Tuesday, April 21, 2015

Australia မှ sponsor ယူမယ်ဆိုလျင်


Australia မှ sponsor ယူမယ်ဆိုလျင် ...
နိုင်ငံခြားတွင် လာရောက် အလုပ် လုပ်နေသော လူများအတွက် Australia သည် အထင်ကြီးလောက် စရာဖြစ်သည်။ မလေးရှား နှင့် ထိုင်းတွင် ၁၂ နာရီ အလုပ်လုပ်ရခြင်းထက် Australia တွင် ၈ နာရီ လုပ်ရခြင်းက လစာ၊ လူ့အခွင့်အရေးနှင့် အကျိုးခံစားခွင့်များက သာလွန်သည်မှာ မည်သူမှ မငြင်းနိုင်ပါ။
သို့ရာတွင် Australia သို့ သာမာန်လူတန်းစား သွားနိုင်သောနည်းလမ်းများမှာ UNHCR မှ un card ကိုင်ဆောင်သူများကို အလှည့်ကျပို့သော နည်းလမ်းနှင့် မိမိအစီအစဉ်ဖြင့် ပင်လယ်ပြင် သို့ လှေဖြင့်ဖြတ်ကာ အောက်လမ်းမှ ခိုးဝင်ပြီး အဖမ်းခံခြင်းဖြင့် Australian ic ရအောင် လုပ်သော နည်းလမ်းဟူ၍ ရှိပါသည်။
UN card ရရန်မလွယ်ပါ။ UN card ရသော်လဲ သြဇီ သို့ရောက်ရန်မလွယ်ပါ။ ထို့ကြောင့် လူတချို့သည် သြဇီသို့ လှေဖြင့်အောက်လမ်းမှ ခိုးဝင်ရာ ပင်လယ်ပြင်တွင် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါသည်။ ထို့ကြောင့် သြဇီ အစိုးရမှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှ စပြီး ရေလမ်းမှ ပင်လယ်၊ သမုဒ္ဒရာကို ဖြတ်ပြီး ရောက်လာသူများအား Papua New Guinea သို့မဟုတ် Malaysia နိုင်ငံရှိ UNHCR သို့ပြန်လည်ပို့ဆောင်မည် သို့မဟုတ် မိမိထွတ်ခွာရာ မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခြင်းခံရမည်ဟု ကြေငြာခဲ့ပါသည်။ အကယ်၍ သြဇီသို့လာချင်လျင် အောက်ဖော်ပြပါ အစီစဉ်ဖြင့် လာရန် လူအများအား လှုံ့ဆော်ခဲ့ပါသည်။
The Special Humanitarian Programme (SHP)
https://www.immi.gov.au/visas/humanitarian/offshore/shp.htm
ဤ` SHP အစီအစဉ်ကို ၁၉၈၁ နှစ်မှ စတင်ခဲ့ပါသည်။ လျောက်လွာတင်နိုင်သော နေရာပေါင်း ၁၃၇၅၀ သက်မှတ်ထားရာမှ အနည်းဆုံး နေရာပေါင်း ၁၁၀၀၀ မှ လျောက်လွာများသည် သြဇီ အစိုးရသို့ visa လျောက်ရာ၊ သာမာန် ရိုးရိုး visa လျောက်သူများထက် များစွာ သာလွန်ပါသည်။
ဤ SHP အစီအစဉ်ဖြင့် လျောက်လိုသော သူသည်
မိမိမွေးဖွားရာနိုင်ငံ၏ ပြင်ပတွင် နေထိုင်သူ။ ( နိုင်ငံခြားတွင် ရောက်နေသူ )
မိမိမွေးဖွားရာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရသူ။
မိမိအား ခေါ်မည့် သြစတြေးလျနိုင်ငံသား ရှိသောသူ။
ထိုအချက် ၃ ချက်နှင့် ပြည့်စုံလျင် လျောက်လွာတင်လို့ရသည်။ ဖြည့်ရမည့် Forms များမှာ
form 842 ( သင်ဖြည့်ရမည့် form )
form 681 ( သင့်အား ခေါ်မည့်သူ ဖြည့်ရမည် form )
သင့်အား ခေါ်မည့်သူသည်
ၾသစေၾတးလ် နိုင္ငံသား ( an Australian citizen )
သြဇီတွင်ရာသက်ပန် နေထိုင်ခွင့်ရသူ (an Australian permanent resident)
သြဇီမှ အဖွဲ့အစည်း (an Australian organisation)
နယူးဇီလန် နိုင်ငံသား (an eligible New Zealand citizen )
တို့ဖြစ်ပါသည်။
ယူအင်ဆရာကြီးများသည် သင့်အား အမျိုးမျိုး ခြောက်လိုက် မြောက်လိုက် လုပ်လိမ့်မည်။ ဥပမာ ..
