Friday, February 14, 2014

** ကြိုတင်လက်မှတ် **


တစ်ပါးပါးသော ကံနဲ့
ကိုယ်ပြုခဲ့တဲ့ အပြစ်ကြောင့်
မိုးခြိမ်းသံကြားတိုင်း
ရင်တုန်ကြောက်လန့် နေရမဲ့ ဘဝကို
ရှောင်ရှားနိုင်မှ ။

ရာထူးအရှိန်အဝါနဲ့ ဥစ္စာဓနတွေက
တစ်ဘဝတော့ ပျော်စရာကောင်းအောင်
စွမ်းဆောင်နိုင်မှာ မှန်ပေမယ့်
အကြောင်းကြောင့် အကျိုးဖြစ်လာမယ့်
အဆိုးအပြစ်တွေ အတွက်
ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုတဲ့တရား
ဘုရားက အလကားဟောခဲ့တာမဟုတ်ဘူး ။

ပြုဘူးသမျှ ကုသိုလ်အတွက်
စည်းစိမ်စံရက်တွေ ရှည်သလို
ပြုခဲ့သမျှ အကုသိုလ်တွေ အတွက်လည်း
ငရဲခံရမယ့် ရက်တွေ
မလွဲ မသွေ ရောက်လာမှာဘဲ ။

ကိုယ်သွားရမယ့် လမ်းကို
ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်မှ ရမယ့်
အခြေအနေမျိုးနဲ့
မတိုးစေနဲ့ ။

ကိုယ့်ကို ခေါ်ဖို့ လာတဲ့
ငရဲဘုံက စေတမန်တွေကို
လက်နက် အာဏာ
ရာထူးနဲ့ ဂုဏ်အရှိန်အဝါ သုံးပြီး
အမိန့်ပေးစေခိုင်းလို့ မရသလို
ပိုင်ဆိုင်ကြွသမျှ ဥစ္စာဓန အမျိုးမျိုးနဲ့လည်း
လာဘ် ထိုးလို့ မရဘူး ။

အထက်ဘုံမှာ နေရာရဖို့ဆိုရင်
ကြိုတင်လက်မှတ် ယူထားမှ
စိတ်ချရမယ် ။ ။

သွေးစက်သစ်

No comments:

Post a Comment