လူတွေအကြောင်းသိချင်ရင် အတူတူခရီးသွားကြည့်ပါတဲ့။ တစ်ချို့ဆို
ခရီးသွားစရာတောင်မှမလိုဘဲ တစ်ကြိမ်တစ်ခါ ဆက်ဆံကြည့်လိုက်ရုံ နဲ့
သဘောထားကို တီးခေါက်မိလိုက်သလို တစ်ချို့ကတော့
အပေါ်ယံသကာလောင်းထားတဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကြောင့်
အချိန်ကြာမြင့် စွာပြောဆို ဆက်ဆံကြည့်ပါမှ သဘောထားတွေဘယ်လိုရှိသလဲဆိုတာကို
စစ်ကြောမိတတ်ကြပါတယ် ။
လူအများစု ရဲ့စိတ်ထဲမှာ လူတစ်ယောက်ဟာ ကိုယ်ရဲ့ရန်သူ ဆိုခဲ့ရင်... သူကဘယ်လို တိုက်ကွက်တွေ လာရင် ဘယ်လိုလက်တုံ့ပြန်ရမလဲ ၊
ဘယ်လိုနည်းဗျူဟာတွေသုံးပြီးကာကွယ်ရမလဲ
ဆိုပြီးအမြဲတမ်းဂရုပြုပြီး အသင့်အနေ အထားမှာ ရှိနေတတ်ကြတယ်။
သူနဲ့ပတ်သတ်ဆက်နွယ် ရမှာကြောက်ကြ တယ်။ ဝေးဝေးကရှောင်ကြတယ်ပေါ့ ။
အမှန်က " ရန်သူ "ထက် " ဟန်ဆောင်ချစ်သူ" က မှပိုပြီးကြောက်စရာကောင်း တာပါ ။
ကိုယ့်ရဲ့ ရန်သူက ဘယ်အချိန်မှာ ဘာတွေမကောင်းကြံတော့မယ်ဆိုတာ
မှန်းဆလို့ရတတ်ပေမယ့်ပျားသကာလိုအချိုစကားလေးတွေ ချည်းပြောပြီး
ချစ်ဟန်ဆောင်နေတဲ့ ဟန်ဆောင်ချစ်သူ ရဲ့အတွင်းစိတ်ကို
မှန်းဆဖို့ရန်ခက်ခဲလှတာကြောင့် ( တစ်ခါတစ်လေ ယုံကြည်မှုတွေလွန်ကဲသွားတာ ၊
ခင်မင်ရင်းနှီးမှုတွေလွန်ကဲသွားတာ ၊ ချစ်တဲ့စိတ်တွေလွန်ကဲသွားတာ
တွေကြောင့်လည်းဖြစ်နိုင်ပါတယ် ...)
ဘယ်အချိန်မှာဘယ်လိုကာကွယ်ရမယ်ဆိုတာကြိုတင်ပြင်ဆင်မထားမိတတ်ကြ ပြန်ဘူး ။
အဲဒီတော့ နောက်ကျောကိုဓားနဲ့ထိုးကာမှ သိခွင့်ရတော့တာလေ ။
ဒါကြောင့် မို့လည်း ဘယ်နေရာမှာမဆို လိုအပ်တာထက်ပိုလာပြီဆိုရင်
အရာအားလုံးဟာ"အဆိပ်" ဖြစ်တတ်တယ်လို့ဘုရားဟောရှိခဲ့တာနေမှာ.... ။
***သူငယ်ချင်းများအားလုံးပဲ မိမိကိုယ်တိုင်
သူတစ်ပါးအပေါ်တွင်ဟန်ဆောင်ချစ်သူ အဖြစ် မှရှောင်ရှားနိုင်ပြီးလျှင်
မိတ်ဆွေအတုအယောင်များနှင့်တွေ့ဆုံခြင်းမှကင်းဝေးနိုင်ကြပါစေရှင် ။***
(ဟိုတစ်လောက ရေးဖြစ်ခဲ့တဲ့အတွေးလေးကို ဒီနေ့အတွက် post
နဲ့တိုင်ဆိုင်နေလို့ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ )
မေတ္တာဖြင့်
လင်းလက်ကြယ်ရဲ့အတွေးသံစဉ်
( ၃၁့၁၂့၂၀၁၃)
https://www.facebook.com/photo.php?fbid=268482619972379&set=a.147270688760240.34870.147204942100148&type=1&theater မှကူးယူပါသည်။