" ဒီဖောင်တွေက ရိုးရိုးလူ လျောက်လို့မရဘူး။ အမျိုး အရင်းရှိမှ ရတယ်။ အမျိုးအရင်း မရှိရင် လျောက်မရဘူး"
" အဲဒီ ဖောင်ကို သြဇီ သံရုံးမှာသွားတင်ရတယ် "
" ဒီဖောင်ရဲ့ သက်တမ်းက ကုန်သွားပြီလို့ ယူအင်ကပြောတယ် "
စသည်ဖြင့် အမျိုးမျိုးသော ပေါက်ကရ တွေကို ပြောပြီး သင့်အား ပြုစားပါလိမ့်မည်။ ဤဖောင်သည် ကုန်ဆုံးရက်မရှိပါ။ ပင်လယ် ၊ သမုဒ္ဒရာမှ လှေဖြင့် မလာစေချင်သောကြောင့် ယခုကဲ့သို့လာရန် ခေါ်ခြင်းဖြစ်ပါသည်။
ရှင်းရှင်းပြောရလျင် သင့်ကို ခေါ်မည့်သူသည် ဆွေမျိုးမဟုတ်လဲ ရသည်။ အထက်က ကျွန်တော် ရေးထားတဲ့ အချက် ၄ ချက်တွင် တခုခု နှင့် ပြည့်စုံလျင်ရသည်။ အမျိုးလဲ မရှိ၊ သူငယ်ချင်းလဲ မရှိ ဘူးဆိုလျင် အဖွဲ့အစည်း တခုခုကို အကူညီတောင်းကြည့်ပါ။ ဥပမာ .. သြဇီက ဘုရားကျောင်းတို့ ၊ လူမူ့ရေး အဖွဲ့တို့ တခုခုက သင့်အား ခေါ်လျင် ရသည်။
အရေးကြီးသည့် အချက်မှာ သြဇီမှ လူအား ဤ အကြောင်းအရာ တချို့ကို အရင်ပြောပြီးမှ သူ့အား sponsor တောင်းပါ။ သြဇီမှ လူတာဝန်ယူရသည်မှာ
သင်လာလျင် သင့်အတွက် အိမ်ငှါးပေးရမည်။
သင့်အား လေဆိပ်တွင် လာကြိုရမည်။
သင့်အတွက် အလုပ်အကိုင် ရှာပေးရမည်။
ကျန်းမာရေးအတွက် ဆေးခန်း ၊ ပညာရေးအတွက် ကျောင်းစသည့်အရာများကို ပို့ပေးရမည်။
သင့်၏ လေယာဉ်စရိတ်အား သူမှ ပေးချေရမည်။
နှင့် အခြားသော အချက်အလက် အနည်းငယ် လုပ်ပေးရမည်။
ဆိုလိုသည်မှာ အစိုးရလုပ်ရမည့် အလုပ်ကို သူ့အားလုပ်ခိုင်းခြင်း ဖြစ်ပါသည်။
အဲဒီတော့ သင့် သူငယ်ချင်း / ဆွေးမျိုးအား ပြောရမည်မှာ
" လေယာဉ် လက်မှတ်ခ ၊ ငါပေးမယ် "
" အလုပ်ရှာဖို့အတွက် မင်းပူစရာမလိုဘူး။ ငါ့ဘာသာရှာမယ်။ မလေးရှားမှာ ငါ့ဘာသာ အလုပ်ရှာတာ အလုပ် ၁၅ ခုလောက်ရှိပြီ။ မင်း စိုးရိမ်စရာ မလိုဘူး"
" ကျောင်းတို့ ဆေးခန်းတို့ ဆိုတာလဲ မင်းငါ့ကို တစ်ရက်ပဲ လိုက်ပြ။ နောက်တခါ ငါ့ဘာသာ သွားမယ်။ မင်းလိုက်ပို့စရာ မလိုတော့ဘူး။ မလေးရှားမှာ ဆေးခန်းမပြောနဲ့ ဆေးရုံတောင် ရောက်ဖူးတယ်။"
" ငါ့အတွက် အိမ်ငှါးပေးသည့် ပိုက်ဆံကို သြဇီရောက်ပြီး နောက်တစ်လနေရင် မင်းကို အပြည့်ပြန်စပ်မယ်။"
" မင်းလုပ်ရမှာက မင်း လိပ်စာလေးရယ် ၊ မင်းရဲ့ အချက်အလက်လေး တချို့ရယ် နဲ့ မင်းလက်မှတ်ကို form ထဲ မှာ ဖြည့်ပေးယုံပါပဲ "
ဟုပြောပါ။ ဒါမှ သင်သည် သူ့ထံမှ အကူအညီရပါလိမ့်မည်။ အဲလို မပြောဘဲ ငါ့ကို sponsor ပေးပါလားကွာ ဟု ပြောလျင် သူတို့သည် အလွန်ပင် ကြောက်လန့်၍ သင့်ထံသို့ ဖုန်း သို့မဟုတ် message တွေ ခေါ်တော့မည် မဟုတ်ပါ။ စပွန်ဆာ ဆိုသည့်စကားကို နားမလည်သော သူများသည် သူတို့ အရမ်းအကုန်အကျများမည်၊ တာဝန်တွေကြီးသွားမည်၊ အလွန်ခက်ခဲသွားမည် ဟု ထင်သောကြောင့် စပွန်ဆာ ပေးပါလားဟု ပြောလျင် နောက်ကို သင့်အား အဆက်အသွယ် လုပ်မည် မဟုတ်တော့ပါ။
