Saturday, February 28, 2015

သွေးရွှဲနှင်းဆီ‬

#‎သွေးရွှဲနှင်းဆီ‬
နှင်းဆီအငုံ တုန်တုန်လေးရဲ့
ပွင်ဖတ်နုနုလေးတွေဟာ
နှုတ်ခမ်းသားတွေ လှိုင်းထန်လို့
စုတ်ပန်းဝတ်ရည် တစီစီ။
သန်းခေါင်မှာ ညှင်းတဲ့ယိုးဒယား
စောင်းခတ်အောက်ပြန် ဒုံးကြိုးတင်း
''ဗေလုဝ''ရဲ့ လက်ရုန်းတန်းဟာ
မင်းထင်သလောက် မကောက်ဘူး
မင်းဘုန်းပေါက်မှာ ပဲတင်အထပ်ထပ်
''လေ ပြေ ဆော် သွင်းမြူး''တဲ့။
ငါ့အနမ်းဟာ
ဓားသွေးကျောက် ဖြစ်တယ်။
ပွတ်တိုက်။ ထက်မြ။ ပါးလှပ်။
ချောမွေ့သော တိမ်တစ်စု
နုနေတဲ့ဆူးဟာ အရှိန်တော့
နည်းနည်းပြင်း။
ငြင်းကြည့်ချင် ငြင်းနိုင်တယ်။
မွှေးဖို့ ဖို့ပဲ အရေးပါ။
အညှော်ခံတယ် ဆိုချင်လည်း ဆိုပါတော့။
ကြွေဖို့ သင့်ရှိနေပြီဆို ခူးမယ်။
ဘာပဲပြောပြော ဝတ်ရည်ဆိုတာ
ပျား ပိတုန်းအစာ။
ဂနိုင်ပါ ဆိုမှတော့ မှောင်မှာပေါ့။
သဘာဝအတိုင်း အရိုင်းတောအုပ်
ရဲရဲသာ ပွင့်လိုက်ပါ။
မှော်ဝင်နေတဲ့ ညတိုင်းမှာ
ချိုမြိန်မြိန် အဆိပ်သက်
သည်နှင်းဆီဟာ…
ပျော့ညံ့ညံ့ လိပ်ပြာတို့ရဲ့ သင်္ချိုင်းရာ။
ဝိညာဉ်တွေ လျောပြေးတလွှားလွှား
စုန်းမီးတဖြတ်ဖြတ် တောက်စား
သွေးစုတ်ချင်နေသော ဖိတ်စာ အထပ်လိုက်
တောကြီးတစ္ဆေ တွယ်ဖက်တက်
ခဏတော့မွန်းတယ်
ခံတွင်းလိုက်တဲ့ နှင်းဆီရေ……။
Ba G Oap Soe
 https://www.facebook.com/photo.php?fbid=727191427393440&set=a.469279463184639.1073741831.100003077692861&type=1&theater

Thursday, February 26, 2015

ချစ်သူသိလေ


ချစ်သူသိလေ
++++++++
ပန်းပွင့်ရှိမှ၊ ရနံ့ ရတာ
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ ဆွတ်စေ၏၊ ချစ်သူသိလေ ...
မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ ...
အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ ...
ချစ်သူသိလေ ...
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ ...
မောင်စိန်ဝင်း (ပုတီးကုန်း)

Wednesday, February 25, 2015

အ ခြေ အ နေ အ ရ


အ ခြေ အ နေ အ ရ
-----------------
အ ရှုံး ဆို တာ
အ နိုင် မ ရ ခြင်း လို့
ပုံ သေ ယူ ဆ မ ထား သူ ပါ
ခံ စစ် လုံ တိုင်း လည်း
ထိုး စစ် မ ပုံ နိုင် ဘူး လေ..
အ မာ ရွတ် တွေ သာ
ထပ် ထပ် တိုး လာ မယ့်
အ ချိန် ကုန် ခြင်း မျိုး အ တွက်
ကိုယ့် ဇက် ကြိုး ကိုယ် ဖြတ် ထွက် ခဲ့ လိုက် တယ်
တစ် ခါ တစ် ရံ မှာ
ထွက် ပြေး တတ် မှ အ နိုင် ရ တတ် တာ မ ဟုတ် လား...။

