Tuesday, October 29, 2013

ကိုယ့်ချစ်သူ

ဖြိုက်ဖြိုက်ရွာသွန်းချ ၊ မိုးလေချမ်းအေးမြချိန်

စိတ်ကူးအတွေး ၊ ချစ်သူဘေးဝယ်

တစ်ချိန်ကိုယ့်ပခုံးထက် ၊ ကြင်နာသူခေါင်းလေးအုံးလို့


ကြည့်နူးခဲ့စဉ် ထိုအရင်က… သူတို့နှစ်ဦး ချစ်ခဲ့ဖူးသည်။ ။ ..

မိုးကိုမကြောက် ၊ အတူတွဲလျှေက်လို့

ပေတစ်ရာထက်၊ ခြေရာပျက်ပြယ်

မဆုံးသောလမ်း လျှောက်စတမ်းနော်။ ။ …

တုန်ရီချမ်းမြ ၊ ခိုက်လှပါလည်း

နွေးထွေးမှုဓါတ် ၊ ချစ်သူလက်ဝယ်

ရှိသည့်အလား ၊ ချမ်းပါသော်လည်း

မချမ်းဟုထင် ၊ ချစ်စိတ်ပင်လျှင်

စွမ်းသည့်အလား ။ ။ ….

စိတ်ကူးတစ်ပိုင်း ၊ အတိတ်ရိုင်းက

လွင့်စင်ပျယ်ပြောက် ၊ ဘယ်ဆီရောက်လို့

ဘယ်ရင်ခိုနား ၊ ပျော်နေငြားလည်း

ကိုယ့်ချစ်သူ ။ ။….


စိတ္တဇ-သူအောင်

Friday, October 18, 2013

“ဇွဲ”

ငှက်တို့မည်သည်
ကောင်းကင်ဆီဝယ်
ပျံမည်အပြု
အားကိုစု၍
မမှုသူ့ဟန်
မုန်တိုင်းထန်လည်း
ပျံတတ်သည်ကား
သူ့စွမ်းအားလေ
တောင်များကိုဝင့်
အားမာန်ချင့်၏
လေဖြင့်မှီဝဲ
ကောင်းကင်ထဲမို့
မိုးသည်းကိုလည်း
ပျံသည်ဇွဲဖြင့်
တွဲခိုရှိရာ
သိုက်ဂေဟာသို့
ပြန်လာတတ်မြဲ လာတတ်မြဲ။


မြစ်တို့မည်သည်
မည်မျှကွေ့ကောက်
တွန့်မကြောက်ဖြင့်
လျှောက်လျက်သူ့လမ်း
စီး၍လှမ်း၏
ကြမ်းသည်ချောသည်
ငေးမရီပဲ
သွယ်သီပတ်ကာ
ပင်လယ်ပြာသို့
ဝင်လာတတ်မြဲ လာတတ်မြဲ။

ငှက်နှင့်မြစ်မူ
ပမာယူ၍
ထို့တူဘဝ
မနုဿဟု
ရသောခဏ
သည်ကာလ၌
လောကတွေ့ကြုံ
ခက်ခဲစုံကို
သုံမှုန်ငေးလျက်
တွေဝေခက်ဟု
ဖွဲ့ယှက်မယူ
ဇွဲကိုထူကာ
လူချွန်လူကောင်း
ဖြစ်စေကြောင်းရွယ်
ဥာဏခြယ်လျက်
သွယ်သွယ်အောင်ပန်း
ယူငင်မြန်း၍
စခန်းအောင်ရာ အောင်ကြောင်းဖြာ။





မင်းကြည်ညို

Friday, October 4, 2013

“ကိုယ်ပျော်ရွှင်ရယ်မောနေချိန်မှာ”

