Monday, July 7, 2014
"အကောင်းဆုံ ယတြာများ"
( အလွန်ဖတ်သင့်သော စာကောင်းလေးပါ ....မိတ်ဆွေ ဖတ်ပြီးလို့ အကျိုးရှိမယ်ထင်ရင်အများကို မျှဝေ ...
Share လုပ်ပေးသွားဖို့ တောင်းဆိုပါရစေ... )
၁။ ဝင်ငွေမ ကောင်းတဲ့အခါချွေတာသုံးစွဲတာအကောင်းဆုံးယတြာ။
၂။ လမ်းသွားတဲ့အခါကြီးမားတဲ့ဝီရိယထားခြင်းဟာအန္တရာယ်ကင်းဖို့ အတွက်အကောင်းဆုံးယတြာ။
၃။ ရန်လိုနေတဲ့လူနဲ့ဖက်ပြိုင်ပြီးမငြင်းတာအကောင်းဆုံးယတြာ။
၎။ ဒေါသထွက်စရာ ကြုံတဲ့အခါစိတ်ဖြေသာတဲ့နေရာကိုရှောင် ထွက်သွား ခြင်းဟာအကောင်းဆုံးယတြာ။
၅။ မနာလိုဝန်တိုစိတ်ကိုမမွေးအောင်ကံ ကံရဲ့အကျိုးကိုလက်ခံနိုင်အောင်ကြိုးစားတာအ ကောင်းဆုံးယတြာ။
၆။ စိတ်ကောင်းထားခြင်းရိုးသားမှုရှိခြင်းဟာကြီးပွားရာ ကြီးပွားကြောင်း အတွက်အကောင်းဆုံးယတြာ။
၇။အားလပ်ချိန်မှာစာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာအသိအလိမ္မာတိုးတက်စေဖို့အတွက်အကောင်းဆုံးယတြာ။
၈။ ကံဆိုးချိန်မှာရတနာသုံးပါးကိုအထူးတလည်ဆည်းကပ်ကိုးကွယ်တာသည်
ကံကောင်းတွေရောက်စေဖို့အတွက်အကောင်းဆုံးယတြာ။
၉။ တစ်စုံတစ်ရာ ကျွေးမွေးပေးအပ်သူကို ကျေးဇူးရှင်တစ်ဦးအဖြစ် မမေ့အပ်တာအကောင်းဆုံးယတြာ။
၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကိုတိတိကျကျ ခွဲခြားပြီးတာဝန်ကျေပွန်စွာ လုပ်တာအကောင်းဆုံးယတြာ။
၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့ပညာရှိ လူကြီးမိဘရဲ့ဆိုဆုံးမမှုကို လိုက်နာတာအကောင်းဆုံးယတြာ။
၁၂။ မရ သေးတဲ့ဥစ္စာကိုအပူတပြင်းမတောင့်တမလိုချင်တာစိတ်ချမ်းသာစေဖို့အတွက်အကောင်းဆုံးယတြာ။
၁၃။ တတ်နိုင် သလောက်စုဆောင်းသွားတာဟာအနာဂတ်ခရီးအတွက်အကောင်းဆုံးယတြာ။
၁၄။ ဘဝအရေးနိမ့်တဲ့ကာလမှာစိတ်ဓါတ်ကိုကြံ့ကြံ့ခံနိုင်အောင်သတိထားမွေးမြူခြင်းဟာ
မိမိ မပျက်စီးဖို့အတွက်အကောင်းဆုံးယတြာ။
၁၅။စီးပွားဖြစ်တဲ့အခါအောက်ခြေမလွတ်အောင်သတိတရားနဲ့နေထိုင်တာအကောင်းဆုံးယတြာ။
၁၆။ ငယ်စဉ်အခါ ပညာသင်ချိန်မှာပညာတတ်ရေးတစ်ခုတည်းကိုရှေ့ရှု့ပြီးတစိုက်မတ်မတ်
ကြိုးစားခြင်း ဟာ နောင်ရေးအတွက်အကောင်းဆုံး ယတြာ။
၁၇။အခွင့်အလမ်းပေါ်လာတဲ့အခါလုံ့လဝီရီယကို ရှေ့တန်းတင်ပြီးအမိအရဆုပ်ကိုင် လိုက်ခြင်းဟာ
အောင်မြင်ကြီးပွားဖို့အတွက်အကောင်းဆုံးယတြာ။
၁၈။ ဘာကိုမှမစဉ်းစားပဲမလုပ်တာမပြောတာ နောင်မှနောင် တ ရ တယ်ဆိုတဲ့
အဖြစ်မျိုးကို မ ရောက်ဖို့ အတွက်အကောင်းဆုံးယတြာ။
၁၉။သုံးနိုင်တဲ့အခြေအနေရှိရက်နဲ့စိတ်ကိုလွှတ်ပေးပြီးအရမ်းမဲ့မသုံးစွဲတာဟာ နောင်
