Friday, January 30, 2015

စွန့်လွှတ်ဖို့အချိန်တန်လာတဲ့အခါ


သင့်အပေါ် တန်ဖိုးထားမပေးတတ်တဲ့
သူတစ်ယောက်အပေါ် ဝမ်းနည်းမှု /နာကျင်မှုတွေနဲ့ရင်းပီး
နားလည်ပေးနေဖို့မကြိုးစားပါနဲ့
သင့်အပေါ် မျှော်လင့်ချက်တွေသာ ပေးတတ်ပီး
အချစ်စစ်နဲ့ ချစ်နေမပေးတတ်တဲ့ သူတစ်ယောက်အပေါ်
တစ်ဘဝလုံးစာအထိ ချစ်နေပေးသွားဖို့ မကြိုးစားပါနဲ့

သင့်ရဲ့ ခံစားချက်တွေအပေါ် အမြဲတမ်း ဥပေက္ခာပြု
နေတတ်ပီး နားလည်မှုတွေမပေးတတ်တဲ့ သူတစ်ယောက်အပေါ်
ပိုင်ဆိုင်ခွင့်ရဖို့ မကြိုးစားပါနဲ့
သင့်ကို မချစ်တော့လို့ ရက်စက်တဲ့အပြုအမူတွေနဲ့
ထားရစ်ခဲ့ သူတစ်ယောက်ကိုလဲ အချိန်တွေအကြာကြီးအထိ
တမ်းတနေဖို့ မကြိုးစားပါနဲ့
တစ်ကယ်တော့ သင် အရမ်းချစ်ရတဲ့သူတစ်ယောက်ကို
သင့်ရဲ့ဘဝထဲကနေ မေ့ပျောက်သွားဖို့အတွက် ကြိုးစားရတာ
ခက်ခဲတယ် အရမ်းနာကျင်ရတယ်ဆိုပေမဲ့လည်း
တစ်နေ့နေ့ ပျော်ရွှင်ခြင်းဆိုတာကို ပိုင်ဆိုင်ခွင့်ရဖို့အတွက်
စွန့်လွှတ်ဖို့အချိန်တန်လာတဲ့အခါ လက်လွှတ်ပေးလိုက်တာက
သင့်အတွက်တော့ အကောင်းဆုံးဖြစ်မှာပါ

Khin Myo Aye

Wednesday, January 28, 2015

ဘယ်လောက်ဝေးဝေး … အနီးလေး


ကျမနဲ့မောင် ဘယ်လောက်ဝေးဝေး …
အနီးလေးမှာရှိတယ် …
သူပြောတော့ အအေးမိချောင်းဆိုး …
သာမာန် ဖျားတာမျိုးပဲတဲ့ …
ဒါပေမယ့် …
ကျမ အိပ်မရဘူး …
စိတ်ပူတတ်တာက ဆိုးတယ် …
နဂိုကမှ နူးညံ့တဲ့ သူ့အသံဟာ …
ဖျားနေတဲ့အခါ တိုးညှင်း …
ဖျော့တော့ခြင်းအတိ …
စိတ်မသက်သာခြင်း ဖြစ်မိတယ် …
အလုပ်တွေ ပင်ပမ်း …
စိတ်မသက်သာ ရင်မှာနွမ်း …
ချစ်သူကို အဝေးမှာရော်ရမ်း …
လွမ်းတာက ဆိုးတယ် …
စိတ်မပူနဲ့မောင် …
ကျမနဲ့မောင် ဘယ်လောက်ဝေးဝေး …
အနီးလေးမှာရှိတယ် …
ချစ်တယ် ဆိုတာထက် …
နက်ရှိုင်းတဲ့ နားလည်မှု …
ကြင်နာမှု စာနာမှုနဲ့ … သံယောဇဉ် …
ကျမတို့အကြားမှာ ရှိတယ် …

Monday, January 26, 2015

"ပဋ္ဌာန်းမရွတ်မီ အဓိဋ္ဌာန်ပုံ သစ္စာပြုပုံ နှင့် ပဋ္ဌာန်း(၂၄)ပစ္စည်းမြန်မာပြန်"