 “ကိုယ်ပျော်ရွှင်ရယ်မောနေချိန်မှာ”
တစ်ဖက်သားမှာတော့ မျက်ရည်တွေ မကျနေပါစေနဲ့။

ဘဝဆိုတာ တိုတိုလေးပါ။ ကံတရားရဲ့ အလှည့်အပြောင်းဆိုတာ
ဘယ်သူ့ကိုမှ မျက်နှာသာမပေးပါဘူး။
ကိုယ်ဖန်တီးတဲ့ ကံကြမ္မာတွေဟာ ကိုယ့်အတွက် ရိက္ခာတွေပါပဲ။
အဲဒီရိက္ခတွေသည် ကောင်းတဲ့ရိက္ခာတွေပဲ ဖြစ်ပါစေ..။

ကိုယ့်ပျော်ရွှင်မှုဟာ သူတစ်ပါး နှလုံးသွေးနဲ့ခြေဆေးခဲ့ရင်
သင်သည်လည်း နောင်တစ်ချိန်မှာ ဝမ်းနည်းပူဆွေးမှုတွေ
မလွဲမသွေကြုံရမယ်ဆိုတာ မမေ့ပါနဲ့။
သူတစ်ပါးဘဝကို ချနင်းပြီးမှ ကိုယ့်ဘဝအဆင်ပြေမယ်ဆိုရင်
အဲဒီဘဝကို စွန့်လွတ်လိုက်ပါ။

(ဌေးသာမဏေကျော်ဆရာတော်)


လူဖြစ်ရခြင်း၏ရည်ရွယ်ချက်
 

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို မသိသော ပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ်ခံစားဖို့အတွက်အသုံးချ၍ အပါယ်လေးပါးသို့သွားသည်။ လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို သိသောပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့သွားသည်။ ☆°★°∴°°∴.·★°∴°. ·★ 
ယခုခါမူ၊ လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊ ဟောကြားမည့်သူ၊ လူလည်းမရှား၊ သို့ပါလျက်သားနှင့်မူ ... တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊ အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊ အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်...။

Wednesday, October 2, 2013

ဘဝလက်တွဲဖေါ်

တကယ်ချစ်တဲ့သူက ကိုယ့်နဲ့အဆက်သွယ်ခဏလေးမရတာနဲ့
ဖုန်းတွေဆက်ပြီး "ဘာတွေလုပ်နေလဲ"လို့စိတ်တွေပူပြီးမေးပါလိမ့်မယ်...

တကယ်ချစ်တဲ့လူက ကိုယ်အားငယ်နေတဲ့အချိန်ဖြစ်ဖြစ်အခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့အခါဖြစ်ပါစေ  နံဘေးကနေပြီးအတူတကွရင်ဆိုင်ဖြေရှင်းပေးဖို့ကြိုးစားပါလိမ့်မယ်...

တကယ်ချစ်တဲ့လူက အချိန်မှန်အိပ်ဖို့ကျန်းမာရေးဂရုစိုက်ဖို့အမြဲပြောနေလိမ်မယ်
 နေမကောင်းဖြစ်ချင်နေတယ်လို့ပြောမိရင်"ဖြစ်ပြီမဟုတ်လားပြောစကားနားမထောင်ဘူး"လို့
ကလေးတစ်ယောက်လိုဆူပြီးဆေးတိုက်ပါလိမ့်မယ်...

တကယ်ချစ်တဲ့လူက မာနလေးတွေကိုမေ့နေတတ်ပြီး နားလည်မှုလေးတွေနဲ့
ကိုယ့်အနားမှာရပ်တည်ပေးနေပါလိမ့်မယ်...

တကယ်ချစ်တဲ့လူက ဘယ်လိုမျိုးလိုအပ်ချက်တွေရှိရှိ ကိုယ့်ရဲ့အားနည်းချက်တွေကိုသိရဲ့သားနဲ့
တစ်ယောက်တည်းကိုပဲဘဝလက်တွဲအဖော်ဖြစ်ရွေးချယ်ပါလိမ့်မယ်...





