Wednesday, July 31, 2013

နင်သိစေချင်လို့ 

နင်နဲ့  အတူတူရှိတိုင်းပျော်ရွှင်မိတယ်___
ခုတော့ငါ့ဘေးမှာနင်မရှိတော့တဲ့ နောက်ပိုင်းပျော်စရာတွေနည်းလာတယ်____
နင်နဲ့ အတူတူရှိခဲ့တုန်းက အပြင်ထွက်တိုင်းပျော်စရာတွေအမှတ်တရတွေအပြည့်ကြည်နူးခဲ့တယ်_
ခုဆိုနင်ထားခဲ့တဲ့အမှတ်တရတွေကို အမှတ်တမဲ့ သတိရနေမိတယ်...
( နင်သိစေချင်လို့ ) _Z!n_
I Love You
" အချိန်တိုင်းတော့ မဟုတ်ဘူး "သတိရလို့  ဖုန်းဆက်ဖြစ်တဲ့ အခါ  ရန်မဖြစ်ကြေး ............" အချိန်တိုင်းတော့ မဟုတ်ဘူး "အပြင်မှာဆုံတွေ့ ဖြစ်လို့ လျှောက်လည်ကြတဲ့ အခါ စိတ်မကောက်ကြေး ...." အချိန်တိုင်းတော့ မဟုတ်ဘူး "တောင်းတောင်းတတ ရှိလို့  ငါ့ကိုချစ်လားလို့ မေးမိတဲ့အခါ   ရွဲ့ စောင်းပြီး ချစ်တယ်လို့ မပြောကြေး ......." အချိန်တိုင်းတော့ မဟုတ်ဘူး " ဆုံတွေ့ ခွင့် မရှိသေးတဲ့ အချိန်တိုင်းမှာလွမ်းဆွတ် သတိရမှုနဲ့  တစ်ယောက်နဲ့ တစ်ယောက်အပေါ်မှာ သစ္စာရှိကြေး ........


ကိုယ့်ချစ်သူအပေါ်     အကောင်းဆုံးသစ္စာရှိနိုင်တဲ့ယောင်္ကျားဆိုတာ    ကိုယ့်ချစ်သူမဟုတ်တဲ့ အခြားမိန်းမ တယောက် ကဘယ်လောက်ဆွဲဆောင်မှုအားကောင်းနေပါစေစိတ်နဲ့တောင်မဖောက်ပြန်ဘူး   ကိုယ့်ချစ်သူ မိန်းခလေးကလွဲပြီး   အခြားသောဘယ်မိန်းမနဲ့မှထိတွေ့ဘူးခြင်းမရှိဘူး ကိုယ့်ချစ်သူ အပေါ် အကောင်းဆုံး သစ္စာရှိနိုင်တဲ့မိန်းမဆိုတာလည်းကိုယ့်ချစ်သူမဟုတ်တဲ့ တခြားယောက်ကျား တယောက်က ဘယ်လို အရာ မျိုးတွေ နဲ့ မြူဆွယ်ပါစေ စိတ်မကစားဘူး ဘယ်လောက်အောင်မြင် ဘယ်လောက်ရုပ်ချော  ဘယ်လောက် စိတ်ချမ်းသာအောင်ထားနိုင်တဲ့ယောက်ကျားဖြစ်နေပါစေ   ကိုယ့်ချစ်သူယောက်ကျားလေး ကလွဲပြီး စိတ်ထဲ မထည့်ဘူး    သူစိမ်းယောက်ကျားတယောက်နဲ့ အနေအထိုင်  အပြောအဆို       ကအစဖြစ်သလိုမနေဘူး

လူတယောက် ကိုချစ်လို့သစ္စာရှိတယ်ဆိုတာသူ့အတွက်တခုတည်းစောင့်ထိန်းခြင်းမဟုတ်ဘူး  ကိုယ့်ကိုယ် ကျင့်တရားကို ကိုယ်ကိုယ်တိုင်စောင့်ထိန်ခြင်းတမျိုး  သူ့အပေါ်သစ္စာရှိတယ် ဆိုတာကိုယ့်ကိုယ်ကျင့်တရား တန်ဖိုးကိုကိုယ်ကိုယ်တိုင်မြှင့်တင်ခြင်းတမျိုးပဲမလား??