အခရာ
21,2,2015

Monday, February 23, 2015

ရင့်ကျက်သူဖြစ်ဖို့


 (၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါမေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။
.
(၂) လမ်းလျှောက်ချိန် ကိုယ်ကို တည့်တည့်မတ်မတ် ထားပါ။စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့ လူတွေ ကို နှုတ် မဆက် ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။
..
(၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။
..
(၄) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တ ကုဆေးဆိုတာ မရှိကြောင်းကိုယ့်ကိုယ်ကိုယ် သတိပေးပါ။
.
(၅) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့် ကြိုးစားပြီး လုပ်ပါ။
.
(၆) ကိုယ့်ကိုယ် "သေးသေးလေး"(နှိမ့်ချ)လို့ လက်ခံပြီး မျက်စိထဲမှာတော့"လောက အကြီးကြီး"ကို ထည့်သွင်း ထားပါ။
.
(၇) လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ကိုလွတ်လပ်ခွင့်ပေး၊သွားခွင့်ပေးပါ။ တကယ်လို့ သင့်ကိုသူ တကယ် ချစ်ရင်သင့်ဆီသူပြန်လာလိမ့်မယ်။
.
(၈) ကိုယ့်ကိုယ်ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။ အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြဘူး။
.
(၉) ရမ်းသမ်းပြီး ဒေါသမထွက်နဲ့။ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ဘူး။
.
(၁ဝ) မလိမ်ညာပါနဲ့။ အမှန်တရားဆိုတာ တစ်နေ့မှာ ပေါ်စမြဲပါ။
.
(၁၁) ဘယ်တစ်ဦးတစ်ယောက်ကိုမှ အထင်မသေးနဲ့။
.
(၁၂) အတိတ်ကို သင်မမေ့ချင်လဲရတယ်။ ဒါပေမဲ့ လက်လွတ်တတ်ရမယ်။
.
(၁၃) သင်ကိုယ်သင် တွေးထင်သလောက်သင်ဘယ်တော့မှ အရေးမပါနိုင်ဘူး။
.
(၁၄) ငွေကြေးနဲ့ ဖြေရှင်းလို့ရသမျှ ပြဿနာကို ပြဿနာလို့မခေါ်ဘူး။
.
(၁၅) "ချစ်တယ်" ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တကယ့်စိတ်ရင်းနဲ့ပြောပါ။"ဆောရီး"ဆိုတဲ့စကားကိုဘယ်အချိန်မှာပြောပြော၊ဘယ်နေရာမှာပြောပြော ပြောပြီ ဆိုရင်တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။
.
(၁၆) အပြင်ပုံပန်းသဏ္ဍာန်နဲ့ ဘယ်တော့မှ တစ်ဘက်သားကို မဆုံးဖြတ်နဲ့။ ပြောစရာ ရှိတာ ကို ဖြေးဖြေးပြော ပါ။တွေးစရာရှိတာကို မြန်မြန်တွေးပါ။
.
(၁၇) ကိုယ့်ကိုယ်အားလပ်ချိန်လေးပေးပြီး တစ်ယောက်ထဲ ထီးထီးနေကြည့်ပါ။
.
(၁၈) ကိုယ့်ပစ္စည်းမဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲနှစ်သက်နှစ်သက် လက်လွတ်တတ်ဖို့ နားလည်ပါ။
.
(၁၉) ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလိုလမ်းထက်ဝက်တင် လက်လျော့လိုက် တဲ့ အောင်မြင်ခြင်း ဆိုတာလည်း မရှိဘူး။
.
(၂၀) လူသုံးယောက်ရှိရင် တစ်ယောက်က ကိုယ့်ထက်တော်သူဖြစ်တယ်။ ကိုယ့်ထက်ညံ့သူ မရှိဘူး။ "ငါ ကြိုးစားကြည့်ပြီးပြီးလား"လို့ ကိုယ့်ကိုယ်မေးကြည့်ပါ။
..
ဒီအချက်တွေကို လုပ်နိုင်ရင် သင် ရင့်ကျက်နေပါပြီ...
.
Photo . . . Golden Triangle