"ပဋ္ဌာန်းမရွတ်မီ အဓိဋ္ဌာန်ပုံ သစ္စာပြုပုံ နှင့် ပဋ္ဌာန်း(၂၄)ပစ္စည်းမြန်မာပြန်"
****************************** ********************
မကြာခင်ရေးသားပြီးတင်တော့မည့် ပဋ္ဌာန်း(၂၄)ပစ္စည်း မြန်မာပြန်အတွက် ရှေးဦးစွာ ပဋ္ဌာန်းမရွတ်ဆိုမီ လုပ်ဆောင်ရမည့် လုပ်ငန်းလေးတွေအကြောင်းကို ရေးသားပြီးအသိပေးမှဖြစ်ပါမှာပါ။ဘာကြောင့်လဲလို့ဆိုတော့ ပဋ္ဌာန်းမရွတ်ဆိုမီလုပ်ဆောင်ရမယ့်လုပ်ငန်းတွေအကြော င်းကိုသိထားမှ ရွတ်ဆိုတဲ့အခါ နေရာကျမှာဖြစ်ပါတယ်။ မသိထားရင်တော့ နေရာကျစရာအကြောင်းမရှိပါ။နေရာကျကျ အစီစဉ်ကျကျရွတ်ဆိုပါမှ အကျိုးထူးအကျိုးမြတ်များကိုခံစားရမည်ဖြစ်ပါတယ်။ဒါကြောင့် ပဋ္ဌာန်းမရွတ်ဆိုမီ အဓိဋ္ဌာန်ပုံနှင့်သစ္စာဆိုရပုံလေးကိုရှေးဦးစွာရေးသားလိုက်ခြင်းဖြစ်ပါတယ်။
၁။ယနေ့မှစ၍နေ့စဉ်မပြတ် တစ်လတိတိ ပဋ္ဌာန်းဒေသနာတော် များ ရွတ်ဆိုပြီးမြတ်စွာဘုရားကို ပူဇော်ပါမည်ဟုအဓိဋ္ဌာန်ပြုရမှာဖြစ်ပါတယ်။
၂။တစ်လအဓိဋ္ဌာန်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ်ယခုအချိန်မှစ၍ ပဋ္ဌာန်းဒေသနာတော် များကို ရွတ်ဖတ်ကာ မြတ်စွာဘုရားအားပူဇော်ပါတော့မည်ဟု အဓိဋ္ဌာန်ပြုရမည်ဖြစ်ပါတယ်။
၃။ယနေ့အဓိဋ္ဌာန် ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ပူဇော်မည်ဖြစ်၍တပည့်တော်၏ ကိုယ်စောင့်နတ်၊ နေရာစောင့်နတ်၊အိမ်စောင့်နတ်၊ ခြံစောင့်နတ်၊လမ်းစောင့်နတ်၊ ရပ်ကွက်စောင့်နတ်၊မြို့စောင့်နတ် သာသနာတော်စောင့်နတ် စတဲ့ ဌာနအသီးသီးမှာ စောင့်ရှောက်ကြကုန်သော နတ်မြတ် နတ်ကောင်းနတ်အပေါင်းတို့အားလည်းကောင်း၊ဤနေရာ ဤဌာနမှာ ရှိကြကုန်သော ဥစ္စာစောင့် သိုက်နန်းရှင် စတဲ့မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်၊မကျွတ် မလွတ်ကြကုန်သော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ လောကကြီးကိုစောင့်ရှောက်ကြကုန်သော ဓတရဋ္ဌ၊ဝိရူဠက၊ဝိရူပက္ခ၊ကုဝေရဟူသော နတ်မင်းကြီးလေးပါးစသည့်ဖြင့် (ပင့်ဖိတ်သင့် ပင့်ဖိတ်ထိုက်သော)ပုဂ္ဂိုလ်များကိုနာမည်တပ်၍ပဋ္ဌာန်းတရားနာကြားဖို့လာရောက်နာကြားကြပါကုန်လော့ဟု ပင့်ဖိတ်ရမှာဖြစ်ပါတယ်။နေ့တိုင်းရွတ်ဆိုမည်ဆိုပါက နေ့တိုင်းပင့်ဖိတ်အပ်ပါတယ်။တစ်လရွတ်ဆိုမည်
ဆို လျှင်တော့ နေ့တိုင်းပင့်ဖိတ်စရာမလိုပါ။တစ်လပြည့်တဲ့ထိ မပင့်ဖိတ်ပဲနေနိုင်ပြီးတစ်လပြည့်မြောက် ရင်တော့ ပင့်ဖိတ်ထားသူများကို မိမိတို့နေရာ ဌာနသို့ အသီးသီးပြန်ကြွရန်မေတ္တာ ရပ်ခံရ မည်ဖြစ်ပါတယ်။(နေ့တိုင်းရွတ်ဆိုရင် နေ့တိုင်းပင့်ဖိတ်ရမှာဖြစ်သလို နေ့တိုင်းပြန်ပို့ရမှာဖြစ်ပါတယ်။)
၎။ပဋ္ဌာန်းဒေသနာတော်များ ပစ္စယုဒ္ဒေသ၊ပစ္စယနိဒ္ဒေသ ပါဠိတော်နှင့် မြန်မာပြန်များကိုကောင်းမြတ်သော အချိန်ခါ ဖြစ်သည့်အတွက်(ဟေတုပစ္စယောမှစ၍ ရွတ်ဆိုပူဇော်ရမာဖြစ်ပါတယ်။)ရွတ်ဆိုပူဇော်ပြီးသည်နှင့် အမျှပေးဝေရမှာဖြ စ်ပါတယ်။
၅။(သစ္စာဆိုပုံ) ။။ယခုအခါတစ်လအဓိဋ္ဌာန် ရွတ်ဆိုပူဇော်ရာ တွင် ယနေ့အဓိဋ္ဌာန် အဖြစ် ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပူဇော်၍(နေ့တိုင်းပူဇော်မည်ဆိုပါကလည်း)နေ့တိုင်း ပဋ္ဌာန်းဒေသနာတော် ကိုရွတ်ဖတ်၍မြတ်စွာဘုရားရှင်အားပူဇော်ပြီးပါပြီ။ဤသစ္စာစကားကြောင့်လည်းကောင်း၊ဤပဋ္ဌာန်းဒေသ
နာတော်၏တန်ခိုး ရှိန်စော် အာနုဘော်တို့ကြောင့်လည်းကောင်း၊ဤပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုရသော ကောင်းမှု၊နာကြားရသော ကောင်းမှုကုသိုလ်တို့၏ တန်ခိုးတော်ဇော် အာနုဘော် တို့ကြောင့်လည်းကောင်း၊ ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဆိုပြီးတိုင်း တပည့်တော်နှင့်ထ ပ်ထူထပ်မျှ ရစေဖို့ အမျှပေးဝေရတဲ့ကောင်းမှုကုသိုလ်၊ ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုရတဲ့ကောင်းမှုကုသိုလ်တို့၏ တန်ခိုးတေဇော်အာနုဘော် တို့ကြောင့်လည်းကောင်း တပည့်တော်သည်(..................)ဖြစ်ရပါလို့၏ ဟူ၍လိုရာဆု တစ်ခုတည်းကိုတောင်းပါ။လိုရာဆုတစ်ခု မပြည့်မချင်း ဤတစ်မျိုးကိုသာ ဆက်၍ဆုတောင်းပါ။
၁။ဟေတုပစ္စယော=ဟိတ်ခြောက်ပါးဖြစ်၍ကျေးဇူးပြုတတ်သောတရား ညောင်ပင်မြစ်သည် ညောင်ပင်
အားမြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုရှိသော လောဘ၊ကြမ်းတမ်းေ သာခက်ထန်ခြင်း အမျက်ထွက်ခြင်းရှိသော ဒေါသ၊ မကောင်းသော အယူဝါဒကို မစွန့်ဘဲ ငိုက်မြည်းတွေဝေ ခြင်းရှိသော မောဟ၊ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုမရှိသော အလောဘ၊နူးညံ့စွာ ယဉ်ကျေးလိမ္မာ၍ ကြမ်းတမ်းခက်ထန်ခြင်း၊အမျက်ထွက်ခြင်းမရှိသော အဒေါသ၊ ကောင်းသောအယူဝါဒကို လက်ကိုင်ထားပြီးယုံမှားသံသယများ ဖြင့် ငိုက်မြည်းတွေဝေးခြင်း မရှိသော အမောဟတရားတို့သည် စိတ်၊စေတသိတ်တရားတို့ အားအလိုသို့လိုက် ၍ဖြစ်စေခြင်းဖြင် ကျေးဇူးပြုခြင်းငှာ ဟေတုပစ္စည်းတရားကိုဟောတော်မူသည်။
၂။အာရမ္မဏပစ္စယော=အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား တောင်ဝှေးသည် မသန်မစွမ်းသူတို့အားအလိုရှိရာသို့ ရောက်စေ၍အထောက်အကူပေးသကဲ့သို့ အဆင်း(ရူပါရုံ)၊ အသံ(သဒ္ဓါရုံ)၊အနံ့(ဂန္ဓာရုံ)၊အရသာ(ရသာရုံ)၊အတွေ့ အထိ(ဖောဋ္ဌဗ္ဗာရုံ)၊စိတ်ခံစားမှု(ဓမ္မာရုံ) ဟူသောအာရုံခြောက်ပါးတို့သည် ကုသိုလ်၊အကုသိုလ်တရားတို့ကို အကျိုးအကြောင်းများဖြင့် မိမိစိတ်ကို အထောက်အကူပြုပေး သကဲ့သို့ ကျေးဇူးပြုခြင်းငှာ အာရမ္မဏပစ္စည်း တရားကိုဟောတော်မူသည်။
၃။အဓိပတိပစ္စယော=အကြီးအမှူးဖြစ်၍ကျေးဇူးပြုတတ်သော တရား စကြဝတေးမင်းသည် ပြိုင်ရဲသူ၊ပြို င်သူမရှိလောက်အောင် ဇွဲ၊ လုံးလအပြည့်ဖြင့် အုပ်ချုပ်သကဲ့သို့အလိုဆန္ဒအလွန်ပြင်းပြခြင်းဟူသော ဆန္ဓာဓိပတိ၊အားထုတ်ခြင်းလုံးလဟူသော ဝီရိယာဓိပတိ၊လွန်စွာညွတ်ခြင်း ကိုင်းရှိုင်းခြင်း စိတ်ဓာတ်ပြင်းထန်ခြင်းဟူသော စိတ္တာဓိပတိ၊အသိဥာဏ်ပညာဖြင့် အသင့်ဆင်ခြင်ခြင်းဟူသော ဝီမံသာဓိပတိဟူသော အဓိပတိ တရားများသည် အားကောင်းရာသို့လိုက်၍ ကျေးဇူးပြုခြင်းငှာ အဓိပတိပစ္စည်းတရားကိုဟောတော်မူသည်။
၎။အနန္တရပစ္စယော=အခြားမဲ့တဆက်တည်းအကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရား စကြာဝတေးမင်းနတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တဆက်တည်းဖြစ်ခြင်း၊နောက်နောက် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန်အတွက် ရှေ့ရှေ့စိတ် အစဉ်တွေပျက်ပျက်ပေး၍ကျေးဇူးပြုခြင်းငှာ အနန္တရပစ္စည်းတရားကိုဟောတော်မူသည်။
၅။သမနန္တရပစ္စယော=ကောင်းစွာ(အခြားမဲ့)တဆက်တည်း အကြားမရှိ အတားအဆီးမရှိ၍ကျေးဇူးပြုတတ်သောတရား။ စကြာဝတေးမင်းတောထွက်၍ရဟန်းပြုခြင်းသည် အကြီးဆုံးသော သားရတနာအားတဆက်တည်းအကြားမရိကောင်းစွာ မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မြင်စိတ် သိစိတ် ကောင်းလျှင်ကောင်းသည်ဟုဝန်ခံခြင်း၊ မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည် စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် အခြားမရှိ ဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကိုဟောတော်မူသည်။
၆။သဟဇာတပစ္စယော=တပြိုင်နက် အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ဆီမီးသည် ညှိထွန်းသည်နှင် တပြိုင်နက် အလင်းရောင်နှင့်အတူတကွ ဖြစ်ပေါ်စေသကဲ့သို့ ခံစားမှုဝေဒနာ ဖြစ်သည်နှင့်တပြိုင်နက် မှတ်သားမှုသညာ၊ြ ပုပြခြင်းသင်္ခါရ၊အသိရှိမှု ဝိဥာဏ်ဟူသော နမ်ခန္ဓာလေးပါးတို့ကို တစ်ပေါင်းတည်းအတူတကွ ဖြစ်စေခြင်းဖြင့်ကျေးဇူးပြုခြင်းငှာ သဟဇာတ ပစ္စည်းတရားကိုဟောတော်မူသည်။
၇။အညမညပစ္စယော=အချင်းချင်းအပြန်အလှန်မှီ၍ ကျေးဇူးပြုတတ်သောတရား သစ်သားသုံးချောင်းသည် မလဲမပြိုရအောင် ခိုင်မြဲစွာ တစ်ချောင်းနှင့်တစ်ချောင်း အမှီပြုသကဲ့သို့သိမှု၊ခံစားမှုဟူသော ရုပ်တရား၊နာမ်တရားတို့သည်လည်းအချင်းချင်း အပြန်အလှန်ကျေးဇူးပြုခြင်းငှာ အညမညပစ္စည်းတရားကိုဟောတော်မူသည်။
၈။နိဿယပစ္စယော=မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ နောက်ဖြစ်ပေါ်လာသော သစ်ပင်စသည်တို့ကိုမှီ၍ ဖြစ်ထွန်းရန်အတွက် မြေကြီးသည် ပထမဆုံးအရင် ထောက်ပံ့ပေး၍ရပ်တည်ရာဖြစ်စေသကဲ့သို့ ရုပ်တရားသည် အာဟာရကိုမှီ၍ကျေးဇူးပြုခြင်းငှာ နိဿယပစ္စည်းတရားကိုဟောတော်မူသည်။ ၉။ဥပနိဿယပစ္စယော=အားကြီးသော မှီရာအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မိုးတွင်းအခါရွာသောမိုးကြီးသည် ထိုမိုးကို အမှီပြုကုန်သော သစ်ပင် သတ္တဝါ၊လယ်ယာမြေ၊တော၊တောင်အစရှိသည်တို့ အားကောင်းလာအောင်ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊သ ဒ္ဓါတရားကို အခြေခံ၍အမှီပြုကုန်သော ပုဂ္ဂိုလ်တို့သည် ဥပုသ်သီလစောင့်ထိန်းခြင်း၊သမထ၊ဝိပဿနာ၊ဘာဝနာများ အားထုတ်ခြင်းကြောင့် မဂ်တရား၊ဖိုလ်တရားများနှင့် နိဗ္ဗာန်ရောက်အောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကံ၊စိတ်၊ ဥတု၊အာဟာရဟူသော အကြောင်းတရားတို့သည် အားကြီးသော မှီရာဖြစ်၍ပုဂ္ဂိုလ်သတ္တဝါတို့အား ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဥပနိဿယပစ္စည်းတရားကိုဟောတော်မူသည်။
၁၀။ပုရေဇာတပစ္စယော=ရှေ့၌ဖြစ်နှင့်၍ကျေးဇူးပြုတတ်သော တရား။ ကမ္ဘာဦး၌ပထမဆုံး အရင်ဖြစ်နှင့်သော နေ၊လတို့သည် နောက်မှဖြစ်သည့် သတ္တဝါအပေါင်းတို့အားအလင်းရောင်ပေး၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊မိဘတိုင်းသည် သားသမီးများထက် အရင်ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေ့မှဖြစ်နှင့်သော လျှာသည် အရသာအား နောက်မှဖြစ်၍ ကျေးဇူးပြုခြင်းငှာ ပုရေဇာတပစ္စည်းတရားကိုဟောတော်မူသည်။
