Friday, November 7, 2014

မြတ်နိုးရ ကြယ်စင် သို့ လမ်းခွဲ နှုတ်ဆက်ခြင်း


**" မြတ်နိုးရ ကြယ်စင် သို့
လမ်းခွဲ နှုတ်ဆက်ခြင်း "**
ဝမ်းနည်းပါတယ် ချစ်သူ
အကုန်ရလျှင် ရ…
မရလျှင် ဘာမှ မလိုချင်တတ်တဲ့ ငါ့အတွက်
နင် ပေးဆပ်မဲ့ တစ်ဝက်တစ်ခြမ်း အချစ်တို့ မလိုအပ်တော့လို့……
ရောက်တဲ့ အရပ်မှာ ပြတ်စဲ
လမ်းခွဲကြရအောင်……။

နင်ကလည်း နင်
ငါကလည်း ငါ
ကြားလူ မပါတဲ့ ဒီဇာတ်မွဲမှာ…
အရလွယ်လို့ တန်ဘိုးပြယ်ခဲ့ရတဲ့ ချစ်ခြင်းတစ်ခုအတွက်……
အရှုံးအမြတ်မရှိကြေး အရင်းစစ်လျှင်
အပြစ်တင်သင့်တာ… ငါ့ကိုပါ……။
အနှစ်မဲ့ အကာရံ
ပေါ့တန်တဲ့ အချစ်မျိုးးး…
ရင်ပြင်မှာ အရိပ်မိုး မခံပါရစေနဲ့တော့…
နင်ကလည်း နင့်ဘဝလမ်းပေါ်
ငါကလည်း ငါ့ဘဝလမ်းပေါ်
တော်သလို နေ…
ပျော်သလို ဖြေကြတာပေါ့……။
မျှော်လင့်တိုင်းလည်း မမျှ…
ပေးတိုင်းလည်း ပြန်မရတတ်တဲ့ လောကနိယာမ တစ်ချို့ အကြား…
သားကောင်ဖြစ်သွားရတဲ့ ကျောက်ဖြစ်နှလုံးသား တစ်စုံ…
လှုပ်ခုန်နေသေးသရွေ့
ငါ… မေ့မပစ်ပါဘူးးး ချစ်သူ…။
တစ်လမ်းသွား ဘဝမှာ အရှေ့ နဲ့ အနောက်…
ကံဇာတ်ဆရာ အလိုကျ လျှောက်ကြရအောင်……
မိုးကုတ်စက်ဝိုင်းစွန်းအောက်က
ဆုံမှတ်တစ်ခု ရှိခ့ရစေ
အီကွေတာလို့ပဲ မှတ်ယူ
အပူဆုံးအရပ်ပဲ ဖြစ်လိမ့်မယ်……။
မခေါ်တော့ဘူးးး…
မမျှော်တော့ဘူးးး ချစ်သူ…
နေရောင်လို ပူပြင်း…
နင့် ချစ်ခြင်းတို့ဖြင့် မပျော်ပိုက်
ဝင်ရိုးစွန်းအရပ်၌ မွေ့လျော်…
နင်လည်း ပျော်သလို နေပါတော့…
လက်မကာ နှုတ်မဆက် မျက်ရည်မကျ
ကျောခိုင်းသွားကြမယ်……။ ။
ထာဝရ "နွေဦးမေ"

No comments:

Post a Comment