Friday, November 1, 2013

ပျက်ဆီးခြင်းတရားများ


“ ငွေ ” ကြောင့် အရာအားလုံးနီးပါးကို ဖန်တီးနိုင်သလို အရာအားလုံးနီးပါးကိုလည်း ပျက်ဆီးစေနိုင်တယ် ။ ငွေက မရှိမဖြစ်လိုအပ်သလို မသုံးမတတ်ရင် ပျက်ဆီးခြင်းတရားရဲ့အခြေခံဖြစ်တယ် ။ 

“ ကာမဂုဏ် ” ကြောင့် ပြည်ပျက်ရတဲ့အထိဖြစ်တတ်တယ် ။ ဆင်ခြင်တုံတရားကိုနည်းစေပြီး ရမ္မက်ကိုများစေတယ် ။ အလိုဆန္ဒကိုများစေပြီး ရောင့်ရဲနိုင်မှုကိုနည်းစေတယ် ။ 

“ မာန်မာန ” ကြောင့် ရန်မီးတွေပွားရတတ်တယ် ဘ၀င်လေဟပ်ပြီး အောက်ခြေလွတ်တတ်တယ် နောက်ဆုံး သတိနဲ့အသိကို အမိုက်မှောင်ဖုံးလွှမ်းပြီး အမြင့်ပေါ်ကနေ ပြုတ်ကျတတ်တယ် ။ 

“  ဂုဏ်တုဂုဏ်ပြိုင် ” ကြောင့် မလိုအပ်ပဲ ပင်ပန်းဆင်းရဲရတတ်တယ် ။ မိတ်တွေတွေကနေ ရန်သူတွေဖြစ်သွားနိုင်သလို အစွန်းရောက်တဲ့အတွေးအခေါ်တွေ ၀င်လာတတ်တယ် ။ 

“ မနာလိုဝန်တိုမှု ” ကြောင့် အကောက်ကြံစည်မှုတွေဖြစ်တတ်တယ် ။ လူကို ပျက်ဆီးစေတဲ့အကြောင်းတရားထဲမှာ အဆိုးရွားဆုံးက မနာလိုဝန်တိုမှုပဲ ။ မုဒိတာကို နည်းစေပြီး ပူလောင်မှုကိုသာ တိုးစေတယ် ။ 

သက်တန့်ချို
“ ငွေ ” ကြောင့် အရာအားလုံးနီးပါးကို ဖန်တီးနိုင်သလို အရာအားလုံးနီးပါးကိုလည်း ပျက်ဆီးစေနိုင်တယ် ။ ငွေက မရှိမဖြစ်လိုအပ်သလို မသုံးမတတ်ရင် ပျက်ဆီးခြင်းတရားရဲ့အခြေခံဖြစ်တယ် ။ 
 “ ကာမဂုဏ် ” ကြောင့် ပြည်ပျက်ရတဲ့အထိဖြစ်တတ်တယ် ။ ဆင်ခြင်တုံတရားကိုနည်းစေပြီး ရမ္မက်ကိုများစေတယ် ။ အလိုဆန္ဒကိုများစေပြီး ရောင့်ရဲနိုင်မှုကိုနည်းစေတယ် ။
 “ မာန်မာန ” ကြောင့် ရန်မီးတွေပွားရတတ်တယ် ဘ၀င်လေဟပ်ပြီး အောက်ခြေလွတ်တတ်တယ် နောက်ဆုံး သတိနဲ့အသိကို အမိုက်မှောင်ဖုံးလွှမ်းပြီး အမြင့်ပေါ်ကနေ ပြုတ်ကျတတ်တယ် ။ “ ဂုဏ်တုဂုဏ်ပြိုင် ” ကြောင့် မလိုအပ်ပဲ ပင်ပန်းဆင်းရဲရတတ်တယ် ။ မိတ်တွေတွေကနေ ရန်သူတွေဖြစ်သွားနိုင်သလို အစွန်းရောက်တဲ့အတွေးအခေါ်တွေ ၀င်လာတတ်တယ် ။ “ မနာလိုဝန်တိုမှု ” ကြောင့် အကောက်ကြံစည်မှုတွေဖြစ်တတ်တယ် ။ လူကို ပျက်ဆီးစေတဲ့အကြောင်းတရားထဲမှာ အဆိုးရွားဆုံးက မနာလိုဝန်တိုမှုပဲ ။ မုဒိတာကို နည်းစေပြီး ပူလောင်မှုကိုသာ တိုးစေတယ် ။ 
သက်တန့်ချို

No comments:

Post a Comment