Saturday, May 31, 2014

ပေါ့ချင်ရင်လျော့ပါ





တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ် စိတ်မှာ
သိပ်လေးလာတယ်ထင်ရင်တော့စွန့်လွှတ်လိုက်ပါ။ ခံစားချက်ကိုလျော့ချလိုက်ပါ။ ပေါ့သွားပါလိမ့်မယ်။

အမှန်တော့ လေးတယ်ဆိုတာတွယ်ထားလိုပါပဲ။
တွယ်တယ်ဆိုတာကလည်းလိုက်ပြီးခံစားနေလို့ပါ။
ခံစားချက်အတွယ်ဆိုတာကဘာပဲတွယ်တွယ်အတွယ်များရင်လေးလာပြီးပူလောင်လာတဲ့သဘောရှိပါတယ်။

အတွယ်ဆိုတာ သံယောဇဉ်ပဲ ဖြစ်တဲ့အတွက် သံယောဇဉ်ရဲ့  သဘောက တပ်မက်မှုစိတ်တွေကြောင့်
အစကတော့ သာယာကြည်နူးစရာလို့ထင်ရပေမယ့် တွယ်တာမှု များလာတာနဲ့အမျှ သာယာမှုကနေ
ပူလောင်မှု၊ စိုးရိမ်မှု၊ သောကဖြစ်မှုတွေဘက်ကို ပြောင်းသွားစေတတ်ပြန်ပါတယ်။

နောက်တော့ အဲဒီအတွယ်ကြောင့်ပဲစိတ်အစဉ် လေးလံထိုင်းမှိုင်းမှုတွေဖြစ်စေကာ ဆင်းရဲဒုက္ခရောက်ကြရတော့တာပဲ ဖြစ်ပါတယ်။

ဒီတော့ကား ကိုယ့်ကိုကိုယ် ဆင်ခြင်ကြည့်။အတွယ်တွေရှိလို့ စိတ်သောကတွေဖြစ်၊
စိတ်ခံစားမှုတွေများ၊ စိတ်အစဉ်လေးလံထိုင်းမှိုင်းမှုတွေအားကောင်းလာတာတွေပိုပိုများများလာပြီလို့ သိလာရင်အဲဒါတွေကို စွန့်လွှတ်နိုင်အောင်ကြိုးစားကြည့်ဖို့ပါပဲ။ တွယ်တာမှုကိုလျော့ချနိုင်အောင်ကြိုးစားလိုက်ဖို့ပါပဲ။

သေချာတာကတော့ စွန့်လွှတ်နိုင်တဲ့သူဟာပေါ့ပါးသွားတယ်ဆိုတာပါပဲ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Thursday, May 29, 2014

Thai ရောက်သူငယ်ချင်း မသိသေးသူများအတွက်


“ဖုန်းကိုင်သော သူများအတွက် သိထားသင့်သောအကြောင်းရာလေးများ”
ဖုန်းကိုင်ထားသော ကိုကို ၊ မမ များ သိထားသင့်သော အကြောင်းအရာလေးများ မိုဘိုင်းဖုန်း တစ်လုံး ၏ လျှို့ဝှက်ချက် ငါးခု
လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေတဲ့လူ
အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarmနဲ့ Game အစ
ရှိတာ...တွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်
ပြပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့
ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။မိုဘိုင်းဖုန်းတွေရဲ့
ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုအလျောက်
ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။
(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်းဘက်ထရီအားနည်းလာပြီဆို ရင်*3370# ကို
နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာဘက်ထရီထက်ဝက်အား
ပြန်ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်းဘက်ထရီအားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေး
ပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ဒီနည်းဟာ လူအများစုအတွက်
အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကားအသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊
အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေတာကိုတွေ့ရမှာပါ။အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက်အသွယ်ရရင်
အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါးပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်း
ကိုတော့ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်းဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်
ပါတယ်။
(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့အကြောင်းတစ်ခုခု
ကြောင့်ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။
ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါတယ်...........။
အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်မှာပါ..............။
ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ် ခိုင်းနိုင်ပါ
တယ်။
တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ် ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာ
ဖြစ်လို့မိမိဖုန်းထဲကဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့Nokia ဖုန်း
အသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့IMEI (International
Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
LCD Display ကို ပိုပြီး ရှင်းလင်းပြတ် သားစွာ မြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ
အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue
tooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *#2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန်
ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့အကြောင်းအ ရာနဲ့ ဖုန်း lifetime
ကိုသိရှိလိုရင်တော့ *#92702689# ကို ရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များ ကို ချေဖျက် ချင်ပါက
*# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့*#737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset
lockလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defultcode 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာ
ဖြစ်ပါတယ်
မိုဘိုင်းလ် ဖုန်းတစ်လုံးအားကျွန်းကျင်စွာကိုင်တွယ်နိုင်ပါစေ
K Thi Aung
သတင်းလေးများဆုံဆည်းရာ မှကူးယူဖော်ပြပါသည်။
--------------------------------------------------------------------------
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

Monday, May 26, 2014

* လှပသောဘဝအတွက်ဘယ်လိုလူကို စွန့်ခွာရမှာလဲ *


* ကိုယ်ကျင့်တရားသစ္စာမစောင့်စည်း 
တာဝန်မသိတတ်တာဝန်မယူတတ်သော 
သူနှင့်ဘဝတစ်ခုကိုတည်ဆောက်မယ်
လို့ရည်ရွယ်ထားသောသူသည်
ဘယ်လိုမှလှပခိုင်ခံ့သောဘဝဂေဟာကို
ရရှိနိုင်မည်မဟုတ်ပါ ။

* အနှစ်မရှိသော
ပိုးထိုးနေသော ခိုင်ခံ့မှုမရှိသော
သစ်တွေဝါးတွေနဲ့ဆောက်ထားတဲ့
အိမ်ဟာ အိမ်တော့အိမ်ဖြစ်နေမယ့်
ရေရှည်စိတ်ချလုံခြုံရသောအိမ်ကောင်း
တစ်လုံးဖြစ်မလာနိုင်သလိုပါပဲ ။
* ဒါကြောင့်
လှပခိုင်ခံ့ရေရှည်တည်တံ့နိုင်မယ့်
အိမ်ကောင်းတစ်လုံးကိုပိုင်ဆိုင်ချင်ရင်
အနှစ်မရှိသောသစ်ဝါးတွေနှင့်အိမ်ကို
မဆောက်ပါနဲ့ ။
ဒီလိုပဲ တူနှစ်ကိုယ်လှပခိုင်ခံ့သာယာ
သောဘဝတစ်ခုကိုတည်ဆောက်လိုသော
သူသည်လည်း ကိုယ့်ကျင့်တရားမဲ့သော
တာဝန်သိစိတ်တာဝန်ယူစိတ်မရှိသော
သစ္စာမရှိသောသူတို့ကို သတ္တိရှိရှိစွန့်ခွာ
လိုက်ပါ ။
မေတ္တာဖြင့်
အရှင်ဇနက

Saturday, May 17, 2014

စိမ်းရက်သူ




အကြင်နာပန်းခင်းလမ်းခင်းပေးထားခဲ့တာတောင်
ရှောင်တိမ်းပစ်ခွါမေ့ရင်ဝကိုအထိနာအောင်
စိမ်းရက်လေသူမောင်

ဘယ်အငြိုးကြောင့်အချစ်ရယ်ပျက်ပြယ်ထိရှလွယ်တဲ
မေ့အသဲကိုမောင်မလို့ဥပေက္ခါပြုရက်တယ်

ချစ်ခဲ့စဉ်က တစ်သက်တာပါဆိုတဲ့မောင့်စကား
အခုတော့အိမ်မက်မြူခိုးမျှသာမရေရာချင်းတွေနဲ့ မေ့ကိုလွင့်ထူခဲ့တဲ့
မောင့်အချစ်အခုတော့မုသားဆိုတာမေသိလိုက်ရပါပြီမောင်

