Friday, October 4, 2013

“ကိုယ်ပျော်ရွှင်ရယ်မောနေချိန်မှာ”

 “ကိုယ်ပျော်ရွှင်ရယ်မောနေချိန်မှာ”
တစ်ဖက်သားမှာတော့ မျက်ရည်တွေ မကျနေပါစေနဲ့။

ဘဝဆိုတာ တိုတိုလေးပါ။ ကံတရားရဲ့ အလှည့်အပြောင်းဆိုတာ
ဘယ်သူ့ကိုမှ မျက်နှာသာမပေးပါဘူး။
ကိုယ်ဖန်တီးတဲ့ ကံကြမ္မာတွေဟာ ကိုယ့်အတွက် ရိက္ခာတွေပါပဲ။
အဲဒီရိက္ခတွေသည် ကောင်းတဲ့ရိက္ခာတွေပဲ ဖြစ်ပါစေ..။

ကိုယ့်ပျော်ရွှင်မှုဟာ သူတစ်ပါး နှလုံးသွေးနဲ့ခြေဆေးခဲ့ရင်
သင်သည်လည်း နောင်တစ်ချိန်မှာ ဝမ်းနည်းပူဆွေးမှုတွေ
မလွဲမသွေကြုံရမယ်ဆိုတာ မမေ့ပါနဲ့။
သူတစ်ပါးဘဝကို ချနင်းပြီးမှ ကိုယ့်ဘဝအဆင်ပြေမယ်ဆိုရင်
အဲဒီဘဝကို စွန့်လွတ်လိုက်ပါ။

(ဌေးသာမဏေကျော်ဆရာတော်)


လူဖြစ်ရခြင်း၏ရည်ရွယ်ချက်
 

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို မသိသော ပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ်ခံစားဖို့အတွက်အသုံးချ၍ အပါယ်လေးပါးသို့သွားသည်။ လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို သိသောပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့သွားသည်။ ☆°★°∴°°∴.·★°∴°. ·★ 
ယခုခါမူ၊ လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊ ဟောကြားမည့်သူ၊ လူလည်းမရှား၊ သို့ပါလျက်သားနှင့်မူ ... တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊ အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊ အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်...။

No comments:

Post a Comment