Wednesday, April 2, 2014

ငြမ်း ...




တစုံတရာလှပဖို့ ၊ တစုံတရာ ခိုင်ခန့်ဖို့ ၊ တစုံတရာ ပြုပြင်ဖို့ ... ရှေးဦးစွာ ငြမ်းဆင်ရပါတယ် ။

သည် ငြမ်းတွေပေါ်နင်း တက် ပြီးမှ ပြုပြင်လို့ ရပါတယ် ။

သံထည် နဲ့ လုပ်ထားတဲ့ ငြမ်း ၊ သစ်သားနဲ့ လုပ်ထားတဲ့ ငြမ်း ၊ ၀ါး နဲ့ လုပ်တဲ့ ငြမ်း ...

ကြာရှည် ခိုင်မြဲမှု ၊ ဘယ်လောက် အမြင့်ထိ ရောက်နိုင်မှု ဆိုတာ တည်ဆောက်တဲ့ ပစ္စည်း အမျိုးအစား ၊ တည်ဆောက်တဲ့ နည်းပညာ ၊ တည်ဆောက်သူရဲ့ ကျွမ်းကျင်မှု တွေ ပေါ် မူတည်ပါတယ် ။

ဘုရားပြီးငြမ်းဖျက် တဲ့ ...

ဘုရားတည်ရာမှ မဟုတ် အဆောက်အဦ တွေ ဆောက်လဲ ငြမ်းဆင် ဆောက်ရပါတယ် ။

တည်ပြီးတဲ့ ဘုရား ၊ ဆောက်လုပ်တဲ့ အဆောက်အဦ ပြီးရင် ငြမ်းဖျက်ရတာ ဓမ္မတာပါ ။

သည် ဘုရား ၊ သည် အဆောက်အဦ အတွက် သည်ငြမ်းတွေ နဲ့ တည်ဆောက်ခဲ့ပေမယ့် ...

ဆောက်လုပ် ပြီးစီးသွားရင်တော့ ...

သည် ဘုရားရဲ့ သပ္ပါယ်မှု ... သည်အဆောက်အဦ ရဲ့ လှပ ခမ်းနား ထည်ဝါမှု ...

သည်ငြမ်းတွေ ကြောင့် အကွယ်အကာခံ ... မထည်ဝါပြန်ဘူးလေ ။

လူ့လောကမှာလဲ ငြမ်း နဲ့ တူသော လူ တွေ ရှိပါတယ် ။

ကိုယ်တိုင် ငြမ်းလိုလူသား အဖြစ် လိုလိုလားလား နေထိုင်ခဲ့သူ ရှိသလို ...

မလွှဲမရှောင်သာ ငြမ်း ဘ၀ ရောက်ရသူတွေ လည်း ရှိပါတယ် ။

ကိုယ်တိုင်က ငြမ်းဘ၀ လိုလားခဲ့သူတွေက ...

သူတို့ အနင်းခံ အသုံးချခံ တည်ဆောက် ဖြစ်ထွန်းလာမှု တွေ အတွက် ...

ငြမ်း အဖျက်ခံရတာကို လည်း မငြူစူပဲ နားလည် လက်ခံတတ်ပါတယ် ။

မလွှဲမရှောင်သာ ငြမ်းဘ၀ ရောက်ရတဲ့ အဖြစ်တွေမှာလည်း အားမတန် ၊ မာန်လျော့ ကြရတာပါပဲ ။

ဒါကြောင့် ...

ဘုရားပြီး ငြမ်း ဖျက် ... ဆိုတာ ...

လောကမှာ ဖြစ်လေ့ဖြစ်ထ ရှိသော ... လို့သာ နှလုံးသွင်းရမှာပါပဲ ......

( ကျမဖတ်ဖို့ ကျမ ကိုယ်တိုင် ရေးပါသည် )
 https://www.facebook.com/photo.php?fbid=657089037659493&set=a.201362119898856.44754.100000752092903&type=1  မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment