုကိုပေါင်းစပ်ချင်ပေမယ့်
ပေါင်းဖက်လို့မရတဲ့အတွက်
ချစ်သူရေ
နင့်ဘက်ကစပြီးငါ့ကိုလမ်းခွဲလိုက်ပါ
အသဲမာလို့ခွဲခွာခိုင်းတာမဟုတ်ပါဘူး
ဒီအသဲညှာက ဖြစ်နိုင်ရင်
တစ်သက်တာလုံး မင်းအနားမှာမခွဲမခွာ
အမြဲလိုရှိနေချင်တာပါ...။
ချစ်သူရယ်…………………..
ဂုဏ်ဒြပ်တူတဲ့ သူနဲ့စုံမက်တာကို
ငါက မကျေမနပ်မဖြစ်ပါဘူး
ပီတိမျက်ရည်တွေနဲ့ အဝေးတစ်နေရာက
ဆွေးမြည့်စွာ ကျေနပ်နေမှာပါ။
မင်းနဲ့ခဏတာဆုံဆည်းခွင့်ရခဲ့တာကို
တစ်သက်တာတွေးပြီးကျေနပ်နေမှာပါ
ချစ်တဲ့ကာလတစ်လျှောက်မှာ
မင်းနဲ့ပတ်သက်ပြီး ဘယ်သောအခါမှ
မကျေနပ်ချက်တွေမရှိခဲ့သလို
အမုန်းတရားတွေလည်း
ငါ့နှလုံးသားမှာမရှိခဲ့ပါ။
ပေးဆပ်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း
ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့အညီ
မင်းကိုအဝေးတစ်နေရာက
ဆွေးမပြေစွာ ချစ်နေဆဲပါဆိုတာ
ချစ်သူယုံကြည်စေချင်ပါတယ်..................

 ** Cinthi ( GTC ) **






ဂုဏ်ဓန မရှိ သုညအတိ ဖြစ်နေတဲ့
ငါ့ဘ၀ထဲကို ငါမဖိတ်ခေါ်ဘဲ
နင်ရောက်လာခဲ့တယ်
အပြောဆိုး သဘောရိုး
အကျည်းတန် ဂျမ်းတောလေးကို
မင်းက သည်းခံကာ ခွင့်လွှတ်ပြီးချစ်ပေးခဲ့တယ်
သူများတွေလို ပလီပလာတီတီတာတာတွေ
မပြောတတ်သူကို မင်းက တလေးတစား
အလေးထားပြီးချစ်ခဲ့တယ်
ငါ့ဘက်က စိုးရိမ်စိတ်တွေများနေတာလား
မင်းကပဲ လူချစ်လူခင်ပေါတာလား
မင်းအနားမှာ ကောင်မလေးတွေဝိုင်းနေရင်
ငါ့မှာ ဘ၀င်မကျ ရင်နာရတယ်
တစ်ချိန်ချိန်မှာ ငါ့ကိုထားသွားမှာကို စိုးထိတ်မိတယ်
ငါတို့တွေ အပေးအယူမျှမျှချစ်နေတာကို
ဘေးလူတွေကပြောတယ်
သူကနင့်ကို အပျော်တွဲတာပါတဲ့
ဒီစကားက ငါ့နားဝမှာ အစဉ်ခဏခဏကြားရလို့
မကြာခဏ ငါက ဆင်ဆာဖြတ်တယ်
ချစ်သူရေ……..
နင့်ကိုလက်လွှတ်အဆုံးအရှုံးမခံချင်သလို
မသာယာလှတဲ့ င့ါဘ၀ထဲကိုလည်းဆွဲမခေါ်ချင်ဘူး
အမြဲမပျော်ရွှင်နိုင်တဲ့ ငါ့ဘ၀ဆိုးထဲမှာ
မင်းကြာကြာမနေနိုင်မှာလည်းစိုးတယ်
မင်းဘက်ကတော့ အချစ်မလျော့
ခုချိန်ထိငါ့ကိုချစ်နေပေးတာကို
အရမ်းဝမ်းသာမိပါတယ်
တကယ်တော့
ပူလောင်တဲ့ အချစ်တွေကို
ငါကိုယ်တိုင်က ယူဆောင်တာပါ
နင့်ဘက်ကပေးခဲ့တာမဟုတ်ပါဘူး။
မတူညီတဲ့ ဘ၀နှစ်ခုကိုပေါင်းစပ်ချင်ပေမယ့်
ပေါင်းဖက်လို့မရတဲ့အတွက်
ချစ်သူရေ
နင့်ဘက်ကစပြီးငါ့ကိုလမ်းခွဲလိုက်ပါ
အသဲမာလို့ခွဲခွာခိုင်းတာမဟုတ်ပါဘူး
ဒီအသဲညှာက ဖြစ်နိုင်ရင်
တစ်သက်တာလုံး မင်းအနားမှာမခွဲမခွာ
အမြဲလိုရှိနေချင်တာပါ...။
ချစ်သူရယ်…………………..
ဂုဏ်ဒြပ်တူတဲ့ သူနဲ့စုံမက်တာကို
ငါက မကျေမနပ်မဖြစ်ပါဘူး
ပီတိမျက်ရည်တွေနဲ့ အဝေးတစ်နေရာက
ဆွေးမြည့်စွာ ကျေနပ်နေမှာပါ။
မင်းနဲ့ခဏတာဆုံဆည်းခွင့်ရခဲ့တာကို
တစ်သက်တာတွေးပြီးကျေနပ်နေမှာပါ
ချစ်တဲ့ကာလတစ်လျှောက်မှာ
မင်းနဲ့ပတ်သက်ပြီး ဘယ်သောအခါမှ
မကျေနပ်ချက်တွေမရှိခဲ့သလို
အမုန်းတရားတွေလည်း
ငါ့နှလုံးသားမှာမရှိခဲ့ပါ။
ပေးဆပ်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း
ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့အညီ
မင်းကိုအဝေးတစ်နေရာက
ဆွေးမပြေစွာ ချစ်နေဆဲပါဆိုတာ
ချစ်သူယုံကြည်စေချင်ပါတယ်..................