၁၁။ပစ္ဆာဇာတပစ္စယော=နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ သားကောင်း၊သမီးကောင်းများသည် ဥစ္စာပညာ ပြည့်စုံ၍ မိဘတို့အား နောက်မှပြန်၍ လုပ်ကျွေးစောင့်ရှောက်ခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊အရှင်ဗာကုလ ရဟန္တာမထေရ် အလောင်းတော်သည် မွေးပြီးစ နို့စို့အရွယ်တွင် သမုဒ္ဒရာအလယ်၌ ရေထဲသို့ ကျသွားရာ ရေနစ်၍ မသေခဲ့ပါ။ ထို့သို့မသေခြင်းသည် နောင်အခါရဟန္တာဖြစ်မည့် သတ္တိက အရှင်ဗာကုလမထေရ်အားမသေစေရန် အကျိုးပြုသကဲ့သို့လည်းကောင်း၊ရုပ်တရားတွေ လန်းဆန်းတည်တံ့ နေအောင် စိတ်တရားများကထက်သန်မှုအပြည့်ဖြင့် နောက်မှနေ၍ ကျေးဇူးပြုခြင်းငှာ ပစ္ဆာဇာတပစ္စည်းတရားကိုဟောတော်မူသည်။
၁၂။အာသေဝနပစ္စယော=အဖန်တလဲလဲ မှီဝဲအပ် ထုံမွှမ်းအပ်သည့်ဖြစ်၍ကျေးဇူးပြုတတ်သောတရား။ ရှေးရှေး၌ပန်းပေါင်းစုံတို့ဖြင့် စီမံရောပြွမ်းထားသော နံ့သာအား အမွှေးနံ့ အလွန်တိုးပွား ခိုင်မြဲစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးက သင်ယူတတ်မြောက်ထားခဲ့သည့် စာပေကျမ်းဂန်များသည် နောက်နောင်မှ သင်ယူရသည့် စာပေးကျမ်းဂန်တို့ကို လေ့လာမှတ်သားခြင်းငှာ ထောက်ပံ့ကာ အခြေခံအတွက်အားကောင်း၍ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးက အဖန်ဖန်ပြုလုပ်ခဲ့သောကုသိုလ်၊ အကုသိုလ်တရားများသည် နောက်နောင်မှ ပြုလုပ်သည့် ကုသိုလ်၊အကုသိုလ်တရားများအတွက် ကောင်းကျိုး၊မကောင်းကျိုးတို့ကိုတိုးပွားစေ၍ကျေးဇူးပြုခြင်းငှာ အာသေဝနပစ္စည်းတရားကိုဟောတော်မူသည်။
၁၃။ကမ္မပစ္စယော=ပြုလုပ်စီခြင်းဖြင့်ဗီဇမျိုးစေ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ သစ်ပင်အပေါင်းတို့သည် ကောင်းစွာပြုပြင်စီမံအပ်သော မျိုးစေ့၊အညွန့်၊အညှောက်၏အမူအရာသို့လိုက်၍ ကောင်းမကောင်းကျေးဇူးပြုသကဲ့သို့လည်းကောင်း၊
 ကောင်းသောအမှုကိစ္စကို ပြုလုပ်ဆောင်ရွတ်သူအား ထိုအတိုင်းပင် ကောင်းကျိုးချမ်းသာများကို ရရှိခံစားပြီး မကောင်းသော အမှုကိစ္စကို ပြုလုပ်ဆောင်ရွတ်သူအား မကောင်းသော ဒုက္ခ၏ဆိုးကျိုးများကို ရရှိခံစားရမှာ ဖြစ်စေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ကမ္မပစ္စည်းတရားကိုဟောတော်မူသည်။
၁၄။ဝိပါကပစ္စယော=အကျိုးရလာဒ်ဖြစ်၍ကျေးဇူးပြုတတ်သောတရား။ တိုက်ခတ်လာသော လေပြေ၊လေညှင်း၊ေ လနုအေးသည် သစ်ပင်ကြီးများ၏အရိပ်အောက်၌ နေသောသူအား ကိုယ်ရောစိတ်ပါ ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ကုသိုလ်ကံတရားကြောင့် ကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော လူဘုံ၊နတ်ဘုံတို့၌ခံစားရမည့် အကုသိုလ်ကံတရားကြောင့် အကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော ငရဲဘုံ၊တိရိစ္ဆာန်ဘုံတို့၌ ခံစားစေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ဝိပါကပစ္စည်းတရားကိုဟောတော်မူသည်။
၁၅။အာဟာရပစ္စယော=ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ ထောက်ကန်
ထားသော အကူ ဒေါက်တိုင်သစ်သားသည် အိမ်အို၊အိမ်ဟောင်းအားလေဒဏ်၊မိုးဒဏ်ကြောင့် မလဲမပြိုစေရန် မြဲမြဲခိုင်ခံ့ေ စခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ထို့အတူပင် ဆုံးဆယ့်တစ်ဘုံ၌ ရှိသော သတ္တဝါအားလုံးမှာ အသက်ဆက်၍ရှင်သန်နိုင်ရန် အတွက် ရုပ်အာဟာရ၊နာမ်အာဟာရနှစ်ပါးက ပံ့ပိုးထောက်ကူပေးခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ အာဟာရပစ္စည်းတရားကို ဟောတော်မူသည်။
၁၆။ဣန္ဒြိယပစ္စယော=အစိုးရသည်ဖြစ်၍ကျေးဇူးပြုတတ်သော တရား။ တိုင်းပြည်တစ်ပြည်အတွင်း၌ အသီးသီး ဆိုင်ရာကိစ္စ တာဝန်များကို ပေးအပ်ခြင်းခံရသော မင်း၊မှူးမတ်တို့သည် မိမိ၏တာဝန်များကိုအသီးသီးခွဲဝေ၍ပိုင်ပိုင်နိုင်နိုင် ဆောင်ရွတ်သကဲ့သို့ဣနြေ္ဒ(၂၂)ပါးရှိရာတွင် စက္ခုနြေ္ဒဟူသော မြင်သိစိတ်သည် မြင်သိစိတ်အားသာ၊သောတိနြေ္ဒဟူသော ကြားသိစိတ်သည် ကြားသိစိတ်အားသာ အစိုးရခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဣန္ဒြိယပစ္စည်းတရားကိုဟောတော်မူသည်။ ၁၇။ဈာနပစ္စယော=ကပ်၍စူးစူးစိုက်စိုက် ရှု့တတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တောင်ထိပ်ဖျား၊သစ်ပင်ဖျားသို့တက်၍ကြည့်သော သူသည် အနီးအဝေး အရပ်မျက်နှာတို့ကို ထင်ရှားတပ်အပ်မြင်ခြင်း၊ ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ဈာန်ငါးပါး၊ကုသိုလ်ဈာန်စသည်တို့ကို စူးစူးစိုက်စိုက်အာရုံပြုလျှင် အမြင်မှန်တရားများရကာ နောက်ဆုံးနိဗ္ဗာန်ရောက်သည်အထိ အကျိုးပြုသကဲ့သို့လည်းကောင်း၊အဖန်ဖန်သုံးသပ်ခြင်းစသော တရားတို့သည် အတူဖြစ်ဖက် စိတ်တရား၊ရုပ်တရားတို့အား ထင်ရှားစွာ အောင်မြင်မှုကို ဖြစ်စေခြင်းဖြင့်ကျေးဇူးပြုခြင်းငှာ ဈာနပစ္စည်းတရားကိုဟောတော်မူသည်။
၁၈။မဂ္ဂပစ္စယော=ကျွတ်လွတ်ထွက်မြောက်သော နည်းလမ်းဖြစ်၍ကျေးဇူးပြုတတ်သောတရား ဤမှာဖက်ကမ်းစပ်မှဟိုမှာကမ်းစပ်သို့ကူးပြောင်းသွားသော ဖောင်၊ကူတို့သမားသည် ဤမှာဘက်ကမ်းစပ်မှ လွတ်မြောက်သွားသကဲ့သို့လည်းကောင်း၊သမ္မာဒိဋ္ဌိ(ကော င်းစွာသိမြင်ခြင်း)။သမ္မာသင်္ကပ္ပ(ကောင်းစွာကြံခြင်း)၊ သမ္မာဝါစာ(ကောင်းစွာပြောဆိုခြင်း)၊သမ္မာကမ္မန္တ(ကော င်းစွာလုပ်ဆောင်ခြင်း)၊သမ္မာအာဇီဝ(ကောင်းစွာအသက် မွေးခြင်း)သမ္မဝါယမ(ကောင်းစွာအားထုတ်ခြင်း)၊ သမ္မာ သတိ(ကောင်းစွာအောက်မေ့သတိရှိခြင်း)၊သမ္မာသမာဓိ (ကောင်းစွာတည်ကြည်ခြင်း)ဟူသော ကုသိုလ်မဂ္ဂင်တရား(၈)ပါးတို့သည်ကောင်းသည့် အရာဝတ္ထုမှန်သမျှကို သယ်ယူပို့ဆောင် ခေါ်ငင်သည်၏ အဖြစ်ကြောင့် ကုသိုလ်တရားများဖြစ်ပွားပြီးသံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းဖြစ်သော ဟိုမှာဘက်ကမ်းရှိချမ်းသာစစ် ချမ်းသာမှန် လှမ်းရောက်နိုင်သကဲ့သို့ ကျေးဇူးပြုခြင်းငှာ မဂ္ဂပစ္စည်းတရားကိုဟောတော်မူသည်။
၁၉။သမ္ပယုတ္တပစ္စယော=အတူတကွယှဉ်ပြီး ရောစပ်နေသည်ဖြစ်၍ကျေးဇူးပြုတတ်သောတရား။ နှင်းဆီ၊ထော
ပတ်၊ပျားရည်၊သကာရည်၊(နို့ရည်)ဟူသော စတုမဓူသည် အရသာလေးမျိုးကို တစ်ခုစီခွဲခြား၍မရအောင် ရောစပ်ခြင်းဖြင့်စိတ်၊ဖဿ၊ဝေဒနာ၊သညာဟူသော ခံစားမှု၊ မှတ်သားမှုစသော နာမ်တရားများသည် အာရုံတစ်ခုကို ခံစားလျှင် အတူတူယှဉ်ပြီး တစ်ပြိုင်နက်တည်းဖြစ်ကြကာ တစ်ခုစီခွဲခြား၍မရနိုင်အောင် ရောနှောပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။
၂၀။ဝိပယုတ္တပစ္စယော=အတူတကွ မရောစပ် မယှဉ်စပ်သည်ဖြစ်၍ကျေးဇူးပြုတတ်သောတရား။ ချို၊ချဉ်၊စပ်၊ဖန်၊ခါးဟူသော ခြောက်ပါးသော အရသာသည် ရောထားသော်လည်းအချင်းချင်းမနှီးမနှော မရောမပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ေ နမင်းသည် သမုဒ္ဒရာနှင့်မရောမစပ်သော်လည်း မိုးရွာခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊ နှလုံးအိမ်ဟူသော ရုပ်တရားတို့သည် နာမ်တရားများနှင့် မရောစပ်ဘဲ တစ်မျိုးစီသာ အာရုံပြုခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဝိပ္ပယုတ္တပစ္စည်းတရားကိုဟောတော်မူသည်။
၂၁။အတ္ထိပစ္စယော=ပစ္စုပ္ပန်၌ထင်ရှားစွာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မြင်းမိုရ်တောင်မင်းသည် မိမိထင်ရှားရှိခိုက် မိမိကို အမှီပြုနေသော မြက်၊သစ်ပင်စသည် တို့အားပြန့်ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊အစားအသောက်အာဟာရေ တွ ဗိုက်ပြည့်ဝအောင်သုံးဆောင်ခြင်းသည် လောလောလတ်လတ် ထင်ရှားရှိဆဲ ခန္ဓာကိုယ်ကိုတည် တံ့တိုးပွားအောင်အကျိုးပြုစေသကဲ့သို့ မြေ၊ရေ၊မီး၊လေ ဟူသောမဟာဘုတ်တရားတို့သည် ထိုတရားကို ချယ်လှယ်သော ရုပ်တရားတို့အား ထင်ရှားရှိခိုက် ကျေးဇူးပြုခြင်းငှာ အတ္ထိပစ္စည်းတရားကိုဟောတော်မူသည်။
၂၂။နတ္ထိပစ္စယော=မရှိသည်ဖြစ်၍ မရှိမှ ကျေးဇူးပြုတတ်သောတရား။ ဆီမီးငြိမ်းသွားခြင်းသည် အမိုက်အမှောင်ကိုရခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ညအခါကုန်လွန်သွား ခြင်းသည် နေ့အခါ
 ရောက်ဖို့ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ရှေးရှေးစိတ်တို့ချုပ်ငြိမ်း၍မရှိခြင်းသည် နောက်နောက်စိတ်ဖြစ်
ဖို့ရန်အတွက် မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်းငှာ နတ္ထိပစ္စည်းတရားကိုဟောတော်မူသည်။
၂၃။ဝိဂတပစ္စယော=ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ နေမင်းအရောင် ကွယ်ပျောက်သွားခြင်းသည် လမင်း၏ အရောင်ကို ထွန်းလင်းစေသကဲ့သို့ လောဘ၊ဒေါသ၊မောဟ၊ တရားများ ကင်းပျောက်သွားလျှင် အမှားနှင့်အမှန် ကိုခွဲခြားသိစေခြင်းဖြင့်ကျေးဇူးပြုခြင်းငှာ ဝိဂတပစ္စည်းတရားကိုဟောတော်မူသည်။
၂၄။အဝိဂတပစ္စယော=မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ မဟာသမုဒ္ဒရာရေသည် မိမိကိုမှီကုန်သောငါး၊လိပ်တို့နှင့်မကင်း၊ မကွာခင် ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့အာဟာရသည် ဥပါဒ်၊ဌီ၊ဘင်ဟူသော လက္ခဏာငယ်သုံးချက်ချုပ်ပျောက်ခါနီးထိ အသက်ရှင်စဉ် ကာလ၌သာ ကျေးဇူးပြုခြင်းငှာ အဝိဂတပစ္စည်းတရားကိုဟောတော်မူသည်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
ကိုးကား။။
ဒေါက်တာအရှင်ကောဝိဒစာရ(ပဋ္ဌာန်းစာအုပ်)မှ ကောက်နှုတ်ရေးသားခြင်းဖြစ်ပါသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Sunday, January 25, 2015

