Friday, September 5, 2014

တွဲလက်တွေမြဲစေဖို့

တွဲလက်တွေမြဲစေဖို့
**************
လူတစ်ယောက်ရဲ့ အမြင့်မားဆုံးသော
တန်ဖိုးဟာ `ကိုယ်ကျင့်တရား´ပဲ
ဖြစ်ပါတယ်။

`ဇာမဏီငှက်´ဟာ သူ့ရဲ့အမွှေးအတောင်ကို
သူ့အသက်လောက် တန်ဖိုးထားသလို
တန်ဖိုးနားလည်တဲ့ လူဟာလည်း
သူ့ `ကိုယ်ကျင့်တရား´ကို
သူ့အသက်လောက် တန်ဖိုးထားတတ်ပါတယ်။
တကယ်လို့သူ့မှာ ချို့ယွင်းချက်
အနည်းငယ် ရှိခဲ့ရင်တောင်
သူသတ်မှတ်ထားတဲ့ အတိုင်းအတာကို
သူ့အသက်နဲ့ တန်းတူထားပြီး
ထိန်းသိမ်းကာကွယ်တတ်ပါတယ်။
`ပြည့်စုံတဲ့သူ´ဆိုတာ
လောကမှာ ရှိမှ မရှိဘဲကိုး။
ကမ္ဘာကျော် လူသတ်သမားတစ်ယောက်ဟာ
``သူ့ရဲ့ သွေးစွန်းနေတဲ့
အိပ်ကပ်ရဲ့နောက်နားမှာ
အလွန်နူးညံ့ကြင်နာတတ်တဲ့
နှလုံးသားတစ်စုံ ကိန်းအောင်းနေတတ်ပါတယ်´´
လို့ သေတမ်းစာ ရေးခဲ့ဖူးပါတယ်။
`နားလည်မှု၊ ယုံကြည်မှု´ဆိုတာ
ခိုင်မြဲတဲ့ `မေတ္တာတရား´တွေအတွက်
စိတ်ချယုံကြည်ရတဲ့
အခြေခံ အဆောက်အဦးပဲ ဖြစ်ပါတယ်။
ဒီနှစ်ခုဟာ ဆက်စပ်နေတယ်။
ခိုင်မြဲတဲ့လက်တွေ မြဲမြဲတွဲဖို့ဆိုရင်တော့
အပြန်အလှန် `နားလည်မှု´ကို
`ယုံကြည်မှု´အပေါ်မှာ
အခြေခံပြီး တည်ဆောက်လိုက်ပါ။
ဇာမဏီငှက်ရဲ့ အမွှေးအတောင်ကို
ဘယ်တော့မှ လက်လွတ်စပယ်
နှုတ်ပစ်ဖို့ အားမထုတ်မိပါစေနဲ့။
ရွှေဘုန်း (စေတနာပန်းခင်းဆရာတော်)

No comments:

Post a Comment