စိတ်ဆင်းရဲစရာ မကြုံဖို့အတွက်အကောင်းဆုံးယတြာ။
၂၀။ ဘေးရှိတဲ့စကားကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာနောင် အခါပြဿနာအရှုပ်အရှင်းနဲ့
ရင်မဆိုင်ရဖို့အတွက်အကောင်းဆုံးယတြာ။
၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတကြည့်တာ စဉ်းစားတာလုပ်ကိုင်တာသည်
ရေရှည်လက်တွဲဖို့အတွက်အကောင်းဆုံးယတြာ။
၂၂။ မနိုင်တဲ့ဝန်ကို မထမ်းတာဟာအသက် ရှည်ဖို့အတွက်အကောင်းဆုံးယတြာ။
၂၃။ မိမိကိုယ်ကို အမှန် ရှု့ထောင့်မှဝေဖန်သုံးသပ်တာဟာရှေ့လျှောက်ရမယ့်ဘဝခရီးမှာ
ပန်းခင်းလမ်းဖြစ်ဖို့အတွက်အကောင်းဆုံးယတြာ။
၂၄။ ဒေါသကိုအပြင်မထွက်အောင်ထိန်းနိုင်တာဟာအစစအရာရာပြဿနာနည်းပါးစေဖို့အတွက်အကောင်းဆုံးယတြာ။
၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှအမှားများကို ဆင်ခြင်သုံးသပ်ပြီးချက်ချင်းပြုပြင် သွားတာ
ရှေ့ခရီး ချောမောဖို့အတွက်အကောင်းဆုံးယတြာဝ
၂၆။ အတိတ်ကို ပြန်တွေးပြီးလဲမပူဆွေး။ အနာဂတ်အရေးကိုလှမ်းမျှော်ပြီးလည်းမပူပန်။
ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီးလုပ်သင့်လုပ်ထိုက်တာတွေကိုလုပ်ကိုင် သွားတာဟာ
တိုးတက်ဖို့အတွက်အကောင်းဆုံးယတြာ။
၂၇။ အ ကောင်းမြင် ဝါဒနဲ့ဘဝခရီးကိုဆက်ခြင်းဟာအကောင်းဆုံးယတြာ။
၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့အပျော်အပါး လိုက်စားမှုမူးယစ်ဆေးဝါးနဲ့အရက် သေစာကို
ရှောင်ရှားတာဟာအသက်ရှည် ကျန်းမာစေ ဖို့အတွက်အကောင်းဆုံးယတြာပါ။
မူရင်း ။
ကိုးဘွဲ့ ရဆရာတော်
အရှင်အာစာရာလင်္ကာရ
Tuesday, July 1, 2014
ကွန်ပျုတာ Speed မြန်အောင်လုပ်နည်း (၅) နည်း
ကွန်ပျုတာ Speed မြန်အောင်လုပ်နည်း (၅) နည်း ပထမဆုံးနည်းလမ်းက Start >> Run (or) win + R ကိုကလစ်ပါ.. run box တွင် prefetch ကိုရေးပြီး ok ပေးလိုက်ပါ.. ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို delete ပေးလိုက်ပါ။
ဒုတိယနည်းလမ်းက Start >> Run (or) win + R ကိုကလစ်ပါ.. run box တွင် regedit ကိုရေးပြီး ok ပေးလိုက်ပါ.. ပေါ်လာတဲ့ Registry Editor box အောက်က HKEY_CURRENT_USER >> Control Panel >> Desktop ထိအစဉ်လိုက်သွားလိုက်ပါ.. Desktop ရောက်ရင် double click ပေးလိုက်ရင်ဘေးက box က MenuShowDelay ကို right click >> modify>> Value data ကို 400 ကနေ 0 ထိလျှော့ချပေးပြီး ok ပေးလိုက်ပါ။