မောင့်တယောက်အတွက်


နှလုံးသားလေးမှာရှိတဲ့အချစ်တွေက
မောင့်တစ်ယောက်အတွက်
အချစ်တွေပုံပေးပြီးမှတော့

အခန့်မသင့်ရင်ရစ်မိမယ်
ဒါကလည်းချစ်တာကိုမောင်ရဲ့

ဂျစ်တိုက်မိမယ်
ဒါကလည်းတွယ်တာမိတာကိုမောင်ရဲ့
ဆိုးနွဲ့မိမယ်
ဒါကလည်းအားကိုးမိတာကိုမောင်ရဲ့
စိတ်ဆိုးစိတ်ကောက်မယ်
စကားကြမ်းတွေတစ်ယောက်တစ်လှည့်ပြောကြ
စိတ်နာကျပြတ်ကြ
ဒါပေမယ့် နောက်ဆုံးပြန်ချစ်ကြတာဘဲလေ
ဒါကလည်းသံယောဇဉ်မပြတ်တာကိုမောင်ရဲ့
ဒါကြောင့်ချစ်ခြင်းတစ်ခုတည်ဆောက်ပီဆို
သံယောဇဉ်နဲ့နားလည်မှုကအဓိကလေ
ကျွန်မကတော့ မောင့်ကိုနားလည်မှုအပြည့်နဲ့
ချစ်နေဆဲပါ
လူတွေအားလုံးကမောင့်ဘေးနားမရှိရင်တောင်
ကျွန်မတော့သူ့အနားရှိပေးသင့်တယ်ထင်လို့ပေါ့
အမုန်းတိမ်တိုက်လေး

Saturday, January 24, 2015

''ညည်ချင်း''


''ညည်ချင်း''
လက်မှိုင်ချရတော့မယ်ဟဲ့
သက်ဆံပိုင်အရေးကမလွယ်
တက်မနိုင်သည်သကောင့်အဖြစ်များ.....။
ပဉ္စဝီ
ဗျာထွေသီခက်ပေသမို့
ဖြူနီပြာ
ရောင်နီဝါမသမ်းသေးခင်ပါ့
သေမင်းတမန်
ခြေရင်းထံကပ်ရောက်လာ
စောသည့်ချိန်ခါ.....။
မတွေ့ချင်စမ်းသေးပါဘိ
မရွေ့ခင်ကာလများကိုလ
အားခဲလို့ဖြေသာ
မနေသာ
ဝေဒနာအခံခက်ရချည်လေး......။ ။
လရိပ်
(11.7.2011)

Friday, January 23, 2015

"မျက်နှာဖုံးတွေ အကြိမ်ကြိမ် လဲတပ်ခဲ့ပါ ဝီလျံ"


"မျက်နှာဖုံးတွေ အကြိမ်ကြိမ် လဲတပ်ခဲ့ပါ ဝီလျံ"
ချိုတယ်
နင့်လက်စားချေမှုတွေ အသီလိုက်
ပြုံးတယ်
ရေရေရာရာ သိမ်းသွင်းခံရတဲ့အပြုံးတွေ
မနင်ဘူး
မမေ့ဘူး
လတ်တလော
ရင်ဘတ်ရဲ့အကြိုက်ဆုံး အပြုံး
မသိချင်ဘူး
လိမ်နေရက် သိသိ
အမည်းရောင်တွေက အနီဖြစ်လိုဖြစ်
ခေါင်းပေါင်းတွေကို ဖြေမချဘူး
အထာတွေ မကျတကျ ဖြစ်နေတာကိုက
ဒဏ်ရာမဲ့ အနာဂတ်
မျက်နှာဖုံးဆေးတွေ ပျယ်လာတယ်
သံသယတွေက ငါ့ကို ရှိုက်သွင်း
နင့်ခနဲ ရင်ဘတ်မအောင့်ခင်
မြန်မြန်လေး ငါ့နှုတ်ခမ်းကို နမ်းလိုက်ပါ ဝီလျံ
လက်ထပ်ခြင်းတွေ မကမ်းလှမ်းခင်
မျက်နှာဖုံးကို မခွာချစေချင်ခဲ့တာ
ငါ့ သစ္စာတရားပါ ဝီလျံ
နောက်ထပ် တွေ့ဆုံခြင်းတွေမှာ
မျက်နှာဖုံးတွေ အကြိမ်ကြိမ် လဲတပ်လာခဲ့ပါ
တပ်ပြီးရင်း တပ်နေတဲ့ မျက်နှာဖုံးတွေကို
ငါ့ကို ပြန်လက်ဆောင်ပေးခဲ့ပါ ဝီလျံ
ငါမလာခင် နှင်းဆီခင်းတွေကိုလည်း ရေလောင်းထားပါ
မတွေ့ခင် နှုတ်ခမ်းတွေကိုအဆိပ်သုတ်ထား
လေပြည်တွေတိုက်နေချိန်
နှင်းဆီရနံ့တွေ ငါ့ကိုယ်ပေါ်ရစ်ပတ်လိုက်တဲ့အခါ
ဝီလျံရေ
ငါဟာ
နင့်မျက်နှာဖုံးတွေရဲ့ စေစားရာမှာ ပြုံးအောင်နေတတ်သူပါ။

