Saturday, September 28, 2013

ရိုးသားစွာ...ချစ်ခဲ့ခြင်း


 
ငါ့ တစ်ယောက်ထဲကိုပဲ ချစ်ပါတယ်ဆိုတဲ့ နင်က
တစ်ခြားသူ တစ်ယောက်ကို ရွေးချယ်သွားခဲ့တယ်

အရမ်းချစ်တယ်လို့  ခဏခဏ ပြောတတ်တဲ့ နင်က
ငါ နင့်ကို မချစ်နိုင်တော့ဘူးဆိုတဲ့ စကားနဲ့ အဆုံးသတ်သွားတယ်

တစ်သက်လုံး ချစ်ပါမယ်ဆိုတဲ့ ဂတိတွေပေးတတ်တဲ့ နင်က
လွယ်လွယ်နဲ့  ကျောခိုင်းသွားခဲ့တယ်

နင့်ဘ၀မှာ ဟန်ဆောင်မှုတွေနဲ့ ပဲ ရင့်ကျက်နေမယ်ဆိုတာ
အစကတည်း ငါ သိခွင့်ရခဲ့ရင် ငါ့ဘ၀ထဲမှာ မချစ်သင့်တဲ့ သူတစ်ယောက်
အဖြစ် တစ်ဘ၀လုံးစာ ရှောင်ဖယ်သွားမိလိမ့်မယ်

ဒါပေမဲ့ အခုတော့..........
ရှိပါစေတော့လေ...... ငါက နင့်အပေါ် ရိုးသားစွာ ချစ်ခဲ့မိတာကိုး....


♠ Khin Myo Aye ♠

No comments:

Post a Comment