သင်ဟာအပေါ်ကပြောထားသလို တသွေမတိမ်းစောင့်ထိန်းတတ်တဲ့လူလား
အဲဒီလိုဆိုရင်တော့သင့်ချစ်သူအပေါ် သင်ဟာသိပ်သစ္စာရှိတဲ့လူမျိုးပဲ ။ ။
Y Y T နင်သိစေချင်လို့

Tuesday, July 30, 2013

နှလုံးလှရောင်စဉ် မျှော်လင့်ခြင်း


ကံကြမ္မာကို.. ရှောင်လွှဲပြေးလို့ ရချင် ရမယ်…ရှေး ရေစက် ဆိုတာကိုတော့… ရှောင်လွှဲလို့… မရနိုင်ဘူး…။
ပြင်ပ သဏ္ဍာန်ကို ကြည့်လျှင်…ကျားရဲတစ်ကောင်လို.. မာန်ပြင်းပေမယ့်…
အတွင်းစိတ်က…မြေခွေးတစ်ကောင်လို ကောက်ကျစ်လွန်းလှတယ်….။
ကေသရာဇာ ကို… ဖယ်ထုတ်ပြီး…နေရာ ၀င်ယူလိုက်သော်ငြား….
မြေခွေး ဆိုတဲ့ သတ္တ၀ါဟာ…ဘယ်အခါမှာမှ… “ကျား” ဖြစ်မလာနိုင်ပါဘူး…..။
ဘယ်လောက်ပဲ.. ကြိုးးစား…မေတ္တာ ထားပေမယ့်…
မြေခွေးတစ်ကောင်ရဲ့… တုံ့ပြန်ခြင်းများ …သစ္စာတရားတော့… ဖြစ်မလာနိုင်ခဲ့ဘူး….။
ဒဏ္ဍာရီ ပုံပြင်တွေကို… မယုံကြည်ခဲ့ဖူးပေမယ့်…သက်ဝင် ရှင်သန်ရမဲ့... နှလုံးသားတစ်ခုတော့..
ပါလေတန်ကောင်းတာမို့….နောင် သံသရာ... ဘ၀ အဆက်ဆက်….ချစ်ခြင်းတွေကို အပ်နှင်း … သစ္စာရင်း မှန်သော သနစ် …ကံကောင်းခြင်း လက်ဆောင်အဖြစ်…ဖြူစင်စွာ… ချစ်တတ် စေချင်တယ်…။

ထာဝရ "နွေဦးမေ

Monday, July 29, 2013

ကံကြမ္မာက ငါ့ကို မျက်နှာသာ ပေးတဲ့ တစ်နေ့.........


အရာရာဆုံးရှုံးတတ်ခဲ့တော့ပိုင်ဆိုင်ရခြင်း ဆိုတာ ငါနဲ့တောင် မသက်ဆိုင်တော့တဲ့ စကားစုလိုပဲ ။
မျှော်လင့်ချက်လေးရေးရေးထားလို့ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရမလား တွေးကြည့်ဖူးပါရဲ့ ..
လက်တွေ့မှာတော့ အရင်တုန်းကလိုပါပဲ ..ကျန်နေခဲ့တာ ငါ .. တစ်ယောက်တည်း ။
ဘယ်သူ့ကိုအပြစ်တင်ရမလဲ ??ကံကြမ္မာကို လား    ငါကိုယ်တိုင်ကိုလား
သေချာတာက ပိုင်ဆိုင်ခြင်းဆိုတာ ငါနဲ့အလှမ်းဝေးနေသေးတယ် ။
ဒီတစ်ခါလည်း ပိုင်ဆိုင်ရခြင်း နဲ့ ငါ တေ့လွဲလွဲပြန်ပြီ ထင်ပါရဲ့ ။
နောက်ဆုံးတော့ ထွက်သွားတဲ့ နင်က အပြုံး   ကျန်ရစ်ခဲ့တဲ့ ငါက အရှုံးများစွာနဲ့ပေါ့ ။
သွားပေဦးတော့ ချစ်ရသူရေ ..
ကံကြမ္မာက ငါ့ကို မျက်နှာသာပေးတဲ့တနေ့ ပိုင်ဆိုင်ခြင်းတွေ တပွေ့တပိုက်နဲ့ ..
ငါ မင်းဆီကို သေချာပေါက်အရောက်ပြန်ခဲ့မှာပါ ။