ခိုင်လေညင်း(အောင်ပန်း)
၂၂-၁-၂၀၁၅
မနက် ၁၀ နာရီ ၄၈ မိနစ်
ရန်ကင်း

Thursday, January 22, 2015

`` အပြုံး ´´


`` အပြုံး ´´
အပြုံးတဲ့လား
အမုန်းတွေချည်း
စုထားတဲ့ အပြုံး
သေလောက်အောင်ကို
ပြုံးမယ်

သိပ်မကြာပါဘူး
စိတ်မနာချင်လျှက်နဲ့
နာခဲ့ရတဲ့ အချိန်တွေတွက်
ကုစားခြင်းတွေ
မရှိခဲ့ဘူး
တခါတခါ
နာမည်လေးတခုကို
ယောင်ယောင်ခေါ်မိတဲ့
ငါ့နှုတ်ခမ်းလေးကို
အားနာတယ်
တခါတခါ
တမ်းတမိတဲ့
ငါ့နှလုံးသားလေးကို
ငါ အားနာတယ်
တခါတခါ
မျှော်မျှော်မိတဲ့
နင့်အပြုံးအတွက်
ငါ့ရင်ခုန်သံတွေကို
ငါအားနာတယ်
ခံနိုင်ရည်တွေ
ကုန်ဆုံးခဲ့တဲ့
နောက်ဆုံး
ငါ့အမုန်းတွေနဲ့
ပြုံးတတ်သွားတယ်
ဒီအတွက်တော့
နောင်တဆိုတာ
မရှိခဲ့လောက်တော့ဘူး
မချစ်ခဲ့လို့တော့ မဟုတ်
သိပ်ချစ်လွန်းလို့
ငါမုန်းတတ်ခဲ့တာပါ
တခါက ငါ့ကိုမချစ်တတ်ခဲ့သော
ချစ်သူရယ်
နှင်းဆီဝိုင်

Wednesday, January 21, 2015

အေးရဲ့ တစ်ခါက


အေးရဲ့တစ်ခါက...
အလွှာပါးပါးလေး
ခြားမသွားခင်တုန်းကပေါ့
မြို့ကြီးရဲ့လည်မျိုကိုဖက်
ကိုယ်တို့
နေ့ရက်တွေ ချိုဖူးတယ် အေးရေ...
ကိုယ့်လက်ကို ခိုဆုပ်
ဆူညံတဲ့စက်သံတွေအောက်မှာ
တဒုတ်ဒုတ်ခုန်ခဲ့တာ ဖျောက်မရ
အေးက
ကြောက်နေတတ်ခဲ့တယ်
လမ်းဖြတ်တိုင်းပေါ့
ဘဝတစ်ပါးဆိုတာ
ပျော်ပါးစရာ မဟုတ်ဘူး အေးရေ...
အဝေးက
ငေးမောကွဲကြေနေရ
အမှတ်တရတွေထဲမှာ
လွမ်းတတ်နေမှာလား အေး
ကိုယ်က ပြေးသူဖြစ်ခဲ့ပေမယ့်
မလိုက်ခဲ့ပါနဲ့ အေးရယ်
ရမ္မက်မဖြစ်ခဲ့ပေမယ့်
သွားတက်ကလေးကို ချစ်ရ
ပြင်းပြင်းရှရှ
ဆန္ဒတစ်ချို့ကို ကြိတ်မျိုလို့
အေးကို မပန်ရက်ခဲ့ပါဘူး အေး
သင်္ခါရဟာ
အစဉ်ထာဝရရဲ့ ဆန့်ကျင်ဘက်
နှုတ်ဆက်ဖို့ အချိန်မရခဲ့ဘူး အေးရယ်
အေး တစ်ယောက်
ဘယ်လိုလျှောက်မလဲလို့
ရင်ထဲလေးလံ ခံနိုင်ရည်မဲ့မတတ်
ဒါပေမယ့် အေးရေ
ပိုင်းဖြတ်ထားတဲ့ တမလွန်စည်းအစပ်ထက်
ကျော်ဖြတ်ခွင့် မရှိဘူး အေးရယ်
အလွှာပါးပါးလေး တခြားဖက်
ဘဝတွေက ခြားလျှက်
မျက်ရည်တွေ သုတ်လိုက်ပါ အေးရယ်
တွေးဖြစ်ရင်တောင်
အေးဟာ အေးအသစ်အဖြစ် ခံယူလို့
လူတို့ရဲ့ ဘဝလမ်းကို
ဖြတ်သန်းသွားပါ အေး
ဟိုး...အဝေးတစ်နေရာရာက
ချစ်တဲ့ အေးဘဝကို ငေးလို့
ဆုတောင်းပေးနေပါတယ် အေးရေ...
အေးရဲ့ တစ်ခါများဆီက
( မောင်မိုးအေး )
9 April 2014

Monday, January 19, 2015

ကျမ ထွက်ခွာခဲ့လိုက်ပါပြီ


ကျမ ထွက်ခွာခဲ့လိုက်ပါပြီ
__________________
ကျမရင်ထဲက သံစဉ်စစ်စစ်
ပဲ့တင်ရိုက်ခတ်လာတဲ့ကြိုးစများကို
မေ့လျော့မိခဲ့ပြီး
ကျမ မမြင်ခဲ့
အခုတော့ ဟာလာဟင်းလင်း
ကျမ ထွက်ခွာခွင့်ပြုလိုက်ပါပြီ
ဝိညာဉ်တွေကင်းစင်
ကျောက်တစ်ပွင့်နဲ့ တိုက်ခတ်ပြီး
လမ်းမလျှောက်တတ်သေးတဲ့ ကျမရဲ့သံစဉ်စစ်စစ်များ
ခရီးမောသည်လျှောက်
ကြမ်းချင်လည်းကြမ်းကြလိမ့်မပေါ့
ကျမရင်ဘတ်ကိုထွင်းပြီးမှ
ထွက်ကျလာတဲ့ သံစဉ်အပိုင်းအစများ
ကျမနှလုံးသားကို ဖောက်ခွဲသွားကြပြီ
ကျမက သူ့ကိုငေး
ဇရာကြောင့်တွန့်ကြေသွားတဲ့
ပါးပြင်မှာ မျက်ရည်တစ်အုပ် အထွေးလိုက် ပြေးဝင်လာကြရဲ့
ကျမ မြင်တွေ့လိုက်ရပြီ
ကျမရဲ့သံစဉ်တွေပီသဖို့
ချိုမြိန်တဲ့တေးကို သီပေးခဲ့သူပါ
သူက ကျမကိုငေး
အိပ်တန်းပြန်ခဲ့ရ ညတွေတိုင်း
အတိတ်က မွှေးရနံ့တွေက
ကျမကို သူက အနမ်းတွေပျိုးပေးတယ်
အခုတော့
အဒီမြို့ကလေးဆီက
ကျမ ထွက်ခွာခဲ့လိုက်ပါပြီ။

သစ်ခက်နွယ်

***" မျက်ရည်မြစ်ထဲမှာ "***


***" မျက်ရည်မြစ်ထဲမှာ "***
မနက်ဖြန်များစွာ
အသက်ဆက်ဖို့ အတွက်
ဒီ…… တစ်မနက်ကလေးပါပဲ ချစ်သူ……။
ခန်းခြောက်သွားခဲ့ စမ်းကလေးတွေနဲ့…
နွမ်းသွေ့သွားခဲ့ ပန်းကလေးတွေ အကြားးး
ကြွေပျက်လုလု နှလုံးသားကလေးတစ်ခု…
တယုတယ သိမ်းထားခဲ့တာ…
ချစ်တဲ့နင့် အားးးး… ပေးအပ်ဖို့……။
တိမ်တွေ ကြွေတဲ့
တစ်မိုးအောက်မှာ……
အချစ်ကိုယုံ စုံလုံးးကန်းတုန်းးး
အရာရာ ပျောက်ဆုံး လွင့်ပျက်ခဲ့လည်းးး
ကျေနပ်ခဲ့တယ် နေတတ်ခဲ့ပါမယ်……။
တည်မိမှားးးတဲ့ ဘုရားးး
ဆောက်မိမှားခဲ့ တံတားးး
တစ်ယောက်တည်းးး သွားဖို့ မဟုတ်ခဲ့လည်းးး
မခိုင်မြဲတတ်တဲ့ ရေစက်ဆိုတာ
ငါမှ မသိခဲ့ဘဲလေ……။
နင်းခြေရက်မယ် မထင်ခဲ့လို့လည်းးး
အသက်ပုံနှင်းးး အသည်းချင်းးး ထပ်
သိပ်ချစ်တတ်တာ နင်ပျော်မှာ … ရွယ်ကိုး…
တိုးတိုးပြီးးး ချစ်ခဲ့…… နွမ်းယဲ့ယဲ့ ရင်… အဆိပ်ပင်ကို ရေလောင်းးး…
ပေါင်း သင်ခဲ့တဲ့ ငါ………
ကျီးးအာသီးးး မြင်မိခါမှ……
နင့် အလွန်ပါလည်းးး အဆိုခက်…
မနက်ဖြန်များစွာ… မျောမဲ့ "မြစ်"…
ဒီ တစ်မနက်ခင်းးက…… စ ရှင်တယ်……။
ထာဝရ "နွေဦးမေ"