Sai Aung Thet Htun

Saturday, February 21, 2015

ကြိုးမဲ့ တံခွန်


**" ကြိုးမဲ့ တံခွန် "**
တောင်ပံ အစုံကို ဖြန့်လို့
အဝေးဆုံးးးသို့ ပျံသန်းနိုင်တဲ့
ငှက်ငယ်တစ်ကောင်ရဲ့ ဘဝမျိုးးးး
မြတ်နိုးး လိုချင်ခဲ့သော်ငြားးးး……

လေနှင်ရာ လွှင့်… အလိုက်သင့် မြောပါ…
ဝေးးကွာရာ အရပ်…
ဟန်ဆောင်ကာ ပျံတတ်ပါသည့်……
"လေတံခွန်"ဘဝ… ဖြစ်ခဲ့ရသည့် တိုင်…။
"ရစ်ဘီးလုံးး"တို့ နှင့် အဝေး…
အနှောင်ဖွဲ့ မဲ့… ပြေးလွှားးးး…
ကြိုးးးဖြတ်ထားးးပေးးး ……
စွန်ကလေးးး တစ်ကောင်လို ……။
ပကာသန ကြိုး… သဘာဝ ကြိုးးး…
ဘာမှ တိုးးး၍… ချည်ရန် မလို…
ကံကြမ္မာ ပြိုစေ… ငိုမနေ တတ်……
ကြိုးးးပြတ် "လေတံခွန်" ဘဝမှာ……။
ထာဝရ "နွေဦးမေ"

