Saturday, January 17, 2015

အပြစ်ကင်းချစ်ခြင်း မင်းမြင်စေ


★“ အပြစ်ကင်းချစ်ခြင်း မင်းမြင်စေ ”♪♫
အတွယ်အတာမိုး… ရင်မှာ ပျိုး..
တစ်ရေးးနိုး အချစ်… အိမ်မက်တို့.. မဖြစ်စေရ…
ချစ်လိုက်ရတာ "ကြယ်စင်"ရယ်….။

သံယောဇဉ်နွယ်.. ရင်ဝယ် တွယ်ရစ်…
တစ်ထစ်ချင်း ခွေ… မြစ်မင်း ဧရာ…
ပမာသို့ထား… ရင်မှာ ပွားစီး…
အချစ်မီးဖြစ်… ငြိမ်းမပစ်ပါ…
ချစ်လိုက်ရတာ "ကြယ်စင်"ရယ်…..။

သမုဒယ အဖျားဖူး… ရင်ဝယ် စူးနစ်…
ဆူး အဖြစ်သို့… ပြောင်း…
မနှောင်းစေချင်တဲ့ အတိတ်….
တစ်ရိပ်ရိပ်မိုး… အမျိုးစုံလင်…
တိုးကာ ငင်သစ်…. ရင်ထဲ နစ်ခိုက်….
ချစ်လိုက်ရတာ "ကြယ်စင်"ရယ်…..။

သစ္စာ နှင်းလျှက်… ချစ်မပျက်ပါ…
သက်ထက်ဆုံးထိ… ရင်မှာ ငြိတွယ်…
အလွမ်း ရွယ်ကိုး … အချစ်တိုးခဲ့…
ရင်ပျိုးမေတ္တာ… မုသား ပါဘူး…
အချစ်ထူးခြား.. တွဲလက်များသည်…
သက်ဆုံးရည်ကြ…
ချစ်လိုက်ရတာ…. "ကြယ်စင်"ရယ်….။

သံသရာမှာ… ကံပါလာသမျှ…
ဆုံဆည်းရမည်… ရေစက် ပီပြင်…
ချစ်ကြိုးငင်တွယ်… ထာဝရ ရွယ်ကိုး… ပြန်လာနိုးနှင့်…
အခါလင့်စေ…. ကြိုနှင့်နေမယ်…
ချစ်လိုက်ရတာ "ကြယ်စင်"ရယ်…..။
ထာဝရ "နွေဦးမေ"

No comments:

Post a Comment