Thursday, September 26, 2013

ငါရင်ထဲခံစားနေရတယ်


ငါမင်းကိုမချစ်တာမဟုတ်ပါဘူး
ငါကိုယ့်တိုင် ငါ့အချစ်တွေကို မထုတ်ပြတာပါ
ငါ့အချစ်တွေကို မင်းအလေးမထားမှာ စိုးလိုပါ

"မင်းကငါထက်မင်းသူငယ်ချင်းတွေကိုချစ်တယ်လို " နင်ပြောခဲ့တယ်
တကယ်ပါ သူငယ်ချင်းထက် မင်းကိုအရေးပေး။အလေးထားပြီး ငါမင်းကိုချစ်တာပါ

အရာအားလုံး အရှုံးမပေးခဲ့ငါ နင်ရှေ့မှာ ဒူးထောက်အရှုံးပေးဖို့တောင် ငါဝန်မလေးခဲ့ဘူး
မျက်ရည်ကို အလွယ်တကူမကျတဲ့ငါ နင်စကားတိုင်းကို ခံစားတက်ပြီး မျက်ရည်ကျတက်လာတယ်

ဆုံးရှုံးမှုတိုင်းကို မကြောက်ရွှံ့တဲ့ငါ နင်ကိုဆုံးရှုံးရမှာ ငါကြောက်တက်လာခဲ့တယ် နင့်ကိုစွန့်လွှတ်ရမယ်ဆိုတဲ့  တခဏအတွေးနဲံတင် " ရေထဲကငါး ပူပြင်းလှတဲ့ သဲပြင်ပေါ်မှာ အလူးအလဲ ခံစားနေရသလို " ငါရင်ထဲခံစားနေရတယ်

♥လိပ်ပြာလေး♥
9/25/2013 5:10pm

No comments:

Post a Comment