Tuesday, October 1, 2013

တကယ်မချစ်ပဲနဲ့ 

လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့ သ၀န်တိုတဲ့
စိတ်ဆိုတာ ခံစားပေးဖို့ မလွယ်ဘူး........

လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့  သူအပေါ်
အကြိမ်ကြိမ် နားလည်ပေးနေဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး....

လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့  သူ့ အတွက်ဆိုပီး
အမြဲတမ်း သတိတရနဲ့ ရှိနေမိမှာမဟုတ်ဘူး..............

လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့  သူ ပေးတဲ့ နာကျင်မှုတွေကို
ဘယ်လိုမှ အချိန်ကြာကြာ ခံစားပေးနိုင်မှာ မဟုတ်ဘူး.........

လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့  ကိုယ့်မာနဆိုတာကို မေ့ပီး
အရှုံးပေးဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...........

ဒီလိုပါပဲ...လူတစ်ယောက်ကို တကယ်မချစ်ပဲနဲ့ တော့ နာကျင်မှုတွေကို
မြိုသိပ်ပီး သူ့ အနားရှိနေခွင့်ကို မျှော်လင့်နေမိမှာတော့ မဟုတ်ပါဘူး....

♠ Khin Myo Aye ♠
( Poem )

( @[353448904727768:274:Poem] )

No comments:

Post a Comment