Thursday, February 5, 2015

*** " သစ္စာ " ***


*** " သစ္စာ " ***
သစ္စာ တဲ့ ……
စကားလေးနှစ်လုံးတည်း မှန်ပေမယ့်
ပြောဖို့ မတန်က……
သွေးးးအန်… သေတတ်တယ်……။

သစ္စာ အကြောင်းးး
စားလုံးပေါင်းတတ်ရုံ အရေခြုံခဲ့
တန်ဘိုးမဲ့လှ ငိုပြပါနဲ့……
သံပုရာ စားထားးး…
ဘီလူးး အလားးနှယ်……။
သစ္စာ စကားး
နှုတ်ဖျားမှ ဆို… ထိုင်ငို ပူဆွေးးးး
အပေး အယူ မတူခြားးနားး…
အတ္တ များလှ လူ့ဗာလ ရယ်……။
သစ္စာ လိုမှ
မေတ္တာလှစ်ပြ……
အနှစ်မပါ အကာသက်သက်
ဇောက်မနက်သူ အန္ဓလူသားးး…
သနားတယ်……။
သစ္စာ တန်ဘိုးး
ရိုးရိုးလေးးးနဲ့ မွန်မြတ်……
မတန်လျှင် မလှမ်းအပ်ဘူးးး…
သူရူးး အသွင်ပေါက်လေတဲ့ သူ……
မင်းလည်း မင်းလမ်းဆီကို လျှောက်……
ငါလည်း… ငါ့လမ်း တည်ဖို့ ဖေါက်……
လွမ်းလောက်စရာ မလို……
ပန်းခင်းလမ်းက ကြိုနေတယ် ။ ။
ထာဝရ "နွေဦးမေ"

No comments:

Post a Comment