{ မယ်ပိုး }

"တကယ့် ဥပေက္ခာဆိုတာ "

ဥပေက္ခာ
*******

ဥပေက္ခာရဲ့    သဘောတရားကို မြန်မာလူမျိုးတွေကအဓိပ္ပါယ်ကောက် လွဲနေတယ်။ မခေါ် မပြော၊ ဂရုမစိုက် ဘဲနေ တာ ကိုဥပေက္ခာလို့  ထင်နေကြတယ်။ အမှန်မှာ ဥပေက္ခာက မေတ္တာထက်လည်းသာတယ်၊ကရုဏာ ထက်လည်း သာတယ်။ ဥပေက္ခာဆိုတဲ့  သဘောတရားကလူဆိုတာသူ့ ကံနဲ့ သူဖြစ်တာ။ဆဲသွားရင်လည်း  ငါ့ဆဲရမလားလို့ စိတ်မဆိုးနဲ့ ။ ဥပေက္ခာသမားသည် လာရောက်ပြီးတော့ ချီးမွမ်းပြီးတော့ အကူအညီပေးရင် လည်း အော် ဒီကောင်က တော်တယ်၊   ငါ့ကို ချီးမွမ်းဖော်ရတယ်၊ ငါ့ကို ကူညီဖော်ရတယ် ဆိုပြီးတော့လည်း ၀မ်းမသာဘူး၊ ဆိုလိုတာက စိတ်ဓါတ်အလွန်တည်ငြိမ်တဲ့ ပုဂ္ဂိုလ်အနေအထားမျိုးကို ဥပေက္ခာလို့ ခေါ်တယ်။ စိတ်ဓါတ် အလွန်တည်ငြိမ်တယ်။စိတ်ဓါတ်တည်ငြိမ်ပြီးလူကိုလျစ်လျူမရှုဘူး၊လူ့ ရဲ့ အပြုအမူကိုသာလျစ်လျူ ရှုပြီး လုပ်သင့်တာ  လုပ်တယ်။ ဆိုပါစို့  လူတစ်ယောက် အကူအညီ  လိုနေတယ်။    ဒုက္ခရောက်နေ တယ်။ သို့ သော် သူကဆဲပြီးတော့ခိုင်းတယ်၊စိတ်မဆိုးဘူး။လုပ်ပေးတယ်။တစ်ယောက်က ချော့ပြီးတော့ခိုင်းတယ်။ ၀မ်းမသာဘူး လုပ်ပေးတယ်။      အဲဒါ ဥပေက္ခာ။ ၀မ်းသာတယ်တို့  စိတ်ဆိုးနေတယ်တို့ ဆိုတာက စိတ်မှာ တည်ငြိမ်မှု မရှိတာကို ပြတယ်။ တည်ငြိမ်မှု မရှိတဲ့ သဘောကို ပြနေတာ။ အခု မြန်မာတွေက ဘယ်လို အဓိ ပ္ပါယ် ကောက်လဲ  ဆိုလို့ ရှိရင်တော့     ဥပေက္ခာဆိုတာ  ကိုယ်နဲ့ မတည့်တဲ့သူဒီကောင်မခေါ်မပြောဘဲ  နေ
လိုက်တယ်၊ ဥပေက္ခာပြုထားတယ် မခေါ်မပြောဘူး၊   စကားလည်းမပြောဘူး၊   သူ့ ဘာမှ မလုပ်ဘူး၊   အဲဒါ ဥပေက္ခာ ဒီလို မဟုတ်ဘူး၊   အဲဒီ ဥပေက္ခာက တစ်မျိုး    ဒီမွန်မြတ်တဲ့ ဥပေက္ခာ မဟုတ်ဘူး။     မွန်မြတ်တဲ့ ဥပေက္ခာ ဆိုတာ တစ်ဖက်သားလုပ်တာကို ဂရုစိုက်ပြီးတော့ မနေဘူး၊လုပ်သင့်တာလုပ်တယ်၊ ဒါမှ တကယ့် ဥပေက္ခာ၊ ဆဲလည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်၊ ချီးမွမ်းရင်လည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာ လုပ် မယ်၊လုပ်သင့်တာကိုလုပ်ပေးတယ်၊စိတ်ဓါတ်ကတော့ တည်တည်ငြိမ်ငြိမ်ထားတယ်၊ဒါမှတကယ့်ဥပေက္ခာပါ။

ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

Sunday, July 28, 2013

ကို တို့ တစ်နေ့ တော့ နီးလာမှာပေါ့

တစ်နေ့ နေ့ မှာ နှစ်ယောက်အတူတူ ဆုံနိုင်ခွင့်ရမယ်ဆိုတဲ့ ငါတို့ ရဲ့ မျှော်လင့်ချက်............
တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုပဲ ဝေးနေပါစေ .တစ်နေ့ ထက် တစ်နေ့ ပိုတိုး တိုးပီး ချစ်သွားကြမယ်ဆိုတဲ့ ငါတို့ ရဲ့ အချစ်.....
တစ်ယောက်ကို တစ်ယောက် လွမ်းနေရတဲ့ အလွမ်းတွေ ကိုယ်စီနဲ့ 
အကောင်းဆုံကျော်ဖြတ်သွားကြမယ်ဆိုတဲ့ ငါတို့ ရဲ့ ခံယူချက်........
အချိန်တွေဘယ်လိုပဲပြောင်းလဲ ပြောင်းလဲငါတို့ အချစ်တွေပြောင်းလဲမသွားကြေးဆိုတဲ့ငါတို့ ရဲ့ ဂတိ.......
တစ်နေ့ နေ့ မှာ ဘ၀သစ်တစ်ခုခု အတူတူတည်ဆောက်ခွင့်ရဖို့ အတွက်
ကြိုးစားနေတဲ့ ငါတို့ ရဲ့ ရည်ရွယ်ချက်..............
တစ်ယောက်ရဲ့ အဝေးမှာ တစ်ယောက်ရှိနေခွင့်ရပေမဲ့ ရင်ထဲမှာ
အမြဲတမ်းမပြောင်းလဲပဲရှိနေကြမယ်ဆိုတဲ့ ငါတို့ ရဲ့ သစ္စာ............
အားလုံးပြောင်းလဲမသွားပဲ နှစ်ယောက်အတူတူ ဆုံတွေ့ ခွင့်ရမဲ့ အချိန်လေးအမြန်ဆုံးရောက်ချင်မိတယ် ........ချစ်သူရယ်..................

khin myo aye

Saturday, July 27, 2013

တကယ်ချစ်ကြရင်.................

 
တကယ်ချစ်ကြရင် မာနဆိုတာ
ဘာလို့ထားနေမှာလဲ...

တကယ်ချစ်ကြရင် ဂရုစိုက်မှု
တွေပေးဖို့ဘာလို့မေ့နေမှာလဲ...

တကယ်ချစ်ကြရင် စိတ်ဆိုးပြီးတဲ့
အခါတိုင်း ဘာလို့ပြန်ခေါ်ကြဖို့ဝန်
လေးနေကြမှာလဲ...

တကယ်ချစ်ကြရင် ဘာဖြစ်လို့
နားလည်မှုခပ်ပါးပါးလေးတွေ
မပေးနိုင်ရမှာလဲ...

တကယ်ချစ်ကြရင် ဘာလို့ကိုယ့်
ချစ်သူကိုဘဝတစ်ခုလုံးအတွက်
မလက်တွဲနိုင်ရမှာလဲ...

တကယ်ချစ်ကြရင် ဘယ်လို
အခက်ခဲတွေပဲကြုံကြုံလက်တွဲ
ဖြုတ်ကြမယ်ဆိုတဲ့အတွေးတွေ
တွေးမိကြမှာမဟုတ်ပါဘူး...

ဘာဖြစ်လို့လဲဆိုတော့တကယ်
ချစ်ကြတဲ့လူတွေဟာဘယ်လို
သောအချိန်မှာပဲဖြစ်ဖြစ်
တစ်ယောက်ရင်ထဲမှာတစ်ယောက်
အမြဲရှိနေလို့ပါပဲ...

