မနေ့က ..
မိုးတွေ ရွာနေတယ်....
တောင်ပံအစုံကို… ဖြန့်လို့.. အဝေးဆုံးကို… ပျံသန်းချင်နေတဲ့…
ငှက်ကလေး တစ်ကောင်အတွက်တော့.…
အကြီးမားဆုံး.. အဟန့်အတား တစ်ခုပဲပေါ့ကွယ်….။
ပွဲဖျက်တဲ့ မိုးကြောင့်…
အစိုးမရတဲ့ စိတ်တွေနဲ့ ငှက်ကလေးရေ….
ပိုးကိုက်တဲ့ ပန်းတစ်ချို့ကြောင့်….
နင့် စိတ်တွေ မနွမ်းလျရပါစေနဲ့လို့..
ငါ ဆုတောင်းပေးလိုက်ပါတယ်….။
ဒီကနေ့….
နေ သာလွန်းနေတယ်….
ပွင့်သောပန်းတိုင်း… မလန်းခဲ့လျှင်တောင်….
မခန်းသေးတဲ့… စမ်း တစ်သွယ်… ရှိနေခဲ့တာ..
နင် သိထားရင်း….
အမြန်ဆုံးနှုန်းနဲ့… အဝေးဆုံးခရီးသို့...
နင် ပျံသန်းကြည့်နိုင်ပါတယ်..…။
သံသရာဆိုတာ…
လည်ပတ်တတ်သော… စက်ဝန်း တစ်ခု….
တစ်နေ့ တစ်ကွေ့… ပြန်တွေ့ဖြစ်တဲ့အခါ…
အလှဆုံး ပြုံးပြချင်ခဲ့လျှင်….
ကိုယ်တိုင် အပြစ်ကင်းသင့်တယ်ဆိုတာ…
တစ်နေ့ တစ်ချိန်မှာ …. သတိရတတ်ခဲ့လျှင်….
ပေးအပ်ခဲ့ဖူးသော… အပြုံးတစ်စရဲ့ အလှ…
နင်… ထာဝရ လွမ်းတတ်သွားမှာပါ …..။ ။
(ပေးအပ်ခဲ့ဖူးသော… အပြုံးတစ်စက … ထာဝရ လှပနေမှာပါ…..။)
ထာဝရ " နွေဦးမေ "
No comments:
Post a Comment