Thursday, February 19, 2015

ပျော်ချင်ရင် လုပ်ကြည့်သင့်တဲ့အချက်လေးများ

ပျော်ချင်ရင် လုပ်ကြည့်သင့်တဲ့အချက်လေးများ
★★★★★★★★★★★★★★★★★★★★
(၁) အိပ်ရာကနေ ပုံမှန်ထက် ၃၀မိနစ်စောပြီးထပါ။ လေကောင်းလေ သန့်ရှုရှိုက်ပါ။ဒါကသိပ်အကျိုးထိရောက်မှာမဟုတ်ဘူးလို့သင်ထင်ကောင်း
ထင်နို်င်ပါတယ်။ဒါပေမယ့်တကယ်တော့ ဒီအချက်ကအများကြီးကို အကျိုးရှိပါတယ်။ သင်စောစောထခြင်းဖြင့် အလောတကြီး ဘယ်အရာကိုမှလုပ်စရာမလိုတော့ပါဘူး။ အလောတကြီးမလုပ်တဲ့အတွက် မေ့ကျန်ခြင်း၊ခလုတ်တိုက်ခြင်း စတဲ့စိတ်အနှောက်အယှက်ဖြစ်စရာတွေမတွေ့နိုင်တော့ပါဘူး။ အကျိုးဆက်ကတော့ သင်တစ်နေ့လုံး အလုပ်လုပ်လို့ကောင်းနေမှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ မနက်ခင်းတစ်ခုက နေ့တစ်နေ့ရဲ့ပြည့်စုံခြင်းကို ဖန်တီးနိုင်ပါတယ်။
.
(၂) မနက်မိုးလင်းလို့ မျက်လုံးဖွင့်ပြီးတာနဲ့ ဒီနေ့ဟာ သင့်အတွက်ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်လာလိမ့်မယ် လို့သင့်ကိုယ်သင်ပြောပါ။နည်းနည်းတော့ရူးကြောင်ကြောင်
နိုင်တယ်လို့သင်ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမယ့် ဒီအချက်
ကလည်း သင့်ရဲ့နေ့သစ်တစ်ရက်အတွက် အရမ်းအရေးကြီးပါတယ်။
.
(၃) အိပ်ရာကနိုးတာနဲ့ သင့်ရည်မှန်းချက်အကြောင်းစဉ်းစားပါ။ သင့်ရည်မှန်းချက်နဲ့ခြေတစ်လှမ်းနီးအောင်ပိုကြိုးစားမယ်လို့
ဆုံးဖြတ်ပြီး နေ့သစ်တစ်နေ့ကို စတင်လိုက်ပါ။
.
(၄) နေ့တစ်နေ့မှာလုပ်ဖို့ရှိတဲ့အရာတွေကိုစနစ်တကျစီစဉ်ပါ။ လုပ်ဖို့ရှိတဲ့အရာတွေကို စာအုပ်လေးတစ်အုပ်နဲ့ရေးထားတာဟာ အတော်ကိုကောင်းမွန်တဲ့အကျင့်ပါ။ သင့်ရဲ့တစ်နေ့တာလုပ်ငန်းတွေ
ကိုလည်း အစီအစဉ်တကျမှတ်မိနေစေပါတယ်။
.
(၅) မနက်စာစားပါ။ မနက်စာဟာ နေ့တစ်နေ့ရဲ့အစပြုခြင်းမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ သင့်ရဲ့စွမ်းအင်ကိုပြည့်ဝစေပါတယ်။ မနက်စာစားခြင်း
အားဖြင့်အလုပ်မှာ ဗိုက်ဆာပြီး အာရုံစူးစိုက်မှု မရနိုင်တာမျိုး မဖြစ်နိုင်တော့ပါဘူး။
.
(၆) အိမ်ကမထွက်ခင်မှန်တစ်ခါကြည့်ပြီး “ကြည့်လို့်ကောင်းလိုက်တဲ့ငါပါလား”လို့ပြောပါ။ နည်းနည်းတော့
ရူးကြောင်ကြောင်နိုင်တယ်လို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။
ဒါပေမယ့် သင့်ကိုယ်သင်ယုံကြည်မှုကို မြင့်တက်စေပါတယ်။
.
(၇) တွေ့သမျှလူအကုန်ပြုံးပြပါ။ ဒါကလည်းနည်းနည်းတော့ခက်ခဲပါတယ်။ ဒါပေမယ့် ပြုံးပြတယ်ဆိုတာ အခြားသူကိုလည်းပျော်ရွှင်စေပါတယ်။ အရမ်းကြီးစိမ်းတဲ့သူကလွဲလို့ ကျန်တဲ့တွေ့နေမြင်နေကျသူတွေကို ပြုံးပြပါ။
.
(၈) ဘာမှမမျှော်လင့်ပဲနဲ့အနည်းဆုံးလူ(၃)ယောက်ကိုကူညီပါ။ အနည်းဆုံး(၃)ယောက်လောက်ကူညီကြည့်ပါ။ သူများကိုကူညီရတာ ပျော်ဖို့လည်းကောင်းပါတယ်။ ဒါပေမယ့်တစ်ခုခုတော့ပြန်လည်မမျှော်လင့်ပါနဲ့။
.
(၉) အနည်းဆုံး(၃)ယောက်လောက်ကို ရိုးရိုးသားသားချီးကျူးပါ။ သင့်အလုပ် မှာပဲဖြစ်ဖြစ်၊ကျောင်းမှာပဲဖြစ်ဖြစ် သူငယ်ချင်းတစ်ယောက်ကို “နင်ဒီနေ့အရမ်းကိုကြည့်ကောင်းနေပါလား” စသဖြင့် ချီးကျူးလို့ရပါတယ်။
ဒါပေမယ့် ရိုးသားစွာချီးကျူးပါ။
.
(၁၀) သင်လုပ်နေတဲ့အရာတစ်ခုပဲအာရုံစိုက်ပါ။
တစ်ချို့တွေက အလုပ်(၂)ခု၊ (၃)ခုကို တစ်ပြိုင်တည်းလုပ်လေ့ရှိပါတယ်။ တစ်ခါတစ်လေစိတ်ဖိစီးမှုများတဲ့ အပြင်အမှားလည်းများတတ်ပါတယ်။ သင့်လုပ်နေတဲ့အရာတစ်ခုပဲ အပြည့်အ၀အာရုံစူးစိုက်သင့်ပါတယ်။
.
(၁၁) အလုပ်ရယ်၊မိသားစုရယ်၊သင့်အတွက်ရယ် အချိန်ကိုခွဲခြားထားပါ။
အလုပ်အတွက်ကြီးပဲ အာရုံမစိုက်ပါနဲ့။ သင့်အတွက်ကိုယ်ပိုင် အချိန်လည်းထားပါ။ မိသားစုအတွက် အချိန်လည်းထားပါ။
.
(၁၂) သီချင်းနားထောင်ပါ။ စာအုပ်ဖတ်ပါ။ သီချင်းနားထောင်ရတာ
ဝါသနာမပါသေးရင်လည်း စမ်းပြီးနားထောင်ကြည့်ပါ။ ဂီတဆိုတာ လူသားအားလုံးနားလည်တဲ့ ဘာသာစကားတစ်မျိုးပါ။
ဂီတကိုအကြောင်းပြုပြီး မိတ်ဆွေတွေလည်းပွားများလာနိုင်တယ်။ စာအုပ်ဖတ်ခြင်းဖြင့်လည်း ဗဟုသုတများပြီး ပျော်ရွှင်နိုင်ပါတယ်။
.
(၁၃) ဒီနေ့ဘာအမှားလုပ်ခဲ့လဲ သင့်ကိုယ်သင်ပြန်မေးပါ။
အမှားကိုပြန်စဉ်းစားပါ။ ဒါပေမယ့်အကြာကြီးမစဉ်းစားပါနဲ့။ နောက်တစ်ခါ မမှားအောင်လုပ်ဖို့ပဲ စဉ်းစားပါ။ နောက်တစ်ခါဘယ်လိုမှန် အောင်လုပ်မလဲ စဉ်းစားပါ။
.
(၁၄)သင်ချစ်သောသူတွေအတွက်အချိန်ပေးပါ။သင်ချစ်တဲ့
သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့အတူ ပျော်သင့်တဲ့ အချိန်မှာပျော်ပါ။
.
(၁၅) စိတ်ကြည်နူးစရာအဖြစ်အပျက်တွေကိုပြန်တွေးပါ။
တစ်နေ့လုံးဖြစ်ပျက်ခဲ့သမျှထဲက စိတ်ကြည်နူးစရာအဖြစ်အပျက်တွေကို ပြန်တွေးပါ။ နောက်နေ့အတွက် မစိုးရိမ်ပါနဲ့။ ထိုစိတ်ချမ်းသာမှုတွေနဲ့အိပ်စက်ပါ။
.
.
The Express Times

