Wednesday, January 14, 2015

ရင်ခွင်မဲ့ နှလုံးသား

ရင်ခွင်မဲ့ နှလုံးသား
အရမ်းသတိရတယ် ဒါပေမဲ့
ငါ့ရဲ့ခြေလှမ်းတွေ
မင်းနဲ့ဝေးရာဆီကိုပဲသွားပါရစေ
အရမ်းချစ်တယ် ဆိုတဲ့စကားကိုလည်း
မင်းမမြင်နိုင်တဲ့ ငါ့နှလုံးသားထဲမှာပဲ
သော့ခတ်ထားလိုက်ပါရစေ

အရမ်းလွမ်းတယ် ...................
ဒါပေမဲ့မင်းဆိုတာဆက်သွယ်မှုဧရိယာ အပြင်ကလူလို သဘောထားပြီးဖုန်းကိုပဲ
ငေးကြည့်နေပါရစေ.................
တစ်ခါတရံမှာ မင်းရဲ့ဥပေက္ခာအတွက်
အရမ်းဝမ်းနည်းတယ်.................
ဒါပေမဲ့ရစ်ဝဲလာတဲ့မျက်ရည်ကို
ကြွေလွင့်ခွင့်ပိတ်ပါရစေ.............
နင်ပဲပြောခဲ့တာလေ
'' ကိုယ်မျက်ရည်ကျဖို့ ထိုက်တန်တဲ့သူဟာ
ကိုယ့်ကို မျက်ရည်ကျအောင်
ဘယ်တော့မှမလုပ်ဘူး '' ဆို
‪#‎Augustboy‬

No comments:

Post a Comment