တတိယနည်းလမ်းက Start >> Run (or) win + R ကိုကလစ်ပါ.. run box တွင် msconfig ကိုရေးပြီး ok ပေးလိုက်ပါ.. ပေါ်လာတဲ့ box မှာ Startup Tab ကိုသွားပါ.. အဲဒီက မလိုအပ်ဖူးထင်တဲ့ software တွေက အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ. ပြီးရင် Apply ok ပေးလိုက်ပါ restart တောင်းပါလိမ့်မယ် Exit Without Restart ကိုပဲကလစ်လိုက်ပါ. တကယ်ဆိုရင် restart ပေးရမှာပါ ဒါပေမယ့်ကျနော်တို့က နည်းလမ်းငါးမျိုးလုံးလုပ်မှာဖြစ်လို့ မပေးပါနဲ့ အားလုံးပြီးမှ restart ပေးလိုက်ရင်လည်းရပါတယ်။
စတုတ္တနည်းလမ်းက Start >> Control Panel >> System ထိရောက်အောင်သွားပြီး double click နဲ့ဖွင့်လိုက်ပါ. (mycomputer >> right click >> Properties ဆိုရင်လည်း တူတူပါပဲ) System Properties Box ပေါ်လာပါလိမ့်မယ် Advanced Tab >> Performance Settings ကိုကလစ်လိုက်ပါ. Adjust for best performance ကိုရွေးပြီး Apply ok ပေးလိုက်ပါခင်ဗျာ.. PC ကတော့ ပုံစံပြောင်းသွားပါလိမ့်မယ် effect တွေမပါတော့တဲ အတွက် သိသိသာသာ ပေါ့ပါးသွားပါလိမ့်မယ်။
နောက်ဆုံးနည်းလမ်း ကတော့ Start >> Run (or) win + R ကိုကလစ်ပါ.. run box တွင် system.ini ကိုရေးပြီး ok ပေးလိုက်ပါ.. ပေါ်လာတဲ့ Notepad ထဲမှာ အောက်က code လေးကို copy ကူးပြီး အောက်ဆုံးမှာ ထည့်ပေးလိုက်ပါခင်ဗျာ.. page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kb ပြီးရင် file >> save ပေးပြီး close လိုက်ပါ ..အားလုံးပြီးပြီဆိုရင် ကွန်ပျုတာကို restart ချလိုက်ပါ။
http://bluenavyblog.blogspot.com/2014/07/speed.html မှကူးယူဖေါ်ပြပါသည်။
ကျန်ခဲ့လေပြီ
ကျန်ခဲ့လေပြီ....။နေရစ်တော့မလား...မထားရက်လို့ နောက်ပြန်လှည့်ကြည့် ရှေ့ဆက်လျှောက်မယ်..အတူတူလေ...။
မလိုက်ချင်..ငြိုငြင်ရင်းနဲ့ ချန်နေရစ်မလား အတွေးကပွား လက်ကဆွဲပြီးခေါ်ချင်တယ်...။
ဆွဲမယ့်လက်လည်း ရော့တိရော့ရဲ အားကမရှိ..ကိုယ်တိုင်ကလည်း မပြည့်မစုံ။
ဟိုးအဝေးကြီး...သူကျန်ခဲ့မှာ စိုးမိပါလည်း အတင်းလှမ်းဆွဲ ဒီလက်ကိုပယ်..ဖယ်ချင်တဲ့သူ...
ခေါင်းမာမာနဲ့ ခြေအစုံရပ် မာနမျက်လုံး မုန်းမာန်မဆုံးလည်း ရင်ထဲမှာတော့ မေတ္တာမပျယ်...။
ကျန်ခဲ့လေပြီ...။ထားမသွားရက်လည်း မလိုက်ချင်သူမို့ နေပါစေတော့....။
ဒီကမျက်လုံး ရီဝေနှလုံး ခေါင်းကိုငုံ့ရင်း မချိပြုံးနဲ့ ပြုံးမိတယ်...။
ဟိုးအဝေးကြီးမှာ စိတ်လိုလက်ရ နောက်မှာချန်ရစ်...နေနေရစ်တော့.....နေရစ်ကြတော့ကွယ်...။
(အိမ့်ချမ်းမြေ့)

Wednesday, June 25, 2014
ဝဋ်ဆိုတာ . .
