Tuesday, June 25, 2013

“ချစ်ရသူ …သို့ ”


ငါ့ ရဲ့ အချစ်တွေလို ပြန်ပြီ ချစ်ဖို့
တူညီမှုမရှိချင်နေပါစေ ငါ့ အချစ်တွေကိုတော့
နင်အသိမှတ်ပြုစေချင်တယ် … ချစ်သူ ..။

နင့် ဘက်က ငါ ကိုအမြဲတမ်း
အပြစ်တွေကြီးပဲ မြင်နေမှတော့
ငါ့ အချစ်တွေ ဘယ်လောက်ပဲ စစ်စစ်
နင်ဘက်က မဖြစ်နိုင်ဘူးလို့ပဲ တွေးထားနိုင်မှာပေါ့ …. ။

ငါ့ တို့ နှစ်ယောက်ကြားမှာ နားလည်မှု ရှိစေချင်ပေမယ့်
နင်ဘက်က နားလည်မှုဆိုတာကို
နားလည်ယုံတာကလွဲရင် ဘာကိုမှ
ငါ့ ကိုနားလည်မပေးနိုင်ပါဘူး ……. ချစ်သူ …။

နင်ကို ရွေးချယ်ပြီး ချစ်ခဲ့ပေမယ့်
ငါ ကိုယ့်ပိုင်ဘဝထဲမှာနင်ကို ကျူးကျော်ဝင်ရောက်ခွင့်
ပေးထားတာ မဟုတ်ဘူးဆိုတာ
နင်သိစေချင်ပေမယ့် ……………..။

ဆောင်းနေရောင်

Monday, June 24, 2013

တောင်ပံတွေနဲ့


ပြာလဲ့လဲ့ကောင်းကင် အဖြုရောင်တိမ်တိုက်တွေအောက်
လေပြေလိုလွင့်မျောတတ်တဲ့ အချစ်ကိုမှ ဆောကစားမိ့တဲငါ
ကြိမ်ဖန်များစွာစိတ်ဆင်းရဲ ရင်ကျက်ခြင်းတွေလည်း မကယ်နိုင်တော့ဘူး.....

ကောင်မလေးရေ မပွင့်တစ်ပွင့် မင်းနူတ်ခမ်းက လွင့်လာတဲ
စကားမှာမှ သာသာ ယာယာယစ်မူး အချစ်ပန်းအတွက် ငါက
ဥယျာဉ်မှူး ဖြစ်ခဲဖူးတယ်လေ.......

အတွယ်အတာမဲ့ သံယောဇဉ်နဲ့ဆိုလည်း အစထဲက
မပတ်သက် မျှော်လင့်ချက်တွေ မပေးပါနဲလား
ခုတော တောင်ပံ တွေနဲ အမှောင်နံရံ တွေ ကြားရောက်မှ
အဝေးကို ပျံသန်း အဖော်ကွဲတဲ ဇာတ်လမ်းထဲ ငါလည်းပါဝင်ခဲ့ရပြီ....

ပျံပါ ပျံသန်းလိုသွားပါ အတောင်ပံတွေ ညောင်းလို
နင်နားခိုရာ ချစ်သစ်ပင် ဖြူစင်ပါစေလို ငါဆုတောင်းရင်း
တောင်ပံတွေနဲ မင်းကို ထာဝရ ချစ်နေမှာပါ........

လေးစားလျှက်
Ms

Sunday, June 23, 2013

........နေတတ်သလို........



တိုက်ဆိုင်မူတွေပါတဲ့
သူပြောတဲ့စကားယုံရမှာလား
ပတ်ဝန်းကျင်ရယ်.........
ရင်တစ်လျှောက်လုံး
နာကြင်မူ့တွေရစ်ထုံးနေတာလေ...
ပတ်သက်ခြင်းတွေအတက်အဆင်း
ကောင်းခဲ့ တော့ “မီး” ဆိုတာ
မသိပဲ ကိုယ့်ကိုကိုယ်
“အထင်ကြီး”
ဒုက္ခတွေနဲ နီး နီးလာလိုက်တာ
ဆုပ်လည်းဆူး
စားလည်း ရှုး ဘ၀ နဲ
မင်းကို ခွင့်လွတ်ပေးလိုက်ရင်
ကိုယ့် သေ တွင်း ကိုတူးတာနဲ
ဘာကွာတော့မှာလည်း...........
ဆက်ပြီး ရှေ့လျှောက်ဖို့
အကွေ့အကောက့်တွေ
များလာပြီ.........
ဒီတော့.........။