Phoe Phyu

Thursday, July 25, 2013

ကံကြမ္မာကိုဖန်တီးသူ...............


တချို့လူတွေက...
ကိုယ်ဘယ်လောက် နေချင်တဲ့ နေရာလေးဖြစ်နေပါစေ...
နာကျင်မူကို ဆက်ပြီး မခံစားနိုင်တော့တဲ့ အခါ.........
အဲ့နေရာနဲ့ ဝေးရာကို ထွက်ပြေးဆုံးဖြတ်တက်ကြတယ်။



တချို့လူတွေကျတော့...
ဘယ်လောက်ပဲ နာကျင်မူတွေခံစား နေရပါစေ....
ကိုယ်နေချင်တဲ့နေရာလေးရဖို့ ကျေကျေနပ်နပ်နဲ့..
ဆက်ကြိုးစားရင်း မျှော်လင့်ဖို့ ဆုံးဖြတ်တတ်ကြတယ်။


ဘ၀မှာ နာကျင်ရဆုံး ဆုံးဖြတ်ခြင်းက...
လက်လျော့တော့မှာလား....
ဆက်ပြီး မျှော်လင့်နေအုံးမှာလားလို့...
ခဏခဏ ရွေးချယ်ခိုင်းနေတက်တဲ့ ကံကြမ္မာပဲ.........။

ဒီကံကြမ္မာကို ဖန်တီးပေးနေတာလည်း...
ကိုယ်အရမ်းချစ်နေရတဲ့ သူပဲလေ....................


မင်းအလင်္ကာ

Wednesday, July 24, 2013

တကယ်ချစ်တဲ့သူ........................

 
နာကျင်ခြင်းတွေ
မြင့်မိုရ်တောင်လောက်မြင့်မားကြီးထွားအောင်ပေးစေဦးတော့
ကြင်နာခြင်းသာ နှမ်းစေ့လောက်ပေးပါစေ
မြင့်မိုရ်တောင်ကျောပိုးရင်း
နှမ်းစေ့တွေ မြင့်မိုရ်ထက်မြင့်
နင့်အချစ်တွေ ရင့်ကျက်လာသည့်အထိ
ငါ့နှလုံးသားနဲ့တောင့်ခံ
ကမ္ဘာပျက်လဲ နောင်ဆယ်သက်မက
နင့်အချစ်တွေ စုဆောင်းနေမှမှာ
ဒီရင်မှာ ။ ။

လွင်ပြင်လှိုင်းငယ်

Tuesday, July 23, 2013

"အလွမ်းဇာတ်သိမ်း"



အိပ်မက်တွေ ထုဆစ်ခွင့်မရ
နာကျင်ကြေမွတဲ့ဘဝမှာ
တိတ်တိတ်လေးကြေကွဲ
နေမြဲအတိုင်းလေးပဲ ကောင်းပါတယ်။

ငိုစရာ မျက်ရည်တွေခန်း
အရင်တုန်းက လမ်းတွေမှာ
ပန်းကြွေတွေနဲ့ရော
မောခဲ့ဖူးတာလည်း မင်းသိပါတယ်။

ထားရစ်ခဲ့ ဝေဒနာ
အသေအချာ အဖြေရှာ ကြည့်တော့
လျော့လွန်းတော့ပတ်တဲ့ကြိုး
ထပ်တိုးဖို့လည်း မစဉ်းစားချင်တော့ဘူးလေ

သည်တော့ . . ..
အတိတ်က ဇာတ်လမ်း
သည်မှာပဲ တစ်ခန်းရပ်
အလွမ်းနဲ့ ဇာတ်သိမ်းလိုက်တယ်။

ရင်ခွင်ဦး(ဟံဇား)

Monday, July 22, 2013

ယုံ ပါ မောင်


♥♥♥♥♥♥♥♥♥

အလှမ်းကွာဝေးသူမို့
အလွမ်းစာလေးတော့
ပါးလိုက်ပါရစေ မောင်♥

အပြင်မှာမကြုံ အွန်မှာဆုံလို့
အပျော်ချစ်ကာ ဖော်သစ်မရှာပဲ
သစ္စာတွေထား အကြင်နာပွားကာ
ကျွန်မတို့ အချစ်တွေကိုတော့
မြဲချင်မိတယ် မောင်♥

