Tuesday, October 1, 2013

မင်းမေ့လျော့နေသလား

ငါ အရာအားလုံး ခွင့်လွှတ်နိုင်ဖို့ ကြိုးစားနေချိန်မှာ
မင်းက ထပ်ထပ်ပြီးဒဏ်ရာတွေမပေးပါနဲ့
ငါခံနိုင်ရည် မရှိတော့လို့ပါ
ခွင့်လွှတ်ခြင်းနဲ့ နားလည်ခြင်းကို ကန်ထရိုက်ဆွဲဖို့ဆိုတာ
သံမဏိ နှလုံးသားပိုင်ဆိုင်ထားမှလေ
မင်းရဲ့ချစ်သူ ငါပိုင်ဆိုင်ထားတာက
လူသားတိုင်းမှာရှိတဲ့ နူးညံ့တဲ့ နှလုံးသားတစ်စုံဆိုတာ
မင်းမေ့လျော့နေသလား ချစ်သူရယ်.....................

~~ချယ်မှုန်း~~

အချစ်=နားလည်မှု ( < --- Credit )

No comments:

Post a Comment