Monday, April 20, 2015

စိုးလို့ပါ


 
★“ စိုးလို့ပါ ”♪♫

ချစ်သူ…
နောက်မကြည့်စတမ်း လှည့်ထွက်သွားတာ…
စိမ်းကားတတ်လို့ မဟုတ်ဘူး..
မြင်နေလျှင်.. မျက်နှာ မလွှဲနိုင်မှာ စိုးလို့ပါ…။

ချစ်သူ…
တမ်းတစကား တစ်ခွန်း မဆိုခဲ့တာ…
မလွမ်းတတ်လို့ မဟုတ်ဘူး…
နင်မယုံလျှင်… ရင်နာရမှာ စိုးလို့ပါ….။

ချစ်သူ…
ချစ်တယ် ပြောတိုင်း… ရင်ထဲ မထည့်ခဲ့တာ …
မေတ္တာတွေကို မခံယူတတ်လို့ မဟုတ်ဘူး…
နင် ညာခဲ့လျှင်… ငါ ရင်ကွဲမှာ စိုးလို့ပါ….။

ချစ်သူ…
ခွဲခွာကြမယ် ပြောတိုင်း… ငိုမပြခဲ့တာ…
မတွယ်တာတတ်လို့ မဟုတ်ဘူး….
ပြန်မဆုံနိုင်ခဲ့လျှင်… ငါ ရူးသွပ်သွားမှာ စိုးလို့ပါ…။

ချစ်သူ…

လွမ်းနေတယ်လို့.. ငါ မပြောခဲ့တာ…
သံယောဇဉ် မထားတတ်လို့ မဟုတ်ဘူး...
ငါ့ မျက်ရည်တွေနဲ့.. နင် ခြေဆေးခဲ့မှာ စိုးလို့ပါ….။

ထာဝရ "နွေဦးမေ"

No comments:

Post a Comment