Friday, January 30, 2015

စွန့်လွှတ်ဖို့အချိန်တန်လာတဲ့အခါ


သင့်အပေါ် တန်ဖိုးထားမပေးတတ်တဲ့
သူတစ်ယောက်အပေါ် ဝမ်းနည်းမှု /နာကျင်မှုတွေနဲ့ရင်းပီး
နားလည်ပေးနေဖို့မကြိုးစားပါနဲ့
သင့်အပေါ် မျှော်လင့်ချက်တွေသာ ပေးတတ်ပီး
အချစ်စစ်နဲ့ ချစ်နေမပေးတတ်တဲ့ သူတစ်ယောက်အပေါ်
တစ်ဘဝလုံးစာအထိ ချစ်နေပေးသွားဖို့ မကြိုးစားပါနဲ့

သင့်ရဲ့ ခံစားချက်တွေအပေါ် အမြဲတမ်း ဥပေက္ခာပြု
နေတတ်ပီး နားလည်မှုတွေမပေးတတ်တဲ့ သူတစ်ယောက်အပေါ်
ပိုင်ဆိုင်ခွင့်ရဖို့ မကြိုးစားပါနဲ့
သင့်ကို မချစ်တော့လို့ ရက်စက်တဲ့အပြုအမူတွေနဲ့
ထားရစ်ခဲ့ သူတစ်ယောက်ကိုလဲ အချိန်တွေအကြာကြီးအထိ
တမ်းတနေဖို့ မကြိုးစားပါနဲ့
တစ်ကယ်တော့ သင် အရမ်းချစ်ရတဲ့သူတစ်ယောက်ကို
သင့်ရဲ့ဘဝထဲကနေ မေ့ပျောက်သွားဖို့အတွက် ကြိုးစားရတာ
ခက်ခဲတယ် အရမ်းနာကျင်ရတယ်ဆိုပေမဲ့လည်း
တစ်နေ့နေ့ ပျော်ရွှင်ခြင်းဆိုတာကို ပိုင်ဆိုင်ခွင့်ရဖို့အတွက်
စွန့်လွှတ်ဖို့အချိန်တန်လာတဲ့အခါ လက်လွှတ်ပေးလိုက်တာက
သင့်အတွက်တော့ အကောင်းဆုံးဖြစ်မှာပါ

Khin Myo Aye

No comments:

Post a Comment