သံသရာတလျှောက်လုံးမကျေမချင်းပြန်ဆပ်ရလေ့ရှိတယ် ဘယ်လို ရှောင်ပုန်းရှောင်ပုန်းမလွတ်နိုင်ပါဘူး
အကုသိုလ်ကို ကုသိုလ်နဲ့ပယ်နိုင်ပေမယ့် ၀ဋ်ကြွေးဆိုတဲ့ အရာကိုတော့ ဘယ်လို အရာမျိုးနဲ့မှ ရှောင်လွှဲလို့မရပါဘူး
ဒီနေ့ဒီရက် ဒီအချိန်မှာ သေရမယ့် ကံပါလာရင် ဒီနေ့ဒီရက်ဒီအချိန်မှာ ဒီလိုအဖြစ်မျိုးဖြစ်ဖို့ကံပါလာရင် လည်း ဘယ်လို လှည့်ကွက်နဲ့မှ ပြောင်းလဲလို့မရနိုင်ပါဘူး
ကြောက်စရာကောင်းသလို သံဝေဂယူစရာလည်းကောင်းတယ် နောင်ဘ၀အထိမစောင့်သလို အခုဘ၀မှာပဲ ချက်ချင်းကို ပြန်လည်တတ်တယ်
ကိုယ်ရှေးရှေးတုန်းကဖြစ်စေ အခုဘ၀မှာဖြစ်စေ လုပ်ခဲ့တဲ့အရာတွေရဲ့အရိပ်က ကိုယ့်နောက်ကို ပြန်လိုက်နေတာပါပဲ
သေခြင်းတရားဆိုတာလည်း ကံမကုန်ခင် ကြုံတွေ့ရခြင်းဟာ ၀ဋ်တစ်မျိုးပဲဖြစ်ပြီး အဲဒီဝဋ်ကို ပြန်ဆပ်ကိုဆပ်မှသာ ကြေနိုင်တာဖြစ်ပါတယ်
အကုသိုလ်ကို တတ်နိုင်သမျှ လျော့ပြီး ကုသိုလ်များများ ထားရမယ် - မနာလို ၀န်တိုစိတ် နှိပ်စက်ညှင်းပန်းလိုစိတ်ကို လျော့ပြီး မေတ္တာတရားကို များများထားရမယ်
လောကကြီးမှာ ကိုယ်ဘာမှလုပ်လို့မရတာ ပြုပြင်ခွင့်မရှိတာ ပြောင်းလဲခွင့်မရှိတာအမျာြး ကီးပါပဲ အဲဒီအထဲမှာ ၀ဋ်ကြွေးဆိုတာလည်းပါတယ်
သက်တန့်ချို
အကုသိုလ်ကို ကုသိုလ်နဲ့ပယ်နိုင်ပေမယ့် ၀ဋ်ကြွေးဆိုတဲ့ အရာကိုတော့ ဘယ်လို အရာမျိုးနဲ့မှ ရှောင်လွှဲလို့မရပါဘူး
ဒီနေ့ဒီရက် ဒီအချိန်မှာ သေရမယ့် ကံပါလာရင် ဒီနေ့ဒီရက်ဒီအချိန်မှာ ဒီလိုအဖြစ်မျိုးဖြစ်ဖို့ကံပ
ကြောက်စရာကောင်းသလို သံဝေဂယူစရာလည်းကောင်းတယ် နောင်ဘ၀အထိမစောင့်သလို အခုဘ၀မှာပဲ ချက်ချင်းကို ပြန်လည်တတ်တယ်
ကိုယ်ရှေးရှေးတုန်းကဖြစ်စေ အခုဘ၀မှာဖြစ်စေ လုပ်ခဲ့တဲ့အရာတွေရဲ့အရိပ်က ကိုယ့်နောက်ကို ပြန်လိုက်နေတာပါပဲ
သေခြင်းတရားဆိုတာလည်း ကံမကုန်ခင် ကြုံတွေ့ရခြင်းဟာ ၀ဋ်တစ်မျိုးပဲဖြစ်ပြီး အဲဒီဝဋ်ကို ပြန်ဆပ်ကိုဆပ်မှသာ ကြေနိုင်တာဖြစ်ပါတယ်
အကုသိုလ်ကို တတ်နိုင်သမျှ လျော့ပြီး ကုသိုလ်များများ ထားရမယ် - မနာလို ၀န်တိုစိတ် နှိပ်စက်ညှင်းပန်းလိုစိတ်ကိ
လောကကြီးမှာ ကိုယ်ဘာမှလုပ်လို့မရတာ ပြုပြင်ခွင့်မရှိတာ ပြောင်းလဲခွင့်မရှိတာအမျာြး
သက်တန့်ချို
Monday, June 23, 2014
ရသလေးများစုစည်းရာ
ဒီလို လူ (၁၀)မျိုးကိုတွေ့ခဲ့ရင် တန်ဖိုးထားပါ
===========================
၁။ ကိုယ်တစ်ကယ်ချစ်တဲ့သူကိုတွေ့ခဲ့ရင် သူနဲ့ဘ၀တစ်လျှေက်လုံးလက်တွဲသွားဖို့အခွင့်အရေးရအောင်ကြိုးစားပါ။ဘာကြောင့်လဲဆိုတော့သူထွက်သွားတဲ့အခါအရာအားလုံးနောက်ကျသွားပါလိမ့်မယ်။
===========================
၁။ ကိုယ်တစ်ကယ်ချစ်တဲ့သူကိုတွေ့ခဲ့ရင် သူနဲ့ဘ၀တစ်လျှေက်လုံးလက်တွဲသွားဖို့အခွင့်အရေးရအောင်ကြိုးစားပါ။ဘာကြောင့်လဲဆိုတော့သူထွက်သွားတဲ့အခါအရာအားလုံးနောက်ကျသွားပါလိမ့်မယ်။
၂။ ကိုယ်တစ်ကယ်ယုံကြည်ရတဲ့သူငယ်ချင်းကိုတွေ့ခဲ့ရင်
သူနဲ့အဆင်ပြေပြေကောင်းကောင်းမွန်မွန်ဆက်ဆံသွားပါ။ ဘာဖြစ်လို့လဲဆိုတော့
ဘ၀မှာသူငယ်ချင်းအစစ်တွေ့ရဖို့ဆိုတာမလွယ်တော့လို့ပါ။