Wednesday, February 18, 2015

မောင်မသိပေမယ့်လည်း


ရေဒီယိုမှာ လာနေတဲ့သီချင်းက
" မောင့်ကို ချစ်ဖို့ မွေးဖွားလာပါတယ် " 
ငိုချင်ရက်ကို လက်မတို့ပါနဲ့ ရေဒီယိုရယ်
မောင့်ကို ချစ်ဖို့ မွေးဖွားလာတာ
ဆိုပေမယ့်
ကျွန်မကမောင့်ကို လွမ်းဖို့
မွေးဖွာလာတယ်ဆိုရင်
ပိုမှန်ပါလိမ့်မယ်...

မောင်ပျော်နေတာ မြင်ဖို့
ကျွန်မအလွမ်းတွေကို
ပိုက်ထွေးထားပါတယ်...
ထို့ကြောင့်
မောင်မသိပေမယ့်လည်း
လွမ်းတယ်...
မေ မောင်ဖတ်ဖို့

Sunday, February 15, 2015

good bye february


good bye february
ချောကလက်တွေပို့တဲ့လ ပန်းစည်းတွေပို့တဲ့လ အရုပ်ကလေးတွေပို့တဲ့လ
ချစ်သူနှစ်ဦးရဲ့ပန်းနုရောင်ချစ်ခြင်းတွေအပြိုင်အဆိုင် ဖွင့်ပြကြတဲ့လ

