Tuesday, November 12, 2013

ငါလျှောက်တတ်နေပါပြီ

 
လွမ်းနေတယ်ချစ်သူ မင်းမသိနိုင်တဲ့
မြူခိုးတွေရဲ့  နောက်မှာ
ပြိုကျတော့မဲ့ စကားတစုံဟာ
ငါအတွက်တော့ သေမိန့် တခုလိုပါဘဲ..
ခါးသက်လှတဲ့ ဆေးခါးတခွက်ကို
ချိုမြိန်တဲ့ စပျစ်ဝိုင်အသွင်
ငါမျိုခဲ့ရတာပေါ့.
မင်းပြောသမျှ အဟုတ်ထင်လို့ 
အရှုပ်ထွင်ဇါတ်လမ်းတွေကြားထဲ
ငါ့ကအရုပ် တစ်ရုပ်..
မှောင်မဲနေတဲ့ လမ်းပေါ်မှာ
မင်းသင်ထားသမျှနဲ့  အခုတော့ဘယ်သူမရှိဘဲ
မျက်လုံးမှိတ်ပြီး ငါလျှောက်တတ်နေပါပြီ..
( cpy frm အသဲကွဲကဗျာများ)

No comments:

Post a Comment