Friday, October 18, 2013

“ဇွဲ”

ငှက်တို့မည်သည်
ကောင်းကင်ဆီဝယ်
ပျံမည်အပြု
အားကိုစု၍
မမှုသူ့ဟန်
မုန်တိုင်းထန်လည်း
ပျံတတ်သည်ကား
သူ့စွမ်းအားလေ
တောင်များကိုဝင့်
အားမာန်ချင့်၏
လေဖြင့်မှီဝဲ
ကောင်းကင်ထဲမို့
မိုးသည်းကိုလည်း
ပျံသည်ဇွဲဖြင့်
တွဲခိုရှိရာ
သိုက်ဂေဟာသို့
ပြန်လာတတ်မြဲ လာတတ်မြဲ။


မြစ်တို့မည်သည်
မည်မျှကွေ့ကောက်
တွန့်မကြောက်ဖြင့်
လျှောက်လျက်သူ့လမ်း
စီး၍လှမ်း၏
ကြမ်းသည်ချောသည်
ငေးမရီပဲ
သွယ်သီပတ်ကာ
ပင်လယ်ပြာသို့
ဝင်လာတတ်မြဲ လာတတ်မြဲ။

ငှက်နှင့်မြစ်မူ
ပမာယူ၍
ထို့တူဘဝ
မနုဿဟု
ရသောခဏ
သည်ကာလ၌
လောကတွေ့ကြုံ
ခက်ခဲစုံကို
သုံမှုန်ငေးလျက်
တွေဝေခက်ဟု
ဖွဲ့ယှက်မယူ
ဇွဲကိုထူကာ
လူချွန်လူကောင်း
ဖြစ်စေကြောင်းရွယ်
ဥာဏခြယ်လျက်
သွယ်သွယ်အောင်ပန်း
ယူငင်မြန်း၍
စခန်းအောင်ရာ အောင်ကြောင်းဖြာ။





မင်းကြည်ညို

No comments:

Post a Comment