ပြတင်းပေါက်ကနေ ငေးတော့ ဖြတ်ပျံသွားတဲ့ငှက်ကလေးက
နွေးနွေးထွေးထွေး ပြုံးပြသွားတယ် မေ့နိုင်အောင်ကြိုးစားလိုက်ပါ တဲ့
ဖုန်းခေါ်နေတဲ့ကိုယ့်စိတ်ဟာ ကစဉ့်ကလျား
အဲ့ဒီညမှာပဲ ဖေဖော်ဝါရီဟာ သေဆုးံသွားခဲ့တယ်
မျှော်လင့်ချက်နဲ့ရူးခဲ့တာ ဆိုတေးသီချင်းထဲကလို တစ်ညလုးံဖုန်းပြောဖို့
ကိုယ်စနှိပ်လိုက်တဲ့ အချိန်ကနေ မနက်မိုးလင်းအရုဏ်လာတဲ့ထိ
လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ မအားသေးပါရှင်
ဘယ်လိုအခြေနေမျိုးလည်း ပန်းတွေဟာ စကားပြောကြတယ် တရေးလောက်အိပ်လိုက်ပါဦးလား
အသာအယာခါရမ်းလိုက်တဲ့ခေါင်းမှာ ဘာအသိဥာဏ်မှမပါတော့ဘူး
စိတ်တွေအကုန်ပြိုလဲ အချစ်ဟာ မာနနဲ့ဘောင်ခတ်ဝန်းရံထားသရွေ့
ကျမ ဘယ်တော့မှသူ့ကိုမေးမှာမဟုတ်တဲ့စကားတစ်ခွန်းဟာ ကျမကိုချစ်လားလို့
ချစ်ခြင်းနဲ့မုန်းခြင်း ပြိုင်တူခံစားရတဲ့ ဝေဒနာဟာ တစ်ချက်တစ်ချက် အသက်ရှုဖို့ခဲယဉ်းတယ်
နှစ်ယောက်အတူ သွားခဲ့ဘူးတဲ့နေရာတွေကိုရောက်ရင် အဲ့ဒီနေရာတွေကမေးကြတယ် လွမ်းသလား တဲ့
မလွမ်းတော့ပါဘူးကွယ် ကိုယ့်အတွက်မဟုတ်ခဲ့တဲ့ဖေဖော်ဝါရီကို
တစ်ခြားသူအတွက်ပေးလိုက်ကတည်းက မလွမ်းတော့ပါဘူးလေ
တချက်တချက်မှ ပေါ်လာတတ်တဲ့ နာကြင်ခြင်းကတော့ ချစ်ခြင်းကြောင့်ဖြစ်ပြီး
ဘယ်တော့မှမဆုံချင်တော့တဲ့အရာကတော့ မုန်းခြင်းကြောင့်ဖြစ်တယ်
ကျမဘဝမှာ သူပေးခဲ့တဲ့ဗယ်လင်တိုင်းလက်ဆောင်ကတော့
ဖေဖော်ဝါရီကိုနှုတ်ဆက်ရခြင်းပါပဲ