Sunday, January 18, 2015

ရက်မလည်ရသေးတဲ့ ကျမ


မလိုပါဘူး
ပြီးသွားပြီမလား
အားရ ကျေနပ် ၀မ်းမြောက် ၀မ်းသာ
ပီတိ ဇော အဟုန်
ကမ္ဘာမြေတုန်သည်အထိ ချစ်ခဲ့ကြပြီးမှ
ဟု မိမိတယောက်တည်း
မိမိအတ္တနှင့် မိမိအဆိပ်သင့် တွေးထင်ခဲ့မိ
အသင်
ရင်ပြင်
အတွင်း သက်ဆင်းမိခဲ့လေသော
စိုးစဉ်းမျှ ပူပန် သောက ဗျာပါဒ
တရားကိုယ်သဘောထဲမှာကိုက ကိုယ်က
အတွင်းကျကျ ပျော်လိုက်သည့်ဖြစ်ခြင်း
အတိတ်၌ ဖျက်မြင်းဟီသံ ခွာပြင်သံများ
မြင်ကွင်းကျဉ်း အသံတိတ်
အင်တာနက်ဝက်ဆိုက်တွင်လည်း လွှင့်တင်ထားခြင်းမရှိ
သတိ -
ဤ အဆောက်အအုံသည် အိုမင်း ရင့်ရော်
ဟောင်းနွမ်း ပုတ်သိုး
နေထိုင်ရန်တစက်ကလေးမှမသင့် စသည် စသည် စသည်ဖြင့်
မပါရှိပါသဖြင့် တကိုယ်လုံးပုံအပ် ယုံမှတ် မှားယွင်း
လီဆယ် ဖြားယောင် သွေးဆောင်ခြင်းမဲ့
တကောင်တည်းအောင်းခဲ့မိပြီမှန်း နောက်ကျမှသိခဲ့ရသည့်
ခြင်္သေ့အမရဲ့  ရင်ထဲ သည်းသည်းမည်းမည်း
မေ ငိုနေတယ် မိုးသည်းထဲမှာကွယ် ထိုင်လျက်
မပွင့်ခင် သူ့ မြေပေါ်မှာဘဲ သူ့ မြေဆီသြဇာနဲ့ 
သူစိုက်ခဲ့တဲ့ပန်းမို့  တယုတယ တမြတ်တနှိုး အကွပ်မဲ့လလို
သူ့ ကိုဘဲ မျှော်မှန်း ရင်းနှီး မြှပ်နှံ
သဒ္ဒါဝါကျမမှန်မှန်းသိပေမဲ့ ဒါက ချစ်တယ်လို့ ပြောတာဘဲ
လို့  တထစ်ချ ယုံကြည်ကိုးစား
မငြူမစူ မငြင်းမဆန် အရာခပ်သိမ်း ကိုယ့်ရေတိမ်ထဲ
ကိုယ်ပြန်နစ်တော့မဲ့ ပျက်ခါစရေတွင်းတတွင်းရဲ့ 
ရှက်ဖွယ်လိလိ ရွှေထီးဆောင်းညများ
သွေးနှင့်ကိုယ်သားနှင့်ကိုယ်နှင့် စိတ်မှာ အရှုးမီးဝိုင်း
ခါးပိုက်ဆောင်ခံလိုက်ရသည့် မိမိကိုယ်အား မိမိ သုတ်သင် ကုတ်ခြစ် ချေမွ
တနေရာမှတနေရာတနေရာမှတနေရာတနေရာမှတနေရာ ဆက်ထုံးများမှ
ကင်းလွတ်ရာကင်းလွတ်ကြောင်း အဆုံးများ သတ်မိရာသတ်မိကြောင်း
ကိုယ်မှတပါး အခြား အထင်အရှားပြဆိုရန်မရှိတော့ပါသဖြင့်
မှီတွယ်ရာမဲ့ နှင်းတစက်ကဲ့သို့  ကမ္ဘာငယ်ခြေရင်း
ဤ သုသာန်တွင်း၌ တစ္ဆေတို့ ငိုယို
မျက်မုန်းကျိုးသူများ ကဲ့ရဲ့  စောင်းမြောင်း
အသစ်ရောက်လာခဲ့သော ကျမ၏ဓါတ်ပြားဟောင်းအား ဖွင့်၍ ဖွင့်၍
ပွင့်၍ ပွင့်၍ ဂူတံခါးတို့ သည် တဂျိန်းဂျိန်း
မိုးတို့ သည် တခြိမ်းခြိမ်းနှင့်
ရက်မလည်ရသေးတဲ့ ကျမ အရမ်းကြောက်တယ် မောင်.......။................။


လူလူလက်ျာ
၅.၁၂.၂၀၁၀

Saturday, January 17, 2015

အပြစ်ကင်းချစ်ခြင်း မင်းမြင်စေ


★“ အပြစ်ကင်းချစ်ခြင်း မင်းမြင်စေ ”♪♫
အတွယ်အတာမိုး… ရင်မှာ ပျိုး..
တစ်ရေးးနိုး အချစ်… အိမ်မက်တို့.. မဖြစ်စေရ…
ချစ်လိုက်ရတာ "ကြယ်စင်"ရယ်….။

သံယောဇဉ်နွယ်.. ရင်ဝယ် တွယ်ရစ်…
တစ်ထစ်ချင်း ခွေ… မြစ်မင်း ဧရာ…
ပမာသို့ထား… ရင်မှာ ပွားစီး…
အချစ်မီးဖြစ်… ငြိမ်းမပစ်ပါ…
ချစ်လိုက်ရတာ "ကြယ်စင်"ရယ်…..။

သမုဒယ အဖျားဖူး… ရင်ဝယ် စူးနစ်…
ဆူး အဖြစ်သို့… ပြောင်း…
မနှောင်းစေချင်တဲ့ အတိတ်….
တစ်ရိပ်ရိပ်မိုး… အမျိုးစုံလင်…
တိုးကာ ငင်သစ်…. ရင်ထဲ နစ်ခိုက်….
ချစ်လိုက်ရတာ "ကြယ်စင်"ရယ်…..။

သစ္စာ နှင်းလျှက်… ချစ်မပျက်ပါ…
သက်ထက်ဆုံးထိ… ရင်မှာ ငြိတွယ်…
အလွမ်း ရွယ်ကိုး … အချစ်တိုးခဲ့…
ရင်ပျိုးမေတ္တာ… မုသား ပါဘူး…
အချစ်ထူးခြား.. တွဲလက်များသည်…
သက်ဆုံးရည်ကြ…
ချစ်လိုက်ရတာ…. "ကြယ်စင်"ရယ်….။

သံသရာမှာ… ကံပါလာသမျှ…
ဆုံဆည်းရမည်… ရေစက် ပီပြင်…
ချစ်ကြိုးငင်တွယ်… ထာဝရ ရွယ်ကိုး… ပြန်လာနိုးနှင့်…
အခါလင့်စေ…. ကြိုနှင့်နေမယ်…
ချစ်လိုက်ရတာ "ကြယ်စင်"ရယ်…..။
ထာဝရ "နွေဦးမေ"

Friday, January 16, 2015

ရှင်သန်ခွင့်



မမျှော်လင့်တဲ့အရာ
ငါမျှော်လင့်ခဲ့တာ မဟုတ်ပါဘူးကွာ
ထင်လည်းမထင်မိခဲ့ဘူး..................
နောက်ဆုံးကျတော့
ငါ့နှလုံးသားမှာသာ နင်ပေးတဲ့ဒဏ်ရာတွေရလာတာပါ
ဒါပေမယ့် ငါကျေနပ်ခဲ့ပါတယ်.....................
ဘာကြောင့်လဲဆိုတော့
ငါတို့နှစ်ယောက်ရဲ့ အဖြစ်အပျက်လေးတွေကြောင့်
အပြုံးကင်းမဲ့တဲ့ နင့်မျက်ဝန်းတွေကနေ
ရယ်ပြုံးဟန်လေး တစ်ခုကို
ငါတွေ့လိုက်ရတယ်လေ........................
ဆုံစည်းမှုမှတ်တိုင်တွေသာ
ထာဝစဉ်တည်ခဲ့မယ်ဆိုရင်
နင့်ရဲ့အနားမှာ လိပ်ပြာလေးတစ်ကောင်အဖြစ်နဲ့
ငါ့ကို
ရှင်သန်ခွင့်သာ ပြုပေးပါကွာ..............................


