Wednesday, July 23, 2014

လူကောင်းဖြစ်နည်း


ပြုံးလိုက်ပါ ။မပြုံးချင်ဘဲ ပြုံးနိုင်ခဲ့သူကပိုမိုလှပလာမှာပါ ။
မမုန်းပါနဲ့ ။ကျေးဇူးပြု၍တစုံတရာအပေါ်မုန်းတီးခြင်းအတွေးတွေနဲ့သင့်ရှုံးနိမ့်မယ့် လမ်းစကိုမရွေးပါနဲ့ ။
အမုန်းတရားကို အခြေပြုတဲ့အောင်မြင်ခြင်းထက် ဆန်းစစ် ဖြည့်စွက် ပြင်ဆင်ခြင်းမှရသော
အောင်မြင်မှုကသာ ပိုမို ခိုင်မာတည်မြဲပါလိမ့်မယ် ။
လုပ်သင့်လုပ်ထိုက်တာကိုမလုပ်တဲ့သူများလာရင်ယင်းလူ့အဖွဲ့အစည်းကဆုတ်ယုတ်လာပါတယ် ။
အဲဒီလို မလုပ်လို့ ဆုတ်ပြီးယုတ်လာသူတွေထဲမှာသင်မပါဝင်ပါစေနဲ့ ။
ပညာကြောင့်ဒုက္ခရောက်သူမဖြစ်စေဘဲဒုက္ခတွေထဲမှာလည်းပညာရစေဖို့
သင်ယူဖန်တီးစိတ်ကိုအားပေးကြပါစို့ ။
အမှားများနဲ့ ရင်ဆိုင်ခဲ့ရစဉ်ကအမှန်တရားကိုတောင့်တမိခဲ့မယ်ဆိုရင်
အမှန်တရားနဲ့ရင်ဆိုင်နေရချိန်မှာလည်းလက်ခံကျင့်သုံးနိုင်အောင်ကြိုးစားပါ ။
ကိုး ဘား

No comments:

Post a Comment