မြေမှခွဲခွာ အိမ်နဲ့ဝေးကွာ
နိင်ငံရပ်ခြား တိုင်းတစ်ပါးမှာ
ပျော်မယ် ထင်သလား မောင်♥

ကာလာစုံမီးရောင်ကြားမှာ
တစ်နေ့တစ်ရက်ရယ်မှ
အပျော်တွေ မမက်ခဲ့ပါဘူး မောင်♥

သူ့နိင်ငံ သူ့ယဉ်ကျေးမှုလေ
လှော်ညီအောင်လို့ရယ်
ဘောင်းဘီအရှည်လေးတော့
ဝတ်ရမှာပေါ့ မောင်♥

မောင်ရင်မှာ
အစဉ်ရှိလို့ သိထားရမှာက
နူတ်ခမ်းနီပါးနီတွေ လိမ်းကာမခြယ်ပဲ
မှုံနံ့သာကို ဘယ်ညားလူးကာ
ကျွန်မဟာလေ တန်းဖိုးရှိတဲ့
မြန်မာမလေး စစ်စစ်ပါ မောင်♥

ကဗျာမဆန် လင်္ကာမချောနဲ့
ယုံကြည်အောင် ပြောနေတာကို
အပြစ်ဖို့ကာ မောင် ငြိုငြင်ရင်လည်း
တွယ်တာလှပေမယ့် ကျွန်မလေ
ကွယ်ရာကပဲ ချစ်ပြပါမယ် မောင် ......

Saturday, July 20, 2013

ပင်လယ်သေ -->



ဘယ်အချိန်သေမလဲ မသိ
မသေခင်အထိ ..
မနက်ဖြန်တွေတော့ ဆက်တိုက်လာဦးမယ်

လောကဓံတွေ ..
အမောသံတွေရယ် နဲ့

ဒုက္ခက ပင်လယ်ဆို ..
အသက်ရှူမရပ်သရွေ့ 
တက်ကူမပါ ..
တစ်ကိုယ်ရယ်ထီးတည်း

ပြိုင်ပွဲက မထွက်နိုင်သ၍တော့
နိုင်သူ ရှုံးသူ အတူတူအနူနူပါပဲ

ရှုံးရတာများတော့
သုညနဲ့ နေသားကျလာတယ်

....

ကံကြမ္မာကို အားမရဘူးကွယ်
ပိုးဖလံမျိုး ..
ပင်ကိုယ်ဆိုးတယ်ပဲ ပြောစေတော့

ပူလျက်နဲ့ မတိုးချင်
မတိုးမဖြစ် တိုးဝင်ရစ်ခဲ့
ကိုယ့်အရေးထက်
အရေးပါတာတွေ ရှိနေတတ်ကြသေးတယ်

ဘယ်လိုလဲကွယ်

အပြစ်တင်မယ် ဆိုလည်း
အပြစ်မမြင် ဖြစ်စဉ်သင့်ပါတယ်

တကူးတကတော့ ဒီအပူအပင်
အဘယ်သူ ယူငင်ချင်ပါ့မလဲ

နှိမ့်ကျတာ များတော့ ..
ခေါင်းငုံ့ထားရင်း မာနကင်းလာတယ်

....

တစ်ခါ တစ်ခါ ..

ဖြစ်ချင်တာထက်
ဖြစ်သင့်တာတွေ ဦးစားပေးရတယ်

တစ်ခါ တစ်ခါ ..

လိုချင်တာထက်
လိုအပ်တာတွေ ဦးစားပေးရတယ်

ငါ ဘာတွေ လိုနေသလဲ
ငါ ဘာလို့ ငိုနေသလဲ

အဆင်မပြေမှုတွေ အကြား
အတ္တတွေ အလွှာလိုက်ကွာကျ

ငါ ဆိုတဲ့အစွဲက ..
ငါ့ကိုယ့်ငါပြန် မုန်းတီးတတ်လာတယ်


( နှင်းသို့ )