 Yintako Moe

အရင်က ငါ နဲ့ အခု ငါ


အရင်က ငါ နဲ့ အခု ငါ
-------------------
အရင်က မျက်ရည်လွယ်တဲ့ ငါ
အခု မျက်ရည်မဲ့လာပြီ
အရင်က အရမ်းအားနားတတ်တဲ့ ငါ
အခု ဥပက္ခာ ပြုတက်လာပြီ
အရင်က ပတ်ဝန်းကျင်ကို အရမ်းဂရုစိုက်တတ်တဲ့ ငါ
အခု မမြင်ချင်ယောင်မကြားချင်ယောင်မသိချင်ယောင် ဆောင်တတ်လာပြီ
အရင်က ရုပ်မချောမလှ ပေမဲ့ ချစ်စရာကောင်းအောင် ပြုံးနေတတ်တဲ့ ငါ အခု မဲ့ပြုံးလေး ပိုပြုံးလာပြီ
အရင်က သူများ ဘာပြောပြော နားယောင်ယုံတတ်တဲ့ငါ
အခု သူများကို ဘာတစ်ခုမှ မယုံကြည်တတ်တော့ဘူး
အရင်က သူများကို မျက်လုံး လှန်မကြည့်ရဲတဲ့ ငါ
အခု ပြူးးကြည့်တတ်နေပြီ
ကဲ့ ဘာတွေကများ ငါ့ကို ပြောင်းလဲစေတာလဲ ??????
အဲ့ ပြောင်းလဲမှုတွေ ကြားထဲမှာတော့
ငါ အရာအားလုံးကို ကျေနပ်တယ်
လူပီသလာလို့လေ


Thursday, January 15, 2015

ငါ့အတွက်



မိုင်ပေါင်းဘယ်လောက်ပဲ
ဝေးဝေးပေါ့……….
နင့်ပုံရိပ်ခပ်ရေးရေး
မြင်နေရရုံနဲ့တင် ငါနေသာပါတယ်…….
အမှတ်တရ မဟုတ်ခဲ့ရင်တောင်
အမှတ်တမဲ့ပဲဖြစ်ဖြစ်ပေါ့
ခဏတော့ နင့်အတွေးထဲ
ရှိနေချင်တယ်………..
တစ်ခါတစ်လေ ပွင့်ကျလာတဲ့
အပြုံးတစ်ပွင့်ဟာ
ငါ့အတွက် ဖြစ်စေချင်တယ်………..
ဘာပဲဖြစ်ဖြစ်ပေါ့
ငါ့အကြောင်း နည်းနည်းတွေး
ဝေးဝေးမပြေးဘူး ဆိုရင်တောင်
ကျေနပ်နေမယ့်သူပါ……..။
posted by ဆည်းဆာ

Wednesday, January 14, 2015

ရင်ခွင်မဲ့ နှလုံးသား

ရင်ခွင်မဲ့ နှလုံးသား
အရမ်းသတိရတယ် ဒါပေမဲ့
ငါ့ရဲ့ခြေလှမ်းတွေ
မင်းနဲ့ဝေးရာဆီကိုပဲသွားပါရစေ
အရမ်းချစ်တယ် ဆိုတဲ့စကားကိုလည်း
မင်းမမြင်နိုင်တဲ့ ငါ့နှလုံးသားထဲမှာပဲ
သော့ခတ်ထားလိုက်ပါရစေ

အရမ်းလွမ်းတယ် ...................
ဒါပေမဲ့မင်းဆိုတာဆက်သွယ်မှုဧရိယာ အပြင်ကလူလို သဘောထားပြီးဖုန်းကိုပဲ
ငေးကြည့်နေပါရစေ.................
တစ်ခါတရံမှာ မင်းရဲ့ဥပေက္ခာအတွက်
အရမ်းဝမ်းနည်းတယ်.................
ဒါပေမဲ့ရစ်ဝဲလာတဲ့မျက်ရည်ကို
ကြွေလွင့်ခွင့်ပိတ်ပါရစေ.............
နင်ပဲပြောခဲ့တာလေ
'' ကိုယ်မျက်ရည်ကျဖို့ ထိုက်တန်တဲ့သူဟာ
ကိုယ့်ကို မျက်ရည်ကျအောင်
ဘယ်တော့မှမလုပ်ဘူး '' ဆို
‪#‎Augustboy‬

Tuesday, January 13, 2015

" တတိယလူသို့ ပေးစာ "


" တတိယလူသို့ ပေးစာ "
တကယ်တမ်းတော့ ငါနဲ့ သူနဲ့ ကြားမှာ မင်းဆိုတဲ့ တတိယလူတစ်ယောက်
ရှိလာတာကိုငါစောစောကတည်းက ရိပ်မိခဲ့ပါတယ်။
ဘယ်အချိန်က စပြီးသိခဲ့လဲဆိုတော့
သူ့  ငါ့အပေါ် အေးစက်ပြောင်းလဲသွားထဲကပါ

ငါ့ကို မလိမ်ညာတတ်တဲ့ သူ့ ကြောင့်
ငါဟာမင်းရဲ့ ဖြစ်တည်မှုကို တစ်စွန်းတစ်စ သိခဲ့ရပါတယ် မိန်းကလေး။
ငါသူ့ ကို ချစ်တယ်ဆိုတာ ၀န်ခံပါတယ်။
သူမရှိတော့ရင် ငါ့ဘ၀မှာ အတိုင်းအတာတစ်ခုထိ
လစ်ဟာသွားမယ်ဆိုတာလည်း ငါဝန်ခံပါတယ်။
ကိုယ့်ချစ်ရတဲ့သူကိုတောင်မှ ထိန်းသိမ်းနိုင်စွမ်းလျော့နည်းရလားဆိုပြီး မင်းငါ့ကိုဟားချင်လည်းဟားမယ်ဆိုတာ ငါသိပါတယ်။
ဒါပေမယ့်.............ငါတို့ နှစ်ယောက်လုံးဟာ မိန်းကလေးတွေမို့ 
ငါမင်းကို အတတ်နိုင်ဆုံး ယဉ်ကျေးတဲ့ စာလုံးတွေနဲ့ ပဲ ဆက်ဆံပါရစေ။
ယောက်ျားတစ်ယောက်အတွက်နဲ့  ခွန်းကြီးခွန်းငယ်စကားများရန်ဖြစ်ပြီး
မိန်းကလေးသိက္ခာကျဖို့ ဆိုတာ ငါတို့ အတွက် မတန်ဘူးမဟုတ်လား။
မင်း ရိုင်းသလို ငါလည်းရိုင်းရိုင်းပြောတတ်ပါတယ်
မင်း မသိမ်မွေ့ သလို ငါလည်း မသိမ်မွေ့ ခြင်းအတက်ပညာတွေတတ်ပါတယ်
တကယ်လို့  မင်းအတွက် သူဟာ မရှိမဖြစ်လိုအပ်တာ သေချာတယ်ဆိုရင်
ဒီကစားပွဲကနေ ငါနုတ်ထွက်ပေးပါ့မယ် မိန်းကလေး။
အဲတာ ငါ့သူ့ ကိုသိပ်ချစ်လွန်းလို့ ပါ
ငါ့အချစ်တွေကိုနောက်ဆုံး ငါသိပ်ချစ်တယ်ဆိုတာကိုမယုံနိုင်တဲ့သူ့ အတွက် ပြစရာ ပေးဆပ်စရာ ဒါနောက်ဆုံးမို့ လို့ ပါ
ငါ့မှာအနာဂတ်တွေရှိသေးတယ်။
ငါ့မှာ ဆက်ပြီးလျှောက်စရာလမ်းတွေရှိသေးတယ်။
သစ္စာမရှိတဲ့ ယောက်ျားတစ်ယောက် အတွက်နဲ့ တော့ ဘာလို့ အချိန်ကုန်ခံတော့မလဲကွယ်။
ဒီကစားပွဲကနေ ငါနှုတ်ထွက်သွားခြင်းဟာ ငါ့သဘောဆန္ဒအရပါဆိုတာတော့
တစ်ချက်လောက် မင်းသိလိုက်ပါကွယ်။
ဒါပေမယ့် ငါမနှုတ်ထွက်မီ စကားတစ်ခွန်းတော့ ပြောပါရစေ မိန်းကလေး။
ခြံခုန်ဖူးတဲ့နွားဆိုတာ နောက်တစ်ကြိမ် ထပ်မခုန်တော့ဘူးလို့  မင်းမထင်ပါနဲ့ ။
ဒီအကြောင်းကိုသိရှိတဲ့ ပထမလူဟာ ငါဖြစ်ခဲ့ပေမယ့်
ဒုတိယလူဟာ မင်းမဖြစ်နိုင်ဘူးလို့ တော့ ယတိပြတ်မပြောပါနဲ့ ။
တစ်ချိန်တုန်းက သူဟာလည်း ငါ့ကို ခုသူမင်းကိုပြောနေသလိုမျိုး
ချိုသာတဲ့ ချစ်စကားတွေ လှိုင်လှိုင် ပြောခဲ့ဖူးတာပါပဲ။
မင်းသူနဲ့ လက်တွဲမယ်ဆိုရင် ငါကတော့
ဆုတောင်းပေးနေမှာလည်း မဟုတ်သလို
ကျိန်စာတိုက် အငြိုးထားမယ့်သူလည်း မဟုတ်ပါဘူး။
ငါ့ကို ရှုံးနိမ့်သူလို သတ်မှတ်မယ်ဆိုရင်
မင်းကိုယ်တိုင်ဟာလည်း အောင်နိုင်သူမဟုတ်ကြောင်း တစ်နေ့ တော့ သိလာပါလိမ့်မယ်။
အမှန်အတိုင်းပြောပါ့မယ်။ ဒီကစားပွဲကနေ ငါနှုတ်ထွက်ပါတယ်။
ဒီလိုယောက်ျားမျိုးကိုလည်း ငါမလိုအပ်ပါဘူး။
သူနဲ့ တွဲလို့  မင်းပျော်ရွှင်မှာသေချာရင် ဒါဟာငါမင်းကို ပေးခဲ့တဲ့
လက်ဆောင်လို့ ပဲ သဘောထားလိုက်ပါ။
ဒါပေမယ့် တစ်ခုတော့ ပြောခဲ့ပါရစေ။
တစ်နေ့ နေ့  တစ်ချိန်ချိန်မှာ ငါ့ကိုမင်းပြန်တွေ့ ခဲ့ရင်
အပေါစားပစ္စည်းကို ညာပြီး အရောင်းခံလိုက်ရတဲ့ ဖောက်သည်တစ်ယောက်က ဈေးသည်ကို
ရန်တွေ့ သလိုမျိုးတော့ လာမတွေ့ ပါနဲ့။
အဲ့ဒီ အပေါစားပစ္စည်းက မင်းကိုယ်တိုင် ငါ့လက်ထဲက ကျေကျေနပ်နပ် လုသွားတဲ့ ပစ္စည်းဆိုတာ မင်းသဘောပေါက်ပါစေ မိန်းကလေးရေ.......
ငါ့သိပ်ချစ်လွန်းတဲ့လူကို အပေါစားပစ္စည်းလို့ သုံးနှုန်းလိုက်တာက မင်းလက်ထဲရောက်သွားတာနဲ့ 
ငါ့ကိုမချစ်လို့ နောက်တစ်ယောက်ရှာသွားတဲ့
မင်းချစ်တဲ့လူဟာလည်း တန်ဖိုးမရှိနိုင်တော့မှာကို ငါကောင်းကောင်းသိနေလို့ ပါ
သူ့ ဟာသူနေရင် ( သို့ မဟုတ်) ငါနဲ့ အတူနေရင် တန်ဖိုးတတ်နေမယ့်အရာတစ်ခုဟာ မင်းကြောင့်အပေါစားပစ္စည်းဖြစ်သွားရတဲ့အတွက်ဒီလိုသုံးနှုန်းလိုက်တာပါ။ မင်း နဲ့ အပြိုင်မလိုချင်တော့တဲ့
ငါ
Rain Love
Ngwe Sinthoun

