Wednesday, January 28, 2015

ဘယ်လောက်ဝေးဝေး … အနီးလေး


ကျမနဲ့မောင် ဘယ်လောက်ဝေးဝေး …
အနီးလေးမှာရှိတယ် …
သူပြောတော့ အအေးမိချောင်းဆိုး …
သာမာန် ဖျားတာမျိုးပဲတဲ့ …
ဒါပေမယ့် …
ကျမ အိပ်မရဘူး …
စိတ်ပူတတ်တာက ဆိုးတယ် …
နဂိုကမှ နူးညံ့တဲ့ သူ့အသံဟာ …
ဖျားနေတဲ့အခါ တိုးညှင်း …
ဖျော့တော့ခြင်းအတိ …
စိတ်မသက်သာခြင်း ဖြစ်မိတယ် …
အလုပ်တွေ ပင်ပမ်း …
စိတ်မသက်သာ ရင်မှာနွမ်း …
ချစ်သူကို အဝေးမှာရော်ရမ်း …
လွမ်းတာက ဆိုးတယ် …
စိတ်မပူနဲ့မောင် …
ကျမနဲ့မောင် ဘယ်လောက်ဝေးဝေး …
အနီးလေးမှာရှိတယ် …
ချစ်တယ် ဆိုတာထက် …
နက်ရှိုင်းတဲ့ နားလည်မှု …
ကြင်နာမှု စာနာမှုနဲ့ … သံယောဇဉ် …
ကျမတို့အကြားမှာ ရှိတယ် …

No comments:

Post a Comment