Tuesday, July 1, 2014

ကျန်ခဲ့လေပြီ


ကျန်ခဲ့လေပြီ....။နေရစ်တော့မလား...မထားရက်လို့ နောက်ပြန်လှည့်ကြည့် ရှေ့ဆက်လျှောက်မယ်..အတူတူလေ...။
မလိုက်ချင်..ငြိုငြင်ရင်းနဲ့ ချန်နေရစ်မလား အတွေးကပွား လက်ကဆွဲပြီးခေါ်ချင်တယ်...။
ဆွဲမယ့်လက်လည်း ရော့တိရော့ရဲ  အားကမရှိ..ကိုယ်တိုင်ကလည်း မပြည့်မစုံ။
ဟိုးအဝေးကြီး...သူကျန်ခဲ့မှာ စိုးမိပါလည်း အတင်းလှမ်းဆွဲ ဒီလက်ကိုပယ်..ဖယ်ချင်တဲ့သူ...
ခေါင်းမာမာနဲ့ ခြေအစုံရပ် မာနမျက်လုံး မုန်းမာန်မဆုံးလည်း ရင်ထဲမှာတော့ မေတ္တာမပျယ်...။
ကျန်ခဲ့လေပြီ...။ထားမသွားရက်လည်း မလိုက်ချင်သူမို့ နေပါစေတော့....။
ဒီကမျက်လုံး ရီဝေနှလုံး ခေါင်းကိုငုံ့ရင်း မချိပြုံးနဲ့ ပြုံးမိတယ်...။
ဟိုးအဝေးကြီးမှာ စိတ်လိုလက်ရ နောက်မှာချန်ရစ်...နေနေရစ်တော့.....နေရစ်ကြတော့ကွယ်...။
(အိမ့်ချမ်းမြေ့)

No comments:

Post a Comment