လက်ထပ်ခြင်းဆိုတာ မိန်းမတယောက်အတွက် မရှိမဖြစ်လိုအပ်ချက်မဟုတ်သလို အတူနေခြင်းကလည်း လိုအပ်ချက်မဟုတ်ပါဘူး..
တကယ်တမ်းလိုအပ်ချက်ဆိုတာ ကိုယ်ချစ်တဲ့သူကို နှစ်သက်စွာ မက်မောစွာ သိမ်မွေ့စွာ ချစ်နေဖို့ပါ..
သို့သော်လည်းတဖက်လူကအဆက်အသွယ်မလုပ်တော့တဲ့အခါမှာတော့ ခေါင်းကိုက်ခံပြီးစဉ်းစားမနေပါနဲ့.,
သူပတ်သက်ချင်တုန်းက ရအောင်ဆက်သွယ်ပြီးမပတ်သက်ချင်တော့လို့ မဆက်သွယ်တော့တာ မထူးဆန်းပါဘူး..
ဘာကြောင့်လမ်းခွဲသွားရလဲဆိုတဲ့ မေးခွန်းတခုကိုပဲ ထပ်ခါတလဲလဲ စဉ်းစားမနေပါနဲ့.,အဖြေကတခုထဲပါ လမ်းခွဲချင်လို့ ခွဲသွားတာပါ..
ဒါပေမဲ့ အဲ့ဒိတဖက်လူရဲ့စိတ်ထဲမှာတော့ငါသာသူ့နေရာမှာဆိုရင်လို့ တွေးတတ်ဖို့စိတ်ဓာတ်လေးတော့ ရှိဖို့လိုပါတယ်.,အဲ့စိတ်ဓာတ်လေးကလောကမှာလူသား
အားလုးံ ဘာသာအားလုးံ လိုက်နာရမယ့်ချစ်စရာစိတ်ဓာတ်လေးပါ..
တနည်းအားဖြင့်တော့ အဲ့စိတ်ဓာတ်လေးကို ကိုယ်ချင်းစာတရားလို့ခေါ်ပါတယ်..
အချစ်မှာ နားလည်မှုနဲ့ပေါင်းစပ်တာလောက် ခိုမြိန်တဲ့အရာလောကမှာမရှိဘူး.
No comments:
Post a Comment