Monday, January 12, 2015

“ ရင်ရိပ်ညို ”


★“ ရင်ရိပ်ညို ”♪♫
လေအစုန်ကို ဆန်….
အဝေးဆုံးကို… ပျံသန်းတတ်သော…
ပျံလွှား ငှက်ကလေးရေ…..။
ငါ့ အနားကနေ…
စွန့်ခွာ ထွက်ပြေး… သွားချင်သူ တစ်ယောက်ကို….
လိုက်ဆွဲထားဖို့ ၀ါသနာ… ငါ့ မှာ… မပါဘူးကွယ်…..။

ငါဟာ…. ပိုက်ကွန် တစ်ခု မဟုတ်ဘူး….
ငါဟာ… ငါးမျှားချိတ် တစ်ချောင်း မဟုတ်ဘူး….
ငါဟာ… နွယ်ရှင် တစ်ပင် မဟုတ်ဘူး….
ငါဟာ…
အေးမြ သာယာတဲ့ အရိပ်တစ်ခုကို…
ပေးစွမ်း ခြွေချပေးမဲ့... ညောင်ညိုတစ်ပင်သာ ဖြစ်ပါတယ်…။

ခိုပါ… နားပါ…. အပန်းဖြေပါ….
ငါ့ အသီးတွေကို… စားသုံးပါ….
ငါ့ အရိပ်မြေမှာ… ချွေးသိပ်ပါ…..။
ဒါပေမဲ့ …
ငါ့ အကိုင်းကို... မချိုးပါနဲ့….
ငါ့ အမြစ်ကို… မဖြတ်တောက်ပါနဲ့….
ငါ့ အရိပ်မြေကို… ခြေစုံမကန်နဲ့….။

နားချင်တယ်လား… လာ နားလှည့်ပါ…
သွားချင်တယ်လား… ပျံ ထွက်သွားပါ….
ဘယ် အရာကိုမှ တားမြစ်မထားဘူး….
မေတ္တာဖြန့်ဝေ... ကြင်နာပေငြား….
အေးမြရိပ်ခို… “ရင်ရိပ်ညို”မို့…
လွမ်းပိုပေမင့်… မပြိုလင့်တာ…. သိထားပါ……။

ထာဝရ "နွေဦးမေ"

Friday, January 9, 2015

★“ နေသားတကျ (သို့) မင်းပေးခဲ့တဲ့ ဆုလာဘ် ”♪♫


★“ နေသားတကျ (သို့) မင်းပေးခဲ့တဲ့ ဆုလာဘ် ”♪♫
အရာရာဟာ … နေသားတကျ….
နေမင်းကြီးကလည်းးး….
သူ့ နေရာမှာ သူ .. ထွန်းလင်းလို့…..
လမင်းကြီးကလည်းးး……
သူ့ နေရာမှာ သူ… ထိန်ထိန်သာလို့……
Memory Stick ဖြူဖြူကလေးကလည်း… Lap Top လေး နံဘေးနားမှာ…
ငြိမ်သက်စွာ… အိပ်စက်နေရင်းးးး… အရာရာဟာ… နေသားတကျပါပဲ…..။
သဲ့သဲ့ကလေး သီကြွေးနေတဲ့...
အလွမ်းသီချင်းလေးတစ်ပုဒ်နဲ့....
စီးကရက် မီးခိုး အငွေ့တွေ.. လွင့်ပျံ ဝေ့၀ဲနေတဲ့…
အခန်းကျဉ်းကလေးထဲမှာ… ငါတစ်ယောက်ထဲ…
ဆိတ်ငြိမ်စွာ.. ကြေကွဲနေရင်းးးး. အရာရာ ဟာ… နေသားတကျပါပဲ……။
တေးသီ… ငှက်ကလေးတွေ…
ပျံသန်းနေတဲ့… ကောင်းကင်ပြာပေါ်က..
ဝေ့၀ဲ လွင့်ကျလာတဲ့..ရော်ရွက်ဝါ အကြွေတစ်ချို့ရဲ့....
ရှိုက်သံတိုးတိုးကလေးးး..
ရင်ခွင်ဆီ တိုးဝှေ့ ရိုက်ခတ်နေရင်းးး…. အရာရာဟာ… နေသားတကျပါပဲ……။
အင်းးး…
နိဂုံးကမ္ပတ်… အဆုံးသတ်တော့…
မင်းထားခဲ့တဲ့.. အထီးကျန်အထုပ္ပတ္တိတစ်ပုဒ်ရဲ့ အလည်မှာ..
ယောင်ခြာခြာ.. ငါ တစ်ယောက်ထဲ….
မျက်ရည် မ၀ဲဘဲ… အသည်းထဲမှာ ငိုကြွေး.…
ရှိုက်သံမဲ့ တေးချင်းတစ်ပုဒ်နဲ့အတူ … ရင်ကွဲပက်လက်… တမ်းတနေရင်းးးးး…..
ငါရဲ့.. လွမ်းဆွတ်ခြင်းတို့ အကြားးး…. အရာရာဟာ.... နေသားတကျပါပဲ…..
အရာရာဟာ… နေသားတကျပါပဲလေ…...။
ထာဝရ "နွေဦးမေ"

Thursday, January 1, 2015

" ကျိန်စာ "


" ကျိန်စာ "
ချစ်ခြင်းတရားကိုဗလက္ကာရပြုခံရတဲ့နောက်သေနေတဲ့စိတ်နဲ့ လျှောက်ခဲ့တဲ့လမ်းတွေမှာ လောက်တွေဖွေးဖွေးတက်ခဲ့တယ်။
နင်ပျော်ပါစေကွာလို့ မိုက်ရူးရဲဆန်ဆုတောင်းမှုကို နာကျည်းချက်က သေမိန့်ချခဲ့တယ်။
ဟန်မူရာဘီလို ဥပဒေသစိတ်နဲဆို နင့်နှလုံးသားကြွေမွပျက်စီးနေတာကြာပြီ။
နင့်စိတ်ထဲမှာ အိုးရှိုးဒဿနတွေလွှမ်းမိုးနေတယ်။
ထားလိုက်ပါတော့ကွာ။ အမြင်မတူရင်ရန်သူလို့ငါမပြောတော့ဘူး။
ငါ့စိတ်နဲ့ငါ့ကိုယ်တောင် ငါကရန်သူပြန်ပြန်ဖြစ်ခဲ့တာ။

စိတ်တစ်ကွေ့မှာ တွေ့ကြုံနေရတဲ့ လောကဓံထဲ နင်လည်းလူတစ်ဦးမို့ ဖက်လှဲတကင်း ကြုံစေရမယ်။
ငါ့ရဲ့ယုံကြည်ခြင်းကို ချနင်းခဲ့တဲ့ နင် ... ငါ့နှလုံးသားသွေးနဲ့ တိုင်တည်မှုပြုခဲ့မယ်။
တံတားလိုခင်းခဲ့တာကို နင်းရုံတင်မက ချိုးချေသွားခဲ့တဲ့နင် ...
နင့်ရဲ့စိတ်အလင်းပွင့်တွေ မှောင်မိုက်ပျက်စီးပါစေ။
ဒဏ္ဏာရီထဲက သစ္စာနဲ့ချစ်ခြင်းတရားတွေဟာ နင့်လက်နဲ့ထိလို့ လောင်မီးပြာကျပါစေ။
ဘယ်သွားသွား ဘာလုပ်လုပ် နင့်ကို လူရှုပ်လို့မြင်ကြပါစေ။
နင်ကလွဲပြီး မိန်းမမှန်သမျှဟာ တစ်ခြားယောကျာ်းများအပေါ် တိမ်းမူးရီဝေမူးယစ်ပါစေ။
သံသရာတစ်ကွေ့ နင့်ကိုပြန်တွေ့ခဲ့ရင်တောင် ယောကျာ်းနဲ့ မိန်းမဘ၀ကြား နင်ဖြစ်ပါစေသား။
အို ... ဘုရားသခင် .....
ကရုဏာတော်နဲ့မထိုက်တန်သူကို ကျွန်မဆုတောင်းပြည့်ခွင့်ပြုပါ။
အမှောင်လမ်းကိုရောက်နေရတဲ့ဘ၀မို့ သွေးစက်လက်နဲ့ ကျိန်စာပြုခဲ့ပါတယ်။
အာမင် ......။ ။
သည်းသည်း