၃။ ကိုယ့်ကိုတစ်ချိန်တုန်းကကူညီပေးခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုကောင်းကောင်းကျေးဇူးတင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာကိုယ့်ဘ၀ရဲ့အလှည့်အပြောင်းဖြစ်ခဲ့လို့ပါဘဲ။
၎။ ကိုယ်တစ်ချိန်တုန်းကချစ်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုပြုံးပြုံးလေးနဲ့ကျေးဇူးတင်ဖို့မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့သူက ကိုယ့်ကိုအချစ်အကြောင်းပိုနားလည်စေခဲ့လို့ပါ။
၅။ ကိုယ့် ကိုတစ်ချိန်တုန်းကမုန်းတီးခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်ပြုံးပြုံးလေးနဲ့သူ့ကိုနှုတ်ဆက်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်ကိုယ်ကပိုပြီးသတ္တိရှိလာခဲ့တယ်။
၆။ ကိုယ့်ကိုတစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူနဲ့အေးအေးဆေးဆေးစကားစမြည်ပြောလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်မဟုတ်ရင် ကိုယ်လည်းလောကအကြောင်းကိုသိလာမှာမဟုတ်ဘူး။
၇။ ကိုယ်တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်သူ့ကိုပျော်ရွင်ပါစေဆိုပြီး ဆုတောင်းပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ကိုယ်သူ့ကိုတိတ်တခိုးချစ်ခဲ့တုန်းက သူပျော်၇ွင်တာကိုဘဲ လိုလားခဲ့တာမဟုတ်လား။
၈။ ကိုယ့်ဘ၀ထဲကနေထွက်သွားခဲ့တဲ့သူကိုတွေ့ခဲ့ရင် သူကိုယ့်ဘ၀ထဲဝင်ခဲ့တာကိုကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူကကိုယ့်ဘ၀ရဲ့ပျော်ရွင်စရာကောင်းတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်လေ။
၉။ ကိုယ့်ကိုတစ်ချိန်ကအထင်လွဲခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် အချိန်မှီဖြေရှင်းချက်ပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူနားလည်အောင်ဖြေရှင်းပေးဖို့အခွင့်အရေးကတစ်ခါဘဲရှိနိုင်လို့ပါ။
၁၀။ ယခု ကိုယ်နဲ့ဘ၀တစ်လျှောက်လုံး လက်တွဲသွားမယ့်သူကိုတွေ့ရင် သူကိုယ့်ကိုချစ်တာ ရွေးချယ်ခဲ့တာကို ရာနှုန်းပြည့်ကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့အ ခုနှစ်ယောက်လုံးပျော်ရွင်မှု့နဲ့အချစ်စစ်ကိုပိုင်ဆိုင်နေရလို့ပါ။
Respect to origin composer
From: https://www.facebook.com/pages/%E1%80%9B%E1%80%9E%E1%80%B1%E1%80%9C%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%85%E1%80%AF%E1%80%85%E1%80%8A%E1%80%B9%E1%80%B8%E1%80%9B%E1%80%AC/683144805034779

Friday, June 20, 2014
"အိမ်ရိုက်သံ"
မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။
ဒီလိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကိုထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာတော့တယ်၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို ရောက်လာရော၊ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်…. အဖေရေ… သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ။
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော…၊