** Cinthi ( GTC ) **

Sunday, June 9, 2013

“ခွင့်လွှတ်တယ် မောင်”





ကမ်းအခြေ ရေသောင်စပ်က 
ပြည့်ကျပ်လို့  နုပျိုပျို ခူးလှည့်လို့ ကြို။
ပြာလဲ့ရောင်ခို ညိုညိုလဲ့ပင်ဆင့်။
လောင်းလှေရှင် သူပင်ဆွတ်မယ်လား
ညွတ်မိတစ်ပွင့်။
မြသားတဲ့ ကန်တော်လယ်
လှမ်းမမီ ဟိုဆီဝေးမှာ
ဖွေးနုနုထည်။
ကြာဖူးငယ် ကြွယ်ပါပေ့အလှ။
လှေလောင်းရှင် သူမြင်လာတော့
ပန်းဗေဒါ အိုမခူးချင်ဟု
ကြာဖူးကိုမှ....တဲ့။
လက်လှမ်းမီတော့ မလိုချင်
ဝေးမှာ စံမမှီပန်းကိုမှ
လှမ်းဆွတ်ဖို့ ပြင်။
မိုက်ပါပေ့ အိုလှေရှင်
ထင်မြင်မိသော်လဲ့။
အပြစ်မဆိုသာဘု
လူထုံးဓမမ္မတာမို့ 
ပွင့်ဗေဒါ ပြာရောင်ရင့်ငယ်
ခွင့်လွှတ်တယ်တဲ့။

ငွေတာရီ
၁၉၅၀ ပြည့်နှစ်

 https://www.facebook.com/photo.php?fbid=505049396232641&set=a.115349675202617.18155.100001827559272&type=1&theater မှကြိုက်လို့ ရှယ်ခဲ့တာပါ။

Friday, June 7, 2013

ဒီလိုပဲရေးထားတာပါရှင် ကဗျာလေးတစ်ပုဒ်ပါ


ဘ၀တစ်ခုကို
စာနာဖေးကူပါ့မယ်ဆိုတဲ့
စကားလေးနဲ့
ဘ၀တစ်ခုကို စိတ်တိုင်းကျ
နှင်းချေခဲ့လေ သတဲ့လား။

ဘ၀တစ်ခုလုံး ကြွေခါမှ
အခြားတစ်ပါးဆီ ဦးတည်
ထွက်ခွာ သွားသူ
သင်ဟာ ဘီလူးခေါင်းဆောင်းသော
မင်းသား အယောင်အဆောင်သာဖြစ်တယ်။