နူတ်ခမ်းပါးရဲ့မောင့်စကားကိုအယုံလွယ်တဲ့ကျမ
အခုတော့နေသားမကျတော့ဘူးမောင
မညို့ပဲရွာချလိုက်တဲ့မိုးလုမေ့ပါးပြင်မှာမျက်ရည်မိုးတေ
အဆက်မပြက်တော့ဘူးမောင်

ရက်စက်မှု့ကိုများသရဖူဆောင်းထားသလားမောင်
မောင့်မာယာကျော့ကွင်းမှာဘယ်နှစ်ယောက်တောင်လှည့်စားခံထားရပြီလဲ
မောင့်အချစ်ကကျမအတွက်ရလိုက်တာကအရှုံးတော့မဟုတ်ပါဘူးမောင်
သင်ခန်းစာနဲ့နောင်တပါအရာအားလုံးအတွက်ကျေးဇူးပါမောင် ။ ။

။မှတ်ချက် သူငယ်ချင်းမလေးအတွက်မရေးသဖူးအရေးထူးတဲ့မိန်းကလေးကဗျာ
ဖတ်ရတာအဆင်မပြေရင်ခွင့်လွတ်ကြဖို့တစ်ခါထဲတောင်းပန်ပရစေဗျာ

အားလုံးကိုခင်မင်လေးစားလျက်

လူဇော်

Monday, May 12, 2014

ကွန်ပြူတာ ( Laptops ) တွေ အတွက်

ကွန်ပြူတာ ( Laptops ) တွေ အတွက် အထူးထိ ရောက်ပါတယ်
==========================================================
လက်တွေ့လုပ်ကြည့်ပြီး မှ တင်ပေးလိုက်တာပါ ။
=====================================================

( ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ် )

နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက်ရပါတယ်။ တစ်ချို့ကလည်း သိပြီးသား ဖြစ်ပါလိမ့်မယ် ကွန်ပျူတာ ဟန်းနေရင် အတော်လေး အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။

(၁) Window + R ကို တွဲပြီး နှိပ်ပါ။

(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၄) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၅) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ်ပတ်မှာ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါက စက် ဟန်းခြင်းကို သက်သာပါလိမ့်မယ်။

ပြန်တင်ပေးဖို့ တောင်းဆိုနေသူတွေ ရှိလို့ ပြန်လည် မျှဝေ ခြင်း ပါ ။

( မေတ္တာဖြင့် , David,,,,)

Saturday, May 10, 2014

သင်သိ. ငါသိ. အားလုံးသိ


@...သစ္စာ...@


သ စ္စာ မေ တ္တာ ဂ ရု ဏာ ဝေ လို့
မင်း ကို ယု ယ တမ်း တ မိ တယ်
ဟိုး ဝေး ဝေး က ချစ် သူ ရေ

သ စ္စာ မ သွေ မင်း နဲ့ ဝေး လဲ
ချစ် မြဲ ချစ် မယ် မ မုန်း ဘူး ကွယ်
ဖြူ စင် မေ တ္တာ အ စဉ် ပေး မယ်

သ စ္စာ မ ယိုင် မြဲ နေ ပါ့ မယ်
ဝေး ဝေး သွား လဲ လွမ်း နေ ဦး မယ်
ချစ် နေ ပါ့ မယ်
နေ နိုင် ရက် တဲ့ ချစ် သူ ရေ

သ စ္စာ တ ရား ခိုင် ပါ့ မယ် လို့
က တိ စ ကား ယုံ ပေး ပါ လား
ကြင် နာ သူ ရေ ခေါင်း ညိတ် လေ

ဘာ ပဲ ဖြစ် ဖြစ်
ဘယ် တွေ ရောက် ရောက်
မင်း ကို အ ချစ် မေ တ္တာ တွေ ရယ်
ဘယ် ခါ မ လျော့ သ စ္စာ ပြု တယ်

သ စ္စာ သ စ္စာ တိုင် တည် တယ်

*စနိုး*
9thApr14(1:20pm)