ခင်ဦး

Monday, February 9, 2015

တစ်ညလုံးအိပ်မရတဲ့ အတွေး


တစ်ညလုံးအိပ်မရတဲ့ အတွေးတွေဟာ
နံနက်လင်းလာတိုင်း မျှော်လင့်ချက်တစ်ခု ဖြစ်ဖြစ်လာခဲ့တယ်။
[၁]
မကြာခင် ကျကွဲတော့မယ့် ကောင်းကင်ကြီးကို မော့ကြည့်ရင်း
တိုးတိုးတိတ်တိတ်ဆုတောင်းလိုက်တယ်။
မရွာပါနဲ့ မိုးးးးးးရယ် လို့
[၂ ]
ထီးမဆောင်းဘဲ အပြင်သွားတတ်တဲ့
လူတစ်ယောက်ကို အမှတ်ရပါတယ်။
အမြဲတမ်းစိုနေတဲ့ မိုးတွေဟာ ကိုယ်မဟုတ် ဘူး လို့ လည်း
ခဏ ခဏ သတိပေးရတယ်။
[၃]
ဖုန်းရင်းတုန်းသံဟာ နားစည်ကို လာရိုက်ခတ်တယ်
ဘယ်တော့မှ ဘယ်သောအခါမှ မကြားရတော့ဘူး ထင်တဲ့သီချင်းလေးဟာ
ကိုယ့်ရဲ့ အတိတ်ကို လှုပ်နှိုး ပုတ်ခတ် နာနာကျင်ကျင်ပြုံးမိတယ်။
[၄]
နွေလိုပူတဲ့ နွေထက်ပူတဲ့ ချစ်ခြင်းတွေပါကွယ်
ကိုယ်တို့နှစ်ယောက်လုံး လောင်ကျွမ်းခဲ့ကြရဲ့ မဟုတ်လား။
[၅]
လိမ်ပါကွယ် ကိုယ်တို့ဟာ တစ်ယောက်ကိုတစ်ယောက်မချစ်ခဲ့ကြဘူး
နောက်ထပ် လိမ်ပါဦးကွယ်
ကိုယ်တို့ဟာတစ်ယောက်ကို တစ်ယောက်
ဘယ်တော့မှ သတိမရကြတော့ဘူး။
[၆]
ဘယ်လိုနေလည်းလို့ မသိချင်ဘူး မသိချင်ပါဘူး
ကိုယ်မရှိတဲ့ တခြားနေရာမှာ နွေးထွေးစွာ အဆင်ပြေမယ် လို့
[၇]
မလာနဲ့တော့ကွယ် အိမ်မက်တွေသာ ဖမ်းကြစို့
[၈]
တစ်ယောက်မရှိတဲ့ အရပ်မှာ တစ်ယောက် ရှင်သန်ရင်း
လည်ပင်းနားက သွေးခုန်နှုန်းလေးကို အမှတ်ရကြမယ်
[၉]
ပန်းပါကွယ် ပန်းစစ်စစ်ပါ
ပွင့်ဖို့ထက်ပိုပြီး သဘာဝက ခွင့်မပြုခဲ့ဘူး
[၁၀]
နေမကောင်းဘူး လို့ ပေါ်လာတဲ့ စာလေးတစ်ကြောင်းကို ဖတ်ရင်း
တိတ်တိတ်လေး မျက်ရည်ကျတယ်

အမြဲတမ်းစိုနေတဲ့ မိုးတွေဟာ ကိုယ်မဟုတ်ဘူး ကိုယ်မဟုတ်ဘူး
မောင်ရဲ့
ခင်ဦး

Thursday, February 5, 2015

*** " သစ္စာ " ***


*** " သစ္စာ " ***
သစ္စာ တဲ့ ……
စကားလေးနှစ်လုံးတည်း မှန်ပေမယ့်
ပြောဖို့ မတန်က……
သွေးးးအန်… သေတတ်တယ်……။

သစ္စာ အကြောင်းးး
စားလုံးပေါင်းတတ်ရုံ အရေခြုံခဲ့
တန်ဘိုးမဲ့လှ ငိုပြပါနဲ့……
သံပုရာ စားထားးး…
ဘီလူးး အလားးနှယ်……။
သစ္စာ စကားး
နှုတ်ဖျားမှ ဆို… ထိုင်ငို ပူဆွေးးးး
အပေး အယူ မတူခြားးနားး…
အတ္တ များလှ လူ့ဗာလ ရယ်……။
သစ္စာ လိုမှ
မေတ္တာလှစ်ပြ……
အနှစ်မပါ အကာသက်သက်
ဇောက်မနက်သူ အန္ဓလူသားးး…
သနားတယ်……။
သစ္စာ တန်ဘိုးး
ရိုးရိုးလေးးးနဲ့ မွန်မြတ်……
မတန်လျှင် မလှမ်းအပ်ဘူးးး…
သူရူးး အသွင်ပေါက်လေတဲ့ သူ……
မင်းလည်း မင်းလမ်းဆီကို လျှောက်……
ငါလည်း… ငါ့လမ်း တည်ဖို့ ဖေါက်……
လွမ်းလောက်စရာ မလို……
ပန်းခင်းလမ်းက ကြိုနေတယ် ။ ။
ထာဝရ "နွေဦးမေ"