Friday, April 10, 2015

'' ပွဲတွေ့ ''


'' ပွဲတွေ့ ''
အချစ်ကဗျာ အရေးများသမို့
မေတ္တာ အဆွေးသမားလို့လည်း
အမေးစကားတွေ ရှိလာပြီ။
အလွမ်းနဘေထပ်တာမြင်လည်း
ပန်းအကြွေဇာတ်မှာရင်ကွဲသလားလို့
ထင်ရဲအားသည်။
သရုပ်ဖော်လာ သေချာငိုတဲ့
နှုတ်မော်စရာ နွေကြမ္မာကို
ထုတ်ဖော်ကာ မကြေညာလိုလည်း
ဝေဒနာကို ပြောပြမည် …
မောလျပြီကွယ့် သည်ဇာတ်လမ်း။
နှလုံးမသာယာ သည်ချစ်ခြင်းတွေက
မပြုံးသာ အသစ်နှင်းလေမှ
အရှုံးကြမ္မာ အဖြစ်ခင်းရှည်လို့
သင်းကြည်ထုံ မနမ်းထိုက်လေတဲ့
နှင်းဆီငုံ ပန်းမကိုဋ်ရယ်က
အလွမ်းပိုက်ကာ ကျန်နေရစ်စေတော့
ကံ … နွေအညစ်မှာ
မာန် … ကြွေ … နစ် ကာပဲ
ချစ်ကမ္ဘာ စခန်းသုဉ်းအောင်
အဖြစ် .. နာ, အလွမ်းဖုံးလို့
လမ်းဆုံးလည်း ရွာမတွေ့နိုင်မှ
နှစ်လွှာသွေ့ နှုတ်ခမ်းနဲ့
ရှာသရွေ့ ကြမ်းသတဲ့
(သြော် …)
ငါ … တွေ့တဲ့ … အလွမ်း။
*** *** ***
ဟိန်းဆက်သွင်
9:42(am)
10/4/2015

No comments:

Post a Comment