Friday, January 9, 2015

★“ နေသားတကျ (သို့) မင်းပေးခဲ့တဲ့ ဆုလာဘ် ”♪♫


★“ နေသားတကျ (သို့) မင်းပေးခဲ့တဲ့ ဆုလာဘ် ”♪♫
အရာရာဟာ … နေသားတကျ….
နေမင်းကြီးကလည်းးး….
သူ့ နေရာမှာ သူ .. ထွန်းလင်းလို့…..
လမင်းကြီးကလည်းးး……
သူ့ နေရာမှာ သူ… ထိန်ထိန်သာလို့……
Memory Stick ဖြူဖြူကလေးကလည်း… Lap Top လေး နံဘေးနားမှာ…
ငြိမ်သက်စွာ… အိပ်စက်နေရင်းးးး… အရာရာဟာ… နေသားတကျပါပဲ…..။
သဲ့သဲ့ကလေး သီကြွေးနေတဲ့...
အလွမ်းသီချင်းလေးတစ်ပုဒ်နဲ့....
စီးကရက် မီးခိုး အငွေ့တွေ.. လွင့်ပျံ ဝေ့၀ဲနေတဲ့…
အခန်းကျဉ်းကလေးထဲမှာ… ငါတစ်ယောက်ထဲ…
ဆိတ်ငြိမ်စွာ.. ကြေကွဲနေရင်းးးး. အရာရာ ဟာ… နေသားတကျပါပဲ……။
တေးသီ… ငှက်ကလေးတွေ…
ပျံသန်းနေတဲ့… ကောင်းကင်ပြာပေါ်က..
ဝေ့၀ဲ လွင့်ကျလာတဲ့..ရော်ရွက်ဝါ အကြွေတစ်ချို့ရဲ့....
ရှိုက်သံတိုးတိုးကလေးးး..
ရင်ခွင်ဆီ တိုးဝှေ့ ရိုက်ခတ်နေရင်းးး…. အရာရာဟာ… နေသားတကျပါပဲ……။
အင်းးး…
နိဂုံးကမ္ပတ်… အဆုံးသတ်တော့…
မင်းထားခဲ့တဲ့.. အထီးကျန်အထုပ္ပတ္တိတစ်ပုဒ်ရဲ့ အလည်မှာ..
ယောင်ခြာခြာ.. ငါ တစ်ယောက်ထဲ….
မျက်ရည် မ၀ဲဘဲ… အသည်းထဲမှာ ငိုကြွေး.…
ရှိုက်သံမဲ့ တေးချင်းတစ်ပုဒ်နဲ့အတူ … ရင်ကွဲပက်လက်… တမ်းတနေရင်းးးးး…..
ငါရဲ့.. လွမ်းဆွတ်ခြင်းတို့ အကြားးး…. အရာရာဟာ.... နေသားတကျပါပဲ…..
အရာရာဟာ… နေသားတကျပါပဲလေ…...။
ထာဝရ "နွေဦးမေ"

No comments:

Post a Comment