Monday, July 15, 2013

စိမ်းရက်ရင်စိမ်း


အယူခံဝင်တေး ကိုယ်မရေးချင်လည်း
အသည်းပူဆာ မနေသာလို့ရေးပါရစေ
အလွမ်းဝေတဲ့စကားကို ကျွမ်းနေတဲ့နှလုံးသားနဲ့ဆိုမယ်
နွမ်းကြေလျှက်ရတက်ပွေသမျှ စိတ္တဇညတွေကုန်ပါစေ

ဒို့နှစ်ဦးရဲ့ကမ္ဘာမှာ နားလည်စွာနဲ့ညှိခဲ့တဲ့သံယောဇဉ်
ကာရံတွေမပီပြင်လည်း အသည်းချင်းသိပီတိဝေဖြာ
ပျော်ခဲ့ပါတယ် သြော် --- ခုတော့
ချစ်ခွင့်ကြုံလို့တွေ့ဆုံခဲ့ရ ဒို့ဘဝတွေချစ်ကံခေတော့
ကာလလွှဲမှားအသဲသာကြွေ အချစ်မြေမှာအပျော်ခြေလှမ်းသမျှ
အလွမ်းသာခြေရာကျန် ရင်ခွင်မှာဒဏ်ရာဖြစ်
မဆုံဖြစ်ခဲ့ကြယင်အကောင်းသား
ခုများတော့လေဘယ်ဆီမှာနေ ဘယ်မြေကိုရောက်
ဘယ်လောက်ဝေးဝေး အတွေးနဲ့သာလွမ်း ရင်ခွင်မှာနွမ်း
ကျွမ်းခဲ့ရချစ်သူ လွမ်းမိတဲ့ဒီလူဟာ
အမုန်းနဲ့ထိုက်သူလား မုန်းလိုက်ပေါ့ချစ်သူ
ကြားလူကိုမင်းယုံလို့ စုန်ကန်ခဲ့ချစ်ရင်ခွင်
ဘယ်လိုပင်စိမ်းသော်လည်း မယိမ်းယိုင်ကိုယ့်ချစ်တွေက
မမုန်းနိုင်ခိုင်လျှက်သားမို့ မေ့နိုင်သူစိမ်းသူကြီးရယ်
စိမ်းရက်ယင်စိမ်း ကိုယ်ကတော့မစိမ်းရက်ပါကွယ်
နေမင်းအလင်း

http://nayminalin.blogspot.com/2011/03/blog-post_1043.html?spref=fb မှကူးယူပါသည်။

Monday, July 8, 2013

ကျန်ခဲ့လိမ့်မယ်................တဲ့


မြန်မာ စကားပုံတစ်ခုလို ဘဲ
မုသားမပါ လင်္ကာ မချောလို့ ပြောပေမဲ့ 

ငါ့ ရဲ့  အချစ်တွေမှာ မုသားကင်းတဲ့ 
နှလုံးတစ်စုံနဲ့  မင်းကို ချစ်ခဲ့ တာပါ

ချစ်ခြင်းတရားမှာ မာယာဖုံး
မုသားတွေ သုံးပြီး ငါ့ အချစ်တွေကို
နင်မပြုစားပါနဲ့ 

ငါပေးခဲ့ တဲ့  မေတ္တာတရားမှာ
ဖြူစင်တဲ့  သစ္စာတရားတွေ
ရောယှက်ပြီးသားပါ

ပျော်ရွင်မှုတွေပြည့် ဝစွာ
မရရှိခဲ့ ရင် နေပါစေ
အမုန်းဝဲဂယက် မှာတော့ 
မလူးလွန့်  ပါရစေနဲ့ 

ပျော်ပါစေလို့ ဆိုပြီး
ပြုံးပြနေတာ
သူဘာမှ မသိပါဘူးပြီး
လှည့် ကွက်တွေနဲ့ ဥာဏ်မဆင်လိုက်............
တွယ်ရာမဲ့  ဘ၀မှာ နင်တစ်ယောက်တည်း ကျန်ခဲ့ လိမ့် မယ်



လမင်း ခင်

Thursday, July 4, 2013

ပန်း..................


