Thursday, February 6, 2014

အမြင့်တက်ချင်ရင် အမြင်ပြောင်းပေးပါ


လောကကြီးထဲ နေထိုင်ရတဲ့ ခဏတာမှာ...

သဘာဝအတိုင်း စဉ်းစား တွေးခေါ်ကြည့်ပါ...

ကိုယ် နေရတဲ့အခိုက်အတန့်မှာ...

နေထွက် တစ်ခါ နေဝင် တစ်လှည့်နဲ့...

ကိုယ့် မေတ္တာတွေကို...

သဝန်တိုတတ်တဲ့ စိတ်ထက် မြင့်မားအောင် ထားနိုင်မှ...

ကိုယ့် စေတနာတွေကို...

တဖက်သတ်ဆန်တဲ့ စိတ်ထက် သာလွန်အောင် ထားနိုင်မှ...

ကိုယ့် ဆန္ဒတွေကို...

တင်းကျပ်နေတဲ့ မာနတွေထက် သာလွန်အောင် ထားနိုင်မှ...

ကိုယ့် လုပ်ဆောင်ချက်တွေကို...

ပြောနေတဲ့ စကားများထက် ပိုလုပ်နိုင်မှ...

ကိုယ့် ယုံကြည်ချက်တွေဟာ...

ကြောက်စိတ်ထက် သာလွန်အောင် ထားနိုင်မှ...

ကိုယ့် ရည်ရွယ်ချက်တွေကို...

ခံစားချက်ထက် နက်ရှိုင်းစွာ...

အကောင်အထည် ဖော်ဆောင်နိုင်မှ...

ကိုယ် သွားရမည့် အောင်မြင်မှု ပန်းတိုင်ကို...

ရောက်အောင် သွားနိုင်ပါလိမ့်မယ်...။

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa2.com

No comments:

Post a Comment