Thursday, September 19, 2013

အဝေးရောက်ချစ်သူ


အခုချိန်မှာအဝေးတံတိုင်းကြီးဘယ်လောက်ပဲခြားနေပါစေ
တစ်နေ့ကျရင်ငါတို့နှစ်ယောက်ပျော်စရာအချိန်လေးတွေကို
အတူတူဖြတ်သန်းရမယ်ဆိုတာယုံကြည်နေပါတယ် ချစ်သူ...

ငါနေနေရတဲ့နေရာတစ်ခုမှာငါ့အတွက်အဆင်ပြေတယ်ဆိုပေမဲ့
မင်းမရှိတဲ့အခါငါမပျော်ပါဘူးချစ်သူ...

ချစ်လျှက်နဲ့ခွဲနေကြရတာဟာမင်းကြောင့်လဲမဟုတ်သလိုငါ့ကြောင့်လဲမဟုတ်ပဲ

တစ်ဘဝလုံးအတူနေရဖို့အတွက်ခဏလေးခွဲနေရတယ်လို့ပဲမှတ်ထားပါ ချစ်သူ...

ဖြစ်နိုင်မယ်ဆိုရင်အခုလိုအသက်ရူရကြပ်တဲ့အလွမ်းတွေအစား
ချစ်သူရဲ့လက်ကလေးကိုင်ချင်နေမိတာအမှန်ပါပဲ ချစ်သူ...

အနေနီးမှအချစ်စစ်ဆိုပေမဲ့ အနေဝေးနေပေမဲ့တစ်ယောက်ကိုတစ်ယောက်

ယုံကြည်မှုလေးတွေနဲ့နားလည်ပေးနေရင်အနေနီးတာထက်ပိုပါတယ် ချစ်သူ...

အဝေးရောက်ချစ်သူတိုင်းအဆင်ပြေကြပါစေ...





Phoe Phyu

No comments:

Post a Comment