မိတ်ဆွေ
တစ်ပွင့်ပန်းကို
ခူးဆွတ်ပြီးမှတော့
ရူးသွတ်စွာနဲ့
မြတ်နိုးတယ်ပဲပြောပြော
သူ့ရနံ့သင်းသင်းမို့
ခေါင်းမှာဆင်တယ်ပဲဆိုဆို
ပြန်မရမယ့် အခြေတစ်ခုတော့
ပန်းကလေးဘ၀မှာရှိနေလေရဲ့
ရနံ့သင်းသည့်
ပွင့်ဦးပန်းဘဝ
ဘယ်သောခါမှ
အများမော်ဖူး
ပန်းတို့မာန်ဝင့်
ပင်ယံထက်တွင်
ပွင့်လန်းဖို့ခွင့်
သူ့တွင်မရှိတော့ပါလား ......

လွင်ပြင်လှိုင်းငယ်

Wednesday, July 3, 2013

“ပြန်ဆုံပါရစေ”


အတိတ်ခြေရာ ရင်အဝှေ့မှာ
စိတ်ဖြေစရာ ရှာမတွေ့ပါဘူးသခင်။

နာနာကျင်ကျင် မဝေးပဲဝေးမို့
ကြင်ကြင်နာနာ ဆွေးဆဲပါပဲလေ။

ဝေး ဝေးလေသမျှ
တွေး တွေးနေရရင်း
ဆွေး ဆွေးဖြေဘဝ
မရွှင်ရပါဘူး သခင်။

ရင်ထဲအချစ်
ပင်မြဲရစ်မို့
ကျစ်လစ်ခိုင်မာစွာနဲ့
အချစ်သစ် မြိုင်စွာပွင့်ရင်း
ကွေကွင်းရသူဘဝ
ကြွေဆင်းခ မျက်ရေတွေက ထာဝရပါ။

ကျေနပ်ပါတယ် သခင်
ဖြေတတ်စရာကွယ် မမြင်လဲ
လူ့တစ်ခွင် လူ့ဘဝထဲမှာ
နှစ်နှစ်ကာကာ အချစ်
သခင့်ရင်မှာ ဖြစ်ခဲ့လို့
ကျန်ရစ်သမျှ နောက်ဘဝတွေမှာ
ပြန်ချစ်ပါရစေ
ဆုအလှချွေရင်း
ကြွေဆင်းခဲ့တဲ့ မျက်ရေတွေအစား
သခင်ရယ်…
ပြန်ဆုံပါရစေသား…..။ ။


မင်းကြည်ညို

Monday, July 1, 2013

အဆုံးသတ်မှာကျန်ရစ်နေခဲ့ရမယ်သူ


ငါ့ဘ၀ကိုကြီးစိုးထားတဲ့
နင့်ရဲ့ပုံရိပ်တွေကြားက
ငါ့ကိုနှင်မထုတ်လိုက်ပါနဲ့.....
အဆုံးသတ်မှာကျန်ရစ်နေခဲ့ရမယ်သူဆိုတာ
ငါ့ကိုငါသိနေပေမယ့်
စွဲလမ်းစွာချစ်နေမိတဲ့အချစ်ကို
အနိုင်မယူနိုင်မိခဲ့လို့
အချိန်လွန်နောင်တတွေလဲ
ငါ့ရင်မှာထားစရာနေရာမရှိအောင်ရနေခဲ့ပါပြီ...။
အရားအားလုံးပေါင်းစပ်ကြည့်မှ
ဘ၀တစ်ခုကိုယ်တစ်ခုနဲ့ရှင်သန်နေတဲ့ငါ
လက်ဆုပ်လက်ကိုင်ပြစရာမရှိတဲ့အချစ်တစ်ခုနဲ့ငါ့ကိုထားရစ်ခဲ့ပြီး
နင့်ဘ၀ကိုလုံခြုံပြည့်စုံစွာထားနိုင်မယ်ထင်တဲ့
အချစ်မဲ့ရင်ခွင်ပြာကြီးထဲကို
ပြောင်းရွှေ့သွားခဲ့လိုက်တဲ့နင့်ကို
ငါကျေနပ်ပါတယ်.....
ပြည့်စုံကြွယ်ဝမှုမရှိတဲ့ငါ့ကိုငါပဲအပြစ်တင်ရတော့မှာပေါ့....။


လွင်ပြင်။