Thursday, August 15, 2013

မငြင်းပါကြောင်း

အကယ်၍
ကျွန်ုပ်၏ နှုတ်ခမ်းနှစ်လွှာ၌
လိမ်ညာ လှည့်စားသော စကားများ
တည်သည်ဟူ၍
သင်စွပ်စွဲလျှင်
မိမိငြင်းကြောင်း။

ကျွန်ုပ်၏ နှလုံးသား၌
သစ္စာမဲ့သော အချစ်များ
တည်သည်ဟူ၍ သင်စွပ်စွဲလျှင်
မိမိငြင်းကြောင်း။

ကျွန်ုပ်သည်
သင်၏နှလုံးသားအား
လုပ်ကြံရန် ကြံစည်သည်ဟူ၍
သင်စွပ်စွဲလျှင်
မိမိငြင်းကြောင်း။

အကယ်၍ သင်သည်
ကျွန်ုပ်အား မုန်းသည်ရှိသော်
ကျွန်ုပ်၏ နှလုံးသား
ပေါက်ကွဲလိမ့်မည်ဟူ၍
သင်ယူဆလျှင်

မိမိ
မငြင်းပါကြောင်း …။
---------------------
မင်းလူ

No comments:

Post a Comment