လေးစားလျှက်
Ms
23.6.2013
@အလွမ်းဖွဲ့ ကဗျာ@

Saturday, June 22, 2013

နေရာသစ်မှာလည်း ပန်းတွေကြွေတယ်





တန်းစီစောင့်စားနေရတယ်
ဘာကိုမှန်းမသိ
လိုအင်ကိုသရုပ်ခွဲချင်စိတ်လည်းမရှိတော့ပါဘူး

လေညင်းအစုအဝေးကနေ လေပြင်းကြီးဖြစ်လာတတ်သလား
ခွင့်လွှတ်ပါ
မယုံကြည်တတ်တော့တဲ့ယုံကြည်ချက်သာ
အမြစ်တွယ်မိခဲ့သူပါ

မိုးကိုမချစ်ဘူး
ဆောင်းကိုမချစ်ဘူး
နွေကိုမချစ်ဘူး
ကိုယ်မြတ်နိုးတာက
စာနာမျှတတဲ့ရာသီ

လေထုကိုရုန်းမထွက်နိုင်သေးမီ
အနံ့ံအသက်က ဘ၀နဲ့ တစ်သားတည်း
ပတ်လည်မျက်ဝန်းဖိအား
အသက်နဲ့ တောင့်ခံထားရတယ်

ထာဝရကြံ့ခိုင်တဲ့တောင်ပံတစ်စုံ
ကောင်းကင်သစ်ပေါ် လှမ်းမျှော်လို့ 
နိုးကြားဖို့ ကြိုးစားရင်း
လက်ပန်းကျဇာတိအလွမ်းကို
အံကြိတ်ဆုပ်ကိုင် မနိုင်ဝန် တစ်ထမ်းတစ်ပိုးနဲ.  ။  ။

ကိုမှိုင်း(ဆေး-၂)

ဆုရသွားသောဝတ္တုတို




ဌာနတွင်း ၀တ္တုတိုပြိုင်ပွဲတစ်ခု ကျင်းပသည် ။
ဝတ္တုတို တွင် ဤ အချက်များ ပါဝင်ရမည် ၊ ထိထိမိမိနှင့်
အတိုဆုံးသီကုံးနိုင်သူဖြစ်ရမည် ဟုပါရှိသည် ။
- ဘာသာတရား ကိုင်းရှိုင်း မှုရှိ ရမည် ။
- တော်ဝင်ဆန်ရမည် ။
- လိင် သဘောသဘာဝ ပါရှိရမည်။
- လျို့ဝှက်ဆန်းကြယ်ရမည် ။
ဆုရသွားသော ၀တ္တုတိုမှာ အောက်ပါအတိုင်းဖြစ်သည် ။

*“ဆုရသွားသောဝတ္တုတို”*

“အို ဘုရားရေ” ဟု ဘုရင်မက ပြောသည် ။ “ငါ ကိုယ်ဝန်ရှိနေပြီ” ၊ “ဘယ်သူနဲ့
ရတာပါလိမ့်” ဟု ငြီးတွားသည်။

Thursday, June 20, 2013

နင့်အတွက် (၁)


ဘ၀တစ်ချို့တွေမြေပေါ်
ချနင်းခံရပီးတဲ့နောက်
အတိတ်တွေထဲမှာ
အကြိမ်ကြိမ် ငါသေဆုံးပြစ်လိုက်တယ်။

ဖေးကူတတ်တဲ့
စာနာလက် တစ်ချို့ကြောင့်
သေမင်းနဲ့ စီးချင်းထိုးပွဲမှာ
အောင်နိုင်ခဲ့ပေမယ့်
နင့် တခဏ ပျော်ရွှင်ဖို့ အတွက်
ငါ့ဘ၀ကို ငါကိုယ်တိုင်
သတ်ပစ်ခဲ့ဖူးတယ်။