ဘ၀တစ်ခုလုံး
တွဲလက်တွေ ခိုင်မြဲပါ့မယ်ဆိုတဲ့
စကားလေးနဲ့
အရှက် သိက္ခာတွေကို
စိတ်တိုင်းကျ
အရောင်ဆိုးခဲ့ လေ သတဲ့လား။

အရှက်တရားတွေ
ချနှင်းလို့ ကျေနပ်ခါမှ
အခြားတစ်ပါးအတွက်
သူရဲကောင်းဖြစ်လိုသူဟာ
အပြင်ပန်းလှ၍
အတွင်းပုပ်သည့်
ထုံးဖြူသုတ်သော အုတ်ရိုးဖြစ်တယ်။

ဖောက်ပြန်တတ်သူတို့ရဲ့
သွားရာလမ်းဟာ
ဘယ်သောခါမှ မအေးချမ်းလေဘူး သတဲ့လား။

သစ္စာတရားတွေ
ခိုင်မြဲအောင် တင်းတင်းကျစ်ခဲ့ပီးခါမှ
မခိုင်လုံတဲ့ ဆင်ခြေအမျိုမျိုးတွေနဲ့
ကိုယ်လွတ်ရုန်းတတ်သူရဲ့
သစ္စာတရားဟာ အဆင်းသာရှိ၍
အချင်းမရှိသော ပေါက်ပန်းကဲ့သို့ဖြစ်တယ်။


ကျော့င်းတော်ကြီးထဲက
သူမကို လွမ်းဆွတ်ပြရုံ ချစ်ပြရုံနဲ့
ပစ္စုန်ပန်က အမိုက်မှောင်ကို
ဖုံးကွယ်လို့ရနိုင် လေ သတဲ့လား။

ဒီနေ့နဲ့ဆို ၂၀ ရက်ပေါ့
ဇာတ်လမ်းသစ်ကိုစဖို့
ခိုင်မာတဲ့ ကြိုးတစ်ချောင်းကို
ဓားတုံးတုံးနဲ့ဖြတ်သလိုမျိုး
သံယောဇဉ်ဆိုတာကို
မရမက ဖြစ်တောက်သွားပီးခါမှ
တစ်ပါးသူရှေ့မှာ
အကြင်နာ ယိုစီးနေသူဟာ
လူစကားပြောသော
တိရစ္ဆန်သာ ဖြစ်တယ်။

ဂါထာတစ်ပုဒ်ကို ရွတ်ဆိုသကဲ့သို့
မိမိကိုယ်ကို ယောကျာင်္းကောင်းဖြစ်သည်ဟု
ရွတ်ဆိုရင်း ချစ်လှပါသည်ဆိုသော
မိန်းမသားတစ်ဦးအပေါ်
ရှိသမျှအပြစ်များကို
အံ့ မခန်းပုံချကာ နောက်ကျောဓားထိုးတတ်သူဟာ
ကြာကြာဝါးမှ ခါးမှန်းသိသော
တမာခါးခါး သာဖြစ်တယ်။


မက်မောစရာ ပညာ၊ဂုဏ်မရှိပေမယ့်
သနားစရာ သူ့အပြောတွေကြားမှာ
မျက်ကန်းတစ္ဆေမကြောက်သလိုပဲ
ဘ၀အမောတွေကို
စာနာ နားလည်းပေးရင်း
ဘ၀တစ်ခု လူမသိ သူမသိ
ကျိုးပေါက်ခဲ့ တယ်။


ရိုးသားခြင်းကို ကျိုးပေါက်ဖို့
ဘယ်သူ့အပေါ်မှ မချိုးဖောက်ခဲ့ရပါဘူး သတဲ့လား.။
သင်ချိုးဖျက်မှု့ကြောင့် ကျိုးပျက်ရသူအတွက်
တိုင်တည်ရာ နေရာဟာ
ကဗျာ ဖြစ်တယ်။






ဒီလိုပဲရေးထားတာပါရှင်
ကဗျာလေးတစ်ပုဒ်ပါ :)



 https://www.facebook.com/photo.php?fbid=192025957619818&set=at.175837252572022.1073741826.100004372446959.100001861638792&type=1&theater  မှကြိုက်လို့ ယူခဲ့ပါသည်။

ပျော်ရွှင်စွာနေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်

ပျော်ရွှင်စွာနေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်

တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမို ပျော်ရွှင်နေတတ်ကြတာဟာ အောက်ပါ အကြောင်းတွေကြောင့်ပါ။

