Sunday, March 9, 2014
“ဟိရီ ဩတ္တပ္ပ”
“ဟိရီ ဩတ္တပ္ပ”
••••••••••••••••
“ဟိရီ” ဆိုတာ ရှက်တာ၊ စက်ဆုပ်တာ။
“ဩတ္တပ္ပ”ဆိုတာ ကြောက်လန့်တာ။
ရှက်တယ် စက်ဆုပ်တယ်ဆိုတာ
ဘာကို ပြောတာတုန်းဆိုရင်
မဟုတ်တာ လုပ်ရမှာ ရှက်တယ်။
လိမ်ပြောရမှ ရှက်တယ်။
မကောင်းတာ လုပ်ရမှာ ရှက်တယ်။
လူ ရှိရှိ, မရှိရှိ ရှက်တဲ့လူက ရှက်တာပဲ။
ဟိရီ ဆိုတာ “ကိုယ့်ကိုယ်ကို” ရှက်တာ။
ကိုယ့်သိက္ခာကို လုံအောင် ထိန်းတယ်။
မဟုတ်တာ လုပ်ရမှာ သိပ်ရှက်တယ်။
မတော်တဆ လိမ်မိပြီးရင်
“ဪ- ငါ လိမ်ထားတာပါလား”လို့ ရှက်လို့ မဆုံးဘူး။
“ဟိရီ မရှိတဲ့ပုဂ္ဂိုလ်”ကတော့ ရှက်ကို မရှက်ဘူးလေ။
မျက်နှာပြောင် တိုက်တယ်။
အဲဒါကျတော့ “အဟိရိက” လို့ ခေါ်တယ်။
www.facebook.com/youngbuddhistassociation.mm
ဒါကြောင့် ဟိရီဆိုတာ ရှက်တာ။
ရှက်တယ်ဆိုတာ ကိုယ့်ကိုယ်ရဲ့
ဂုဏ်သိက္ခာကို ထိန်းတာလို့ ပြောတာနော်။
ငါလို လူက “မဟုတ်တာ မလုပ်ဘူး”ဆိုပြီး
ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းတယ်။
ကိုယ့် အရည်အသွေးကို ကိုယ် အားကိုးတယ်။
“ဩတ္တပ္ပ”ဆိုတာ မကောင်းတာလုပ်ဖို့ဟာအတွက်
လန့်တယ်၊ ကြောက်တယ်၊
သူ့ကျတော့ ဘာကို တွေးပြီး စိတ်ထိန်းတာတုန်းဆိုတော့
ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊
ကိုယ့်ရဲ့ ပတ်ဝန်းကျင်က သိမှာ သူကြောက်တယ်၊
ကိုယ့်ရဲ့ ပတ်ဝန်းကျင်ရှေ့မှာ မျက်နှာ မပြရဲမှာ ကြောက်တယ်။
“ငါ ဒါတွေ လုပ်လို့ရှိရင် ငါ့အမေ ထိခိုက်မယ်။
အဖေကို ထိခိုက်တယ်။
ငါ့အမျိုးတွေ ထိခိုက်မယ်။
ငါ့ပတ်ဝန်းကျင် ထိခိုက်မယ်” ပေါ့။
သူက ဒီလို စဉ်းစားတာ။
www.facebook.com/youngbuddhistassociation.mm
♦ “ဟိရီ” ကတော့ ဒီလို မဟုတ်ဘူး၊
“အို ငါ့အရည်အချင်းတွေ ထိခိုက်လိမ့်မယ်၊
ငါလို လူတော်လူကောင်းတစ်ယောက်
ဖြစ်ရဲ့သားနဲ့ အကုသိုလ်တွေလုပ်ရင်
ငါ့ဂုဏ်ကို ထိခိုက်လိမ့်မယ်” လို့ တွေးတယ်၊
♦ဩတ္တပ္ပ ကတော့
“ငါ့ပတ်ဝန်းကျင် ထိခိုက်လိမ့်မယ်” လို့ တွေးတယ်၊
အဲဒီလို ဟိရီနဲ့ ဩတ္တပ္ပဟာ
အတွေးချင်းသာ ကွာတယ်၊
“အကုသိုလ်”က ရှောင်တာချင်းကျတော့ အတူတူပဲ။
ဟိရီ နဲ့ ဩတ္တပ္ပဟာ သိပ် အရေးကြီးတယ်။
www.facebook.com/youngbuddhistassociation.mm
“လောကပါလတရား”
••••••••••••••••
မြတ်စွာဘုရားက လောကပါလတရား လို့
ဒီတရား ၂-ပါးကို ဟောတယ်။
ဟိရီဩတ္တပ္ပက လူ့လောကကြီးကို
ထိန်းသိမ်းစောင့်ရှောက် ပေးထားတာတဲ့။
လူ့လောကမှာ ဟိရီ၊ ဩတ္တပ္ပ မရှိတော့ဘူးဆိုရင်
လူ့လောကကြီးဟာ တိရစ္ဆာန်လောကကြီးနဲ့
ရောထွေးသွားမယ်တဲ့၊