Phoe Phyu
Like · · · 26 minutes ago

Tuesday, October 1, 2013

မင်းမေ့လျော့နေသလား

ငါ အရာအားလုံး ခွင့်လွှတ်နိုင်ဖို့ ကြိုးစားနေချိန်မှာ
မင်းက ထပ်ထပ်ပြီးဒဏ်ရာတွေမပေးပါနဲ့
ငါခံနိုင်ရည် မရှိတော့လို့ပါ
ခွင့်လွှတ်ခြင်းနဲ့ နားလည်ခြင်းကို ကန်ထရိုက်ဆွဲဖို့ဆိုတာ
သံမဏိ နှလုံးသားပိုင်ဆိုင်ထားမှလေ
မင်းရဲ့ချစ်သူ ငါပိုင်ဆိုင်ထားတာက
လူသားတိုင်းမှာရှိတဲ့ နူးညံ့တဲ့ နှလုံးသားတစ်စုံဆိုတာ
မင်းမေ့လျော့နေသလား ချစ်သူရယ်.....................

~~ချယ်မှုန်း~~

အချစ်=နားလည်မှု ( < --- Credit )

ခြံခုန်တတ်တဲ့ ......

 
စိတ်တူကိုယ်တူလွမ်းခဲ့ကြတာပါကွယ
ယောင်ယမ်းပြီး မက်ခဲ့တဲ့ အိပ်မက်တွေဟာလည်း
ညစဉ်ရက်ဆက်ကို ခြောက်ခြားလို့ 
မဖောက်ပြားတတ်တဲ့ သစ္စာမီးအိမ်ကို ထွန်းအညှိမှာပဲ
ခြံခုန်တတ်တဲ့ အချစ်လေစိမ်းကြောင့်
တစ်ဘဝစာငြိမ်းသွားရရှာတယ်။

ဆုဂျေ

တကယ်မချစ်ပဲနဲ့ 

လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့ သ၀န်တိုတဲ့
စိတ်ဆိုတာ ခံစားပေးဖို့ မလွယ်ဘူး........

လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့  သူအပေါ်
အကြိမ်ကြိမ် နားလည်ပေးနေဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး....

လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့  သူ့ အတွက်ဆိုပီး
အမြဲတမ်း သတိတရနဲ့ ရှိနေမိမှာမဟုတ်ဘူး..............

လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့  သူ ပေးတဲ့ နာကျင်မှုတွေကို
ဘယ်လိုမှ အချိန်ကြာကြာ ခံစားပေးနိုင်မှာ မဟုတ်ဘူး.........

လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့  ကိုယ့်မာနဆိုတာကို မေ့ပီး
အရှုံးပေးဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...........

ဒီလိုပါပဲ...လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့ တော့ နာကျင်မှုတွေကို
မြိုသိပ်ပီး သူ့ အနားရှိနေခွင့်ကို မျှော်လင့်နေမိမှာတော့ မဟုတ်ပါဘူး....




♠ Khin Myo Aye ♠
( Poem )
လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့ သ၀န်တိုတဲ့
စိတ်ဆိုတာ ခံစားပေးဖို့ မလွယ်ဘူး........

လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့  သူအပေါ်
အကြိမ်ကြိမ် နားလည်ပေးနေဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး....

လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့ သူ့ အတွက်ဆိုပီး
အမြဲတမ်း သတိတရနဲ့ ရှိနေမိမှာမဟုတ်ဘူး..............

လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့  သူ ပေးတဲ့ နာကျင်မှုတွေကို
ဘယ်လိုမှ အချိန်ကြာကြာ ခံစားပေးနိုင်မှာ မဟုတ်ဘူး.........

လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့  ကိုယ့်မာနဆိုတာကို မေ့ပီး
အရှုံးပေးဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...........

ဒီလိုပါပဲ...လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့ တော့ နာကျင်မှုတွေကို
မြိုသိပ်ပီး သူ့ အနားရှိနေခွင့်ကို မျှော်လင့်နေမိမှာတော့ မဟုတ်ပါဘူး....




♠ Khin Myo Aye ♠
( @[353448904727768:274:Poem] )