၁။ အကောင်းမြင်တတ်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ်လာတာကို လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ်ကြပါတယ်။ အဆိုးမြင်ဝါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခုမှားရင် အကုန်လုံး မှားမှာပဲလို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ်ကြပါတယ်။

၂။ အကောင်းဘက်က  ဖြစ်ပေါ်လာရင် ရေးမှတ်ထားတတ်ကြပါတယ် 
ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ်ကြပါတယ်။ ချီးကျူးရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ်ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာ နေတတ်သူတွေဟာ ချီးကျူးရမယ့် အကြောင်းအရာတွေကိုသာ ကြားမြင်တတ်ကြပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထားမိရင် သင့်ဆီ အကောင်းတွေချည်းပဲ ရောက်လာမှာလို့ ပိုမြင်မိတတ်ကြပါတယ်။

၃။  ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ လွယ်လွယ်ကူကူပဲ ခွင့်လွှတ်တတ်ကြပါတယ်။ လူတွေကို ခွင့်မလွတ်နိုင်တာဟာ အဲ့ဒီသူ သေဆုံးဖို့အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ်သင် အဆိပ်မိထားသလို ခံစားရတတ်ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ်သင် မေတ္တာပို့ပါ။ ပြီးရင် သင်ချစ်တဲ့သူ၊ သင်နဲ့ သိကျွမ်းဖူးသူ၊ သင်ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာပို့ပါ။ ဥပမာအားဖြင့် (ခွင့်လွှတ်ရမယ့်သူ နာမည် ထည့်ပါ) ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်းပါစေ။ ကြင်နာတတ်ပါစေ အစရှိသဖြင့် မေတ္တာပို့ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင်သွားပါလိမ့်မယ်။

၎။ မိမိဝါသနာပါရာ အလုပ်ကို လုပ်တတ်ကြပါတယ် 
ပျော်ရွှင်စွာ နေတတ်သူတွေဟာ ငွေ  ဒါမှမဟုတ် ဂုဏ်ကို အဓိကမထားဘဲ သူတို့ ဝါသနာပါရာ အလုပ်ကို   လုပ်တတ်ကြပါတယ်။        

Ref: Good Health by:ဒေါက်တာခင်မိုးမို


တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမို ပျော်ရွှင်နေတတ်ကြတာဟာ အောက်ပါ အကြောင်းတွေကြောင့်ပါ။

၁။ အကောင်းမြင်တတ်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ်လာတာကို လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ်ကြပါတယ်။ အဆိုးမြင်ဝါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခုမှားရင် အကုန်လုံး မှားမှာပဲလို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ်ကြပါတယ်။

၂။ အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ်ထားတတ်ကြပါတယ်
ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ်ကြပါတယ်။ ချီးကျူးရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ်ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာ နေတတ်သူတွေဟာ ချီးကျူးရမယ့် အကြောင်းအရာတွေကိုသာ ကြားမြင်တတ်ကြပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထားမိရင် သင့်ဆီ အကောင်းတွေချည်းပဲ ရောက်လာမှာလို့ ပိုမြင်မိတတ်ကြပါတယ်။

၃။ ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ လွယ်လွယ်ကူကူပဲ ခွင့်လွှတ်တတ်ကြပါတယ်။ လူတွေကို ခွင့်မလွတ်နိုင်တာဟာ အဲ့ဒီသူ သေဆုံးဖို့အထိ မျှော်လင့်နေတာကြောင့် သင့်ကိုယ်သင် အဆိပ်မိထားသလို ခံစားရတတ်ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ်သင် မေတ္တာပို့ပါ။ ပြီးရင် သင်ချစ်တဲ့သူ၊ သင်နဲ့ သိကျွမ်းဖူးသူ၊ သင်ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာပို့ပါ။ ဥပမာအားဖြင့် (ခွင့်လွှတ်ရမယ့်သူ နာမည် ထည့်ပါ) ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်းပါစေ။ ကြင်နာတတ်ပါစေ အစရှိသဖြင့် မေတ္တာပို့ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင်သွားပါလိမ့်မယ်။

၎။ မိမိဝါသနာပါရာ အလုပ်ကို လုပ်တတ်ကြပါတယ်
ပျော်ရွှင်စွာ နေတတ်သူတွေဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိကမထားဘဲ သူတို့ ဝါသနာပါရာ အလုပ်ကို လုပ်တတ်ကြပါတယ်။

Ref: Good Health by:ဒေါက်တာခင်မိုးမို