လူတွေက တိရစ္ဆာန်ထက် အဆင့်အတန်းမြင့်နေတာ
ဟိရီ ဩတ္တပ္ပကြောင့်လို့ ပြောတာ။
လူတွေဟာ နေရာတိုင်းမှာ အဆင့်မြင့်တယ်ချည်း မထင်နဲ့နော်။
●ငါးနဲ့ ရေပြိုင်ကူးရင် ဘယ်သူရှုံးမယ် ထင်တုန်း။
လူတွေ ရှုံးတယ်။
●ငှက်နဲ့ ကောင်းကင်ပျံ ပြိုင်မယ်ဆိုရင် လူ နိုင်ပါ့မလား။
လူတွေ အများကြီး ရှုံးတယ်၊
●ဆင်တွေနဲ့ ပြိုင်ပြီးတော့ အားစမ်းကြမယ်ဆိုရင်
ဘယ်သူ ရှုံးမလဲ၊ လူပဲ ရှုံးမှာပဲ။
ဆင်လောက်လည်း အားမကောင်းဘူးနော်။
တိရစ္ဆာန်တွေလောက်လည်း အပြေးမသန်ဘူး။
ငါးတွေလောက်လည်း ရေမကူးနိုင်ဘူး။
ဘယ်ပြိုင်ကူးနိုင်မလဲ။
လူချင်းသာ ပြိုင်လို့ရတာ။
www.facebook.com/youngbuddhistassociation.mm
အခြား စွမ်းရည်သတ္တိတွေ ကြည့်လိုက်မယ်
ဆိုလို့ရှိရင် လူရဲ့ အမြင်ကလည်း
●လင်းယုန်ငှက်ရဲ့ မျက်လုံးလောက် မစူးရှဘူး။
လင်းယုန်ဆိုတာ ဟိုးအမြင့်ကြီးက
ကြည့်လို့ရှိရင် မြက်ကလေးတွေကြားမှာ
မြွေသွားနေတာတို့၊
ကြွက်ကလေးတွေ သွားနေတာတို့ မြင်ရတယ်။
သူ့မျက်လုံးက လူ့မျက်လုံးထက်သာတယ်၊
အဲဒီတော့ ဒီပြင် အတိုင်းအတာတွေအရဆိုရင်
သူတို့က ပိုသာတယ်။
●အနံ့ခံဆိုရင် လူ့ရဲ့နှာခေါင်းက
“ပုရွက်ဆိတ်”နှာခေါင်းလောက်တောင်
အဆင်မပြေဘူးနော်။သူတို့က အကုန်သိတယ်။
ဘာပဲထားထား ရောက်လာပြီ၊
အဲဒီတော့ စွမ်းရည်သတ္တိချင်း ပြိုင်ကြမယ်ဟေ့၊
သာမန်သတ္တိ ပြိုင်မယ်ဆိုရင် လူက
တိရစ္ဆာန်တွေကို ရှုံးနေတာ အများကြီးပဲ၊
စဉ်းစားကြည့်။
အဲဒီတော့ လူက သူတို့ထက် သာတာတစ်ခုက
ဘာတုန်း ဆိုလို့ရှိရင် “အသိဉာဏ်”ပဲ။
အသိဉာဏ်ရှိသည့်အတွက်ကြောင့်
တိရစ္ဆာန်တွေ အားလုံးအပေါ်မှာ လွှမ်းတက်သွားတယ်။
လောကီလို ပြောရင်တော့ brain ပေါ့။
ဦးနှောက်သာတာ။
အဲဒီထက် နောက်တစ်ခု တော်တာက
အဲဒီ “ဟိရီ ၊ ဩတ္တပ္ပ”
ဟိရီ, ဩတ္တပ္ပ ရှိသည့်အတွက်ကြောင့်
လူဟာ ဂုဏ်သိက္ခာ အပြည့်ရှိတယ်။
ဟိရီ, ဩတ္တပ္ပ မရှိရင်
“ဂုဏ်သိက္ခာမဲ့တဲ့ပုဂ္ဂိုလ်” ဖြစ်သွားမယ်။
ဒါကြောင့်မို့ မြတ်စွာဘုရားက “လောကပါလ”
လူ့လောကကြီးကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ တရားတဲ့။
နောက်ပြီးတော့ “သုက္ကဓမ္မ”- လူတွေရဲ့ ဖြူစင်တဲ့
ကောင်းကျိုးချမ်းသာတွေ ရနေဖို့အတွက်
“ဖြူစင်စေတဲ့ တရား”လို့လည်း ဟောတယ်၊
နောက်တစ်ခုက “ဒေ၀ဓမ္မ”တရား လို့လည်း ဟောတယ်။
【ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ) နှာ ၃၁၅ - ၃၁၈
မှ - ကောက်နှုတ်ပူဇော်ပါသည်။ 】
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
Subscribe to:
Post Comments (Atom)
No comments:
Post a Comment