Monday, July 29, 2013

ကံကြမ္မာက ငါ့ကို မျက်နှာသာ ပေးတဲ့ တစ်နေ့.........


အရာရာဆုံးရှုံးတတ်ခဲ့တော့ပိုင်ဆိုင်ရခြင်း ဆိုတာ ငါနဲ့တောင် မသက်ဆိုင်တော့တဲ့ စကားစုလိုပဲ ။
မျှော်လင့်ချက်လေးရေးရေးထားလို့ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရမလား တွေးကြည့်ဖူးပါရဲ့ ..
လက်တွေ့မှာတော့ အရင်တုန်းကလိုပါပဲ ..ကျန်နေခဲ့တာ ငါ .. တစ်ယောက်တည်း ။
ဘယ်သူ့ကိုအပြစ်တင်ရမလဲ ??ကံကြမ္မာကို လား    ငါကိုယ်တိုင်ကိုလား
သေချာတာက ပိုင်ဆိုင်ခြင်းဆိုတာ ငါနဲ့အလှမ်းဝေးနေသေးတယ် ။
ဒီတစ်ခါလည်း ပိုင်ဆိုင်ရခြင်း နဲ့ ငါ တေ့လွဲလွဲပြန်ပြီ ထင်ပါရဲ့ ။
နောက်ဆုံးတော့ ထွက်သွားတဲ့ နင်က အပြုံး   ကျန်ရစ်ခဲ့တဲ့ ငါက အရှုံးများစွာနဲ့ပေါ့ ။
သွားပေဦးတော့ ချစ်ရသူရေ ..
ကံကြမ္မာက ငါ့ကို မျက်နှာသာပေးတဲ့တနေ့ ပိုင်ဆိုင်ခြင်းတွေ တပွေ့တပိုက်နဲ့ ..
ငါ မင်းဆီကို သေချာပေါက်အရောက်ပြန်ခဲ့မှာပါ ။

{ မယ်ပိုး }

No comments:

Post a Comment