ထို့ကြောင့် ကျွန်တော် အထက်ကပြောသော အကြောင်းအရာများကို အရင် ရှင်းပြပေးပြီးမှ အကူညီတောင်းပါ။ သူ့ကို ပိုက်ဆံ စကားများများပြောပေးပါ။ လေယာဉ်လက်မှတ်ခ သည်လည်း မလေးရှားတွင် အလုပ်လုပ်သောသူ မည်သူမဆို ၀ယ်နိုင်သော ဈေးနုန်းဖြစ်ပါသည်။ သူ့အား မင်းပိုက်ဆံကုန်စရာမလိုတဲ့အကြောင်း၊ ၀န်ထုတ်ဝန်ပိုး မဖြစ်တဲ့အကြောင်း၊ အခက်အခဲ မရှိတဲ့အကြောင်း ရှင်းပြမှသာလျင် သင်သည် sponsor ရမည်ဖြစ်ပါသည်။
သူ့ထံမှ သဘောတူညီချက်ရလျင် Google Search ထဲတွင်
https://www.google.com.my/#q=form+842 ကိုရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။ ထို့နောက် နီးစပ်ရာ Printer စက်မှ ထုတ်လိုက်ပြီး လိုအပ်သည့် အချက်အလက်များကို ဖြည့်ပါ။ အားလုံးပြီးစီးပါက သင့်အား sponsor ပေးမည့်သူထံသို့ စာအိပ်နှင့် စာတိုက်မှ ပို့လိုက်ပါ။
သင့်အား sponsor ပေးမည့်သူသည်လဲ Google Search ထဲတွင် https://www.google.com.my/#q=form+681 ကိုရိုက်ထည့်ပြီး သင်ကဲ့သို့ ဖောင့်ဖြည့်ပါ။ ပြီးလျင် သင့်ပို့လိုက်သော form 842 နှင့် သူ့၏ form 681 ကို ပူးတွဲပြီး
NSW Offshore Humanitarian Processing Centre
GPO Box 9984
Sydney NSW 2001
AUSTRALIA
သို့ စာတိုက်မှ ပို့ပါ။
သင်တို့ ၂ ယောက်ဖြည့်သော ဖောင်သည် အချက်အလက် ပြည့်စုံလျင် ၇ ရက်အတွင်း အစိုးရမှ သင့်တို့၏ ဖောင်အား လက်ခံရရှိပါသည်ဟု ပို့သူထံ စာပြန်လိမ့်မည်။ အချက်အလက် မပြည့်စုံပါကလဲ မပြည့်စုံကြောင်း စာပြန်ပါလိမ့်မည်။
ထို free ရသော ကျွန်ုပ်တို့ ဖြည့်ရသည့် form 842 ကို အလွယ်တကူ အင်တာနက်မှ free မထုတ်တက်သောသူများကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် CRC ရုံးမှ ရင်းဂစ် ၅၀ နှင့် ရောင်းပါသည်။ form မဖြည့်တက်သူများကိုလဲ ထိုရုံးမှ ရင်းဂစ် ၁၀၀ ဖြင့်ဖြည့်ပေးသည်ဟု သိရပါသည်။ ယခု အခြေနေမသိပါ။
ယခုဖော်ပြပါ အချက်လက်တချို့အား အငြင်းပွားလာခဲ့သော် ကျွန်တော် ပေးထားသော links များတွင် ၀င်ရောက်ဖတ်ကြည့်နိုင်ပါသည်။ form 842 အားပြည့်စုံစွာ ဖတ်ပြီးမှာသာလျင် ကျွန်တော့်အား အပြစ်တင်ပါ။ တစ်စုံတစ်ယောက်သည် သင့်အား အပြစ်တင်ခဲ့သော် ကျွန်တော်ပေးထားသော form 842, form 681 and SHP တို့အား ဖတ်ပြီးပြီလား ဟုမေးပါ။ လူတချို့သည် ကြားစကားများဖြင့် ဖွသောကြောင့် ဤကဲ့သို့ ရှင်းပြရခြင်းဖြစ်ပါသည်။
သင့်၏ LIKE , COMMENT AND SHARE သည် ကျွန်တော့အား နောက်ထပ် အကြောင်းအရာများထပ်ရေးစေရန် အင်အားဖြစ်စေပါသည်။
ကျွန်တော်တင်သော ယူအင် ပိုစ်များကြောင့် သူငယ်ချင်းတို့သည် အဆင်ပြေခဲ့ပါက ကျွန်တော်သည်လဲ သူတို့ကဲ့သို့ ရရှိခံစားရပါလို၏

No comments:

Post a Comment