မင်းကိုယ်မင်း ဒေါသမဖြစ်အောင်တစ်နေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ။ တစ်နေ့ထိန်းနိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေး က သူ့အဖေကိုပြောနိုင်သွားတယ်။ အဖေရေ သားရိုက်ခဲ့တဲ့ သံတွေ အားလုံး ကိုနှုတ်ပြီးသွားပြီ၊ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါ အဖေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ၀င်းထရံဆီကို ခေါ်သွားတယ်၊
တော်တယ်ငါ့သားလို့လည်း ဆိုပါတယ်။
ဒါပေမယ့် သားသေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းက လို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သားမြင်တယ် မဟုတ်လား။
အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလို အမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။
အဲဒီလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်ပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါဘဲ ရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်….တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊ သုခတွေကို လည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့် တစ်ခုခုဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သူတို့ကို သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ် မရောက်ပါစေနဲ့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက် ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာ အောင် လုပ်ပေးသင့် ကြောင်းပြောကြားပေးပါ။
ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်း ပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့ စာ ကိုယ့်ဆီပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။
(ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။)
Sunday, June 15, 2014
အချစ်စစ်တစ်ခုဆိုတာ
အချစ်စစ်တစ်ခုဆိုတာ... အရောင်မပြောင်းလဲတတ်ဘူး ဒီရေလိုအတက်ကျမရှိဘူး... တည်ငြိမ်ပြီးနက်ရှိုင်းနေတတ်တာမျိုးပါ... တစ်ခါတစ်လေမှာလူကြီးဖြစ်နေတတ်သလို တစ်ခါတစ်လေမှာ ကလေးတစ်ယောက်လိုဖြစ်နေတတ်ပါတယ်... စိတ်ဆိုးကြတဲ့အချိန်မှာ ဂရုဏာဒေါသတွေနဲ့စကားလုံးလေးတွေ ကြမ်းသွားပါစေ ဘယ်တော့မှအကြာကြီးပစ်မထားတတ်ပါဘူး... မောင်နှမလိုသံယောဇဉ်တွေနဲ့ကာကွယ်စောင့်ရှောက်ပြီး မိသားစုလို ရင်းနှီးပွင့်လင်းနေတတ်ကြပါတယ်... အရှေ့မှာတစ်မျိုးနောက်ကွယ်မှာတစ်မျိုးမလုပ်တတ်ကြပဲ တူညီမှု ရှိနေတတ်ကြပါတယ်... အကွာဝေးတွေဘယ်လောက်ပဲခြားခြား အနေနီးစပ်နိုင်အောင် အမြဲတမ်းကြိုးစားနေတတ်ကြတာမျိုးပေါ့... ကိုယ့်ရဲ့အပြုမှု အပြောဆိုတစ်ခုကြောင့်သူစိတ်အနှောက်ယှက်ဖြစ် စေနိုင်တာမျိုးတတ်နိုင်သလောက်ရှောင်နေတတ်တာပါ... တကယ်တော့ အချစ်စစ်တစ်ခုဆိုတာမျိုးကချစ်လာတဲ့အချိန်တွေ ကြာလာတာနဲ့အမျှ ရိုးအီသွားတာမျိုးမဟုတ်ပဲတစ်ယောက်ကိုတစ်ယောက် သံယောဇဉ်တွေပိုတိုးကာ ဘ၀အဆုံးတစ်ဖက်အထိအတူတူလက်တွဲ သွားချင်တတ်ကြတာမျိုးပါ..
poem
Friday, June 6, 2014
ရှင်မှ တစ်ပါး ......
