တစုံတရာလှပဖို့ ၊ တစုံတရာ ခိုင်ခန့်ဖို့ ၊ တစုံတရာ ပြုပြင်ဖို့ ... ရှေးဦးစွာ ငြမ်းဆင်ရပါတယ် ။
သည် ငြမ်းတွေပေါ်နင်း တက် ပြီးမှ ပြုပြင်လို့ ရပါတယ် ။
သံထည် နဲ့ လုပ်ထားတဲ့ ငြမ်း ၊ သစ်သားနဲ့ လုပ်ထားတဲ့ ငြမ်း ၊ ၀ါး နဲ့ လုပ်တဲ့ ငြမ်း ...
ကြာရှည် ခိုင်မြဲမှု ၊ ဘယ်လောက် အမြင့်ထိ ရောက်နိုင်မှု ဆိုတာ တည်ဆောက်တဲ့
ပစ္စည်း အမျိုးအစား ၊ တည်ဆောက်တဲ့ နည်းပညာ ၊ တည်ဆောက်သူရဲ့ ကျွမ်းကျင်မှု တွေ
ပေါ် မူတည်ပါတယ် ။
ဘုရားပြီးငြမ်းဖျက် တဲ့ ...
ဘုရားတည်ရာမှ မဟုတ် အဆောက်အဦ တွေ ဆောက်လဲ ငြမ်းဆင် ဆောက်ရပါတယ် ။
တည်ပြီးတဲ့ ဘုရား ၊ ဆောက်လုပ်တဲ့ အဆောက်အဦ ပြီးရင် ငြမ်းဖျက်ရတာ ဓမ္မတာပါ ။
သည် ဘုရား ၊ သည် အဆောက်အဦ အတွက် သည်ငြမ်းတွေ နဲ့ တည်ဆောက်ခဲ့ပေမယ့် ...
ဆောက်လုပ် ပြီးစီးသွားရင်တော့ ...
သည် ဘုရားရဲ့ သပ္ပါယ်မှု ... သည်အဆောက်အဦ ရဲ့ လှပ ခမ်းနား ထည်ဝါမှု ...
သည်ငြမ်းတွေ ကြောင့် အကွယ်အကာခံ ... မထည်ဝါပြန်ဘူးလေ ။
လူ့လောကမှာလဲ ငြမ်း နဲ့ တူသော လူ တွေ ရှိပါတယ် ။
ကိုယ်တိုင် ငြမ်းလိုလူသား အဖြစ် လိုလိုလားလား နေထိုင်ခဲ့သူ ရှိသလို ...
မလွှဲမရှောင်သာ ငြမ်း ဘ၀ ရောက်ရသူတွေ လည်း ရှိပါတယ် ။
ကိုယ်တိုင်က ငြမ်းဘ၀ လိုလားခဲ့သူတွေက ...
သူတို့ အနင်းခံ အသုံးချခံ တည်ဆောက် ဖြစ်ထွန်းလာမှု တွေ အတွက် ...
ငြမ်း အဖျက်ခံရတာကို လည်း မငြူစူပဲ နားလည် လက်ခံတတ်ပါတယ် ။
မလွှဲမရှောင်သာ ငြမ်းဘ၀ ရောက်ရတဲ့ အဖြစ်တွေမှာလည်း အားမတန် ၊ မာန်လျော့ ကြရတာပါပဲ ။
ဒါကြောင့် ...
ဘုရားပြီး ငြမ်း ဖျက် ... ဆိုတာ ...
လောကမှာ ဖြစ်လေ့ဖြစ်ထ ရှိသော ... လို့သာ နှလုံးသွင်းရမှာပါပဲ ......
( ကျမဖတ်ဖို့ ကျမ ကိုယ်တိုင် ရေးပါသည် )
https://www.facebook.com/photo.php?fbid=657089037659493&set=a.201362119898856.44754.100000752092903&type=1 မှကူးယူဖေါ်ပြပါသည်။