Saturday, August 2, 2014

Thank You Darling……


အိမ်မက်ဆိုးတွေနဲ့ လန့်နိုးတတ်တဲ့အခါ ငါ့ဘေးနားမှာနင်မရှိခဲ့ဘူး တဖြေးဖြေးနဲ့ငါနေသားကျသွားခဲ့တယ် အိမ်မက်ဆိုးတွေမက်တိုင်း အရင်လို နင့်ကိုမရှာတော့ဘူး…
.
ကျရှုံးမှု့တွေနဲ့ ရင်ဆိုင်နေရတိုင်းအနားမှာ နင်မရှိခဲ့ဘူး
တဖြေးဖြေးနဲ့ငါနေသားတကျဖြစ်သွားခဲ့တယ်အရှုံးတွေနဲ့ရင်ဆိုင်ရတိုင်းနင့်ကိုအရင်လိုမတမ်းတတော့ဘူး……
.
ဝမ်းနည်းမှု့တွေကြုံပြီး လဲကျတဲ့အခါ နင်ငါအနားမှာမရှိခဲ့ဘူး
တဖြေးဖြေးနဲ့ ငါကျင့်သားရလာခဲ့တယ် လဲကျမှု့တွေကြုံတိုင်း နင့်ရဲ့ လက်ကမ်းမှု့ကို မမျော်လင့်တော့ဘူး ငါကိုယ်တိုင်ပြန်ထနိုင်ဖို့ကြိုးစားလာတတ်တယ်……

ဒါတွေဟာ နင်ပေးခဲ့တဲ့ သင်ခန်းစာတစ်ချို့ တစ်ဝက်ကို ငါသင်ယူတတ်မြောက်ခဲ့တာပါပဲ ကျေးဇူးတင်ပါတယ် နင်မရှိရင်မဖြစ်တဲ့ ဘဝကနေ ငါတစ်ယောက်ထဲဖြစ်တဲ့ ဘဝကို နင်လေ့ကျင့်သင်ကြားပေးခဲ့တယ်လေ…

<ULay Gyi>

No comments:

Post a Comment