ရှင် မသိတတ်နားမလည် သစ္စာဆိုတဲ့စကားကိုသာ
ရှင့်စိတ်နဲ့နှိုင်း အမြဲလိုလိုလှောင်ရယ် ...
အဲ့လို မ ခနဲ့ပါနဲ့ ခံစားရတဲ့ကျွန်မ ....
ခဏခဏ ကမ္ဘာပျက်တယ် ....
ထင်ကောင်း ထင်နိုင်ပါတယ်
ရှင့်လို အသွင်သဏ္ဏန်တချို့နဲ့ ...
ဒါပေမယ့် ရှင်မစွပ်စွဲပါနဲ့
ကွန်မမှာလည်း ရှင်အထင်သေးထားတဲ့
မာနတချို့ရှိတယ် ....
ချစ်လို့ နာခံလွယ်တဲ့ကျွန်မကို
ငနုံငအလို့ မထင်ပါနဲ့
မျက်စေ့ကိုစုံမှိတ်ခဲ့တာ လွန်ခဲ့တဲ့ ၂၀၁၂ ကတည်းကမို့
ဘာမဟုတ်တဲ့ မိန်းမတယောက်လို
ရှင့်အတွေးတချို့က အကျင့်တွေပါနေတာပါ ....
ကျွန်မ ဘာကြောင့်မှ မမျှော်လင့်တော့ပါဘူး
ကျိန်စာသင့်ခဲ့သလို ....
ဇာတာခပ်ညံ့ညံ့တွေနဲ့
ဘယ်လောက်ချစ်ပြ ချစ်ပြ ....
ရှင် အကောင်းမမြင်ခဲ့တဲ့အခါ
ကျွန်မဘ၀ သေရတာထက်နာတယ် ....
ဘယ်အခါ ဘယ်ဒေသမှာမှ ....
ခင်တွယ်ရာကို အာရုံမထားနိုင်ခဲ့
ရှင်မှတစ်ပါး ....
ကျွန်မရင်ခွင်ထဲမှာ တခြားသူမရှိခဲ့ ....
ရင်ခွင်က အစစ်အမှန်တွေနဲ့
ဒီစာ ဒီကဗျာတွေဖွဲ့
ကိုယ်ချင်းမစာ .... အပိုစကားတွေပါလို့ ....
ရှင်သတ်မှတ်ခဲ့တယ်ဆိုရင် ....
ဒီ့ထက်ပိုပြီးချစ်ပြနိုင်ဖို့က
ကျွန်မရဲ့ ကိုယ်ပိုင်ရပ်တည်ချက်တွေကြောင့်
အဆုံးအစမဲ့ ကြာရှည်နေဦးမယ် ။
( နက်တာဟိန်း )

Wednesday, June 4, 2014
အထိန်းအကွပ်မရှိရင်
* ခိုင်ခံ့ပြီး မာကျောပါတယ်ဆိုတဲ့
လမ်းမကြီးတွေသည်ပင်
ဘေးမှာ ပလက်ဘောင်းတွေနဲ့
ကာရံမထားရင်တစစီပဲ့ထွက်
ပျက်စီးလာမှာဖြစ်သလို
* သိပ်တော်သိပ်တတ်အောင်မြင်နေတဲ့
သူတို့သည်လည်း
ကိုယ်ရဲ့တော်မှုတတ်မှုအောင်မြင်မှုတွေကို
လူတစ်ယောက်စောင့်ထိန်းရမယ့်
ကိုယ့်ကျင့်တရားတွေနဲ့
မကာရံမထိန်းကွပ်နိုင်ဘူးဆိုရင်
အောင်မြင်မှု့တွေဟာ
တစစီပဲ့ထွက်ပျက်စီးလာနိုင်ပါတယ် ။
အရှင်ဇနက
မန္တလေးစာသင်သား
သူတို့သည်လည်း
ကိုယ်ရဲ့တော်မှုတတ်မှုအောင်မြင်မှုတွေကို
လူတစ်ယောက်စောင့်ထိန်းရမယ့်
ကိုယ့်ကျင့်တရားတွေနဲ့
မကာရံမထိန်းကွပ်နိုင်ဘူးဆိုရင်
အောင်မြင်မှု့တွေဟာ
တစစီပဲ့ထွက်ပျက်စီးလာနိုင်ပါတယ် ။
အရှင်ဇနက
မန္တလေးစာသင်သား
Subscribe to:
Posts (Atom)