ရင်ထဲမှာ ငါ ငိုနေတယ်။
အပြင်ဖက် ကို စီးကျမလာတဲ့
ဒီ မျက်ရည်တွေအတွက်
ငါ့ ရင်ဘတ်တွေ
စူးအောင့် လွန်းလှတယ်။

အားလုံး ကို မေ့ပစ်ဖို့
ကြိုးစားတိုင်း
မေ့လိုက်ရုံနဲ့ ပျောက်မသွားတဲ့
အတိတ်တွေက ငါ့ကို
ထိုးနက် နှိပ်စက် လာ တဲ့အခါ
နင်ရှိရာ အရပ်ကို
အားကိုး တစ်ကြီး မျော်ကြည့်မိ နေတုန်းပဲ။

နင့် မျက်လုံးတွေ ကတော့
တစ်စုံတစ်ယောက် ကို စူးစိုက် ကြည့်ရင်း
နင့် နုတ်ဖျား ကလည်း ငါ့ကို
မသိခဲ့ဘူး ။ မရှိခဲ့ဘူးရယ်လို့ ရွတ်ဆိုကောင်း
ရွတ်ဆိုနေပါ လိမ့်မယ်။

အားလုံး ကို မသိယောင်ဆောင်ရင်း
လျှောက်လှမ်း နေတဲ့
နင့် ဥပက္ခာ လမ်းတွေ
ငါ့မျက်ရည် ငါ့နာကျင်မှု့ နဲ့
ဖြောင့်ဖြူးသာယာနိုင်ပါစေ။


 https://www.facebook.com/photo.php?fbid=191356784353402&set=a.175837252572022.1073741826.100004372446959&type=1&theater မှကူးယူတင်ပြပါသည်။

Tuesday, June 18, 2013

"လမ်းခွဲ ဆု"



မိန်းမသားမို့
ထိန်းထားတဲ့ ရင်ထဲကစကား
မောင် ကြားမှကြားနိုင်ပါ့မလားရှင်။

ကျမရင်ထဲ
အသဲတွေကွဲလို့
ဝဲခဲ့တဲ့မျက်ရည်
မောင့်ကို မတွေ့စေချင်ပါဘူးလေ။

ချည်နှောင်ခဲ့ သံယောဇဉ်
တစ်မျှင်ချင်းမှာ မောင့်ပုံရိပ်
ကျမ အအိပ်ခက်ခဲ့တယ်မောင်။

လူ့ဘဝလူ့ဘောင်က
ကျမလို မိန်းမသားအတွက်
အခံခက်တဲ့ အလွမ်းပေး
အလှမ်းဝေးရင်းဝေးခဲ့လို့
မောင့်လိုပဲ နွမ်းဆွေးခဲ့ပါတယ်။

ဖြေသာတယ် မထင်နဲ့မောင်
စွေရွာခြယ် မျက်ရည်မိုးက
ညတိုင်းကျတာ မောင်မှမသိပဲ။

ဘဝပေးကံက
အလှမပေးဒဏ်တွေနဲ့
ခဏလေးတောင် မပျော်ပါဘူးမောင်။

မောင်နဲ့ဝေးတဲ့ဘဝ
ကျမကျမှ ဆုံရသလား
မောင်နဲ့မနီးတဲ့ဘဝကို
ကျမကျမှ ဆီးကြိုရသလို
အနုအရွကင်း
သာယာခြင်းမဲ့
မောင်ရယ်...ဖြေရင်းနဲ့
လိမ့်ဆင်းခဲ့တဲ့မျက်ရည်တွေများ
ခမ်းခြောက်သွားတယ် မရှိဘူးမောင်။

ဆုတောင်းမိပါရဲ့
နောင်ဘဝဆိုတာများ ရှိခဲ့ရင်
လမ်းခွဲဆိုတာတွေမဲ့ပြီး
ဆုံစည်းခြင်းတွေဖွဲ့လို့
ဆုံးရှုံးခဲ့တဲ့ အချိန်တွေအစား
ကျမနဲ့မောင် ပေါင်းပါရစေသား....လို့။

မင်းကြည်ညို