Wednesday, August 14, 2013

ချစ်သူဆီသို့.........့


မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်ပြီ ဆိုတဲ့အခါ မိန်းမရဲ့ ဘဝဟာ 
 ယောက်ျားရဲ့ ဘဝထဲကို အလိုအ လျောက် စီးဝင် သွားရတယ်။
ကိုယ်ချစ်တဲ့သူကို ကိုယ်ဘာတွေ ပေးနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်ဟာ မိန်းကလေးတိုင်းမှာရှိနေပါတယ်။
ဒါဟာ မိန်းကလေးတွေ ရဲ့ ဗီဇစိတ်သာ ဖြစ်တယ်။စွန့်လွတ် အနစ်နာခံ မှု လည်း မဟုတ်ဘူး။
ဒါဟာ အလို အ လျောက်ဖြစ်ပေါ် တဲ့ အညံ့ခံစိတ်ပါ။ ဒါကို မြင့်မြတ်မှုလို့ ကိုယ် မ ပြောလိုပါဘူး။
ဖြစ်ချင်းဖြစ် ရင် ဒါဟာ မိုက်မဲမှု သာဖြစ်ပါလိမ့်မယ်။

ပျိုမေ

Tuesday, August 13, 2013

ပညာရှင်တဲ့

ဖတ်ဖူးတာ စာတအုပ်၊ကဗျာစုတ်နဲ့ မာန်ထချင်၊မသာရုပ်နဲ့ ဟန်လှပြင်၊မှန်စွထင် နေသည့်ဖား၊
ရေတွင်းထဲ အဆာကျယ်၊ကမ္ဘာနယ် မသိရှာပါလား။
စာတမူးနဲ့ ကဗျာရူးပြန်၊ခြာတူးလန် ငကြွား၊ပြာကလူးညံ စကားတွေက၊နှစ်ပြားမှ မတန်၊
ပေါကြောင်ကြောင် ဝင်ဝင်ပြောတော့၊တသောသော ရယ်ရတာအမှန်။
ငွေတကျပ်နဲ့ သူဋ္ဌေးဟန်၊အတွေးမမှန် အရှက်မဲ့စွာနဲ့၊သူဟာတဲ့ ပညာရှင်၊ဟားတိုက်ရယ်ချင်၊
ခွေးမိုက်က လမင်းဟောင်ချင်၊မြဆင်းရောင်စဉ် ပိုလင်းသတဲ့လေး။ ။
(သောက်မြင်ကပ်ဘွဲ့ - တေးထပ်)Credit To ဦးဟယ်ရီလွင်

လာဟေ့ ......... " ယောင် ၀ါး ဂွမ်း "
ဟန်ကိုယ်ဖို့ မှင်သေသေ မဟာဝေလေလေ မင်းသား လူကြား သူကြား ခဏခဏ
ပေါက်ကရ ပညာတွေ ထုတ်ထုတ်ပြ . . . 

သူများ ၀တ္တုဆို လိုက် ထု သူများ ကဗျာဆို လိုက် ဗျာ သူများ ဆောင်းပါးဆို လိုက် ပါး
ဖတ်နေတဲ့ လူတွေကို မငဲ့ တတ်သိတဲ့ လူတွေကို မရှက်
ရုပ်တည်ကြီး နဲ့ဝေဖန် လူဝင်ဆန့် ရန် အကြံ နဲ့ ကတုံးပေါ်ထိပ်ကွက် လုပ်ချင်သေးရဲ့ . . . 

အသိညဏ် လက်တစ်ဆစ် အရေးအသား ဆိုးညစ် ပညာပေးရေးသယောင် နဲ့မိုက်ရိုင်းတတ်တဲ့ မောင်
အဲ့သလို ငကြောင်စာတွေကိုပဲ အားပေးသူတွေ များပါသေးသတဲ့
ကြွားချင်စိတ်နဲ့လဲ လျှောက်အော် ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော် . . . 

သူ ရေးသမျှတွေမှာ အနှစ်သာရ လဲ မပါ သုတရသ အကာ ပရိတ်သတ်ကို မှိုင်းတိုက်သည့်အခါ
အဲ့ဒီ လူ့ပေါက်ပန်း ခမျာ ဟို စကားပုံ ပမာ အသိညဏ်နည်းနည်းဟာ အန္တရယ်သာ . . ."

မာဃလုလင်

Thursday, August 8, 2013

အသိဉာဏ်နဲ့ ကိုယ်ကျင့်တရား


တစ်ခါက အသံလွှင့်ဌာနတစ်ခုသည် "Wealth of life" အစီအစဉ်တစ်ခုအတွက် စီးပွားရေးနယ်ပယ် တွင် အောင်မြင်နေသော လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း မေးမြန်းသူက လူငယ်အား....
“အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။ လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကို ပြောပြသွားခဲ့သည်။

“လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်နိုင်ငံကိုသွားပြီး အလုပ် တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကိုရောက်ပြီး မကြာဘူး သူဟာ ပြင်သစ် က ကားဂိတ်၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ ၊ လက်မှတ်ပြရတဲ့နေရာတွေမရှိကြောင်း သတိထားမိတယ်။ ကားပေါ် ရထားပေါ်မှာလည်း လက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ်။ တကယ်လို့ လာစစ်ခဲ့ရင်လည်း ဖမ်းမိမဲ့ကိန်းဟာ လူတစ်သောင်းမှာ သုံးယောက်တောင် မရှိနိုင်ဘူးလို့ သူတွက်မိပြန်တယ်။ အဲလိုနဲ့ သူဦးနှောက်ကို တစ်ချက်ကစားလိုက်ပြီး ကားစီးတိုင်း သူဟာ လက်မှတ် မဝယ်ဘဲ စီးခဲ့တယ်။ ကိုယ့်ကိုယ်ကိုလည်း ငါဟာ အလုပ် လုပ်ပြီး ကျောင်းတက်နေရတဲ့ ကျောင်းသားတစ်ယောက် ချွေတာနိုင်သမျှ ချွေတာမယ်လို့ နှစ်သိမ့်ခဲ့တယ်။

အဲဒီလိုနဲ့ ၄ နှစ်ဆိုတဲ့အချိန် ကုန်လွန်သွားခဲ့တယ်။ နာမည်ကြီး တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသား၊ အကျင့် စာရိတ္တကောင်းမွန်တဲ့ ကျောင်းသားအဖြင့် သူဟာ ဘွဲ့ရခဲ့တယ်။ ဘွဲ့ရတော့ ပဲရစ်မြို့မှာ ရှိတဲ့ နိုင်ငံခြား ကုမ္ပဏီတွေမှာ သူအလုပ် လျှောက်ခဲ့တယ်။ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ပေါ့။ ဒါပေမယ့် လျှောက် လိုက်တဲ့အလုပ်တိုင်း သူအပယ်ခံခဲ့ရတယ်။

အလုပ်စလျှောက်စမှာတော့ ကုမ္ပဏီတွေက သူ့ကို ဝမ်းသာအားရကြိုဆိုပြီး အင်တာဗျူးတွေ ဗျူးခဲ့ကြ တယ်။ နောက်တော့ ပယ်ပစ်လိုက်ကြတယ်။ ဘာအကြောင်းကြောင့် ပယ်တာလဲဆိုတာ သူတော်တော် သိချင်ခဲ့တယ်။ နောက်ဆုံး ကုမ္ပဏီတစ်ခုကို သူ အီးမေးလ်ပို့ပြီး အပယ်ခံရတဲ့ အကြောင်းရင်းကိုမေးခဲ့တယ်။

ပြန်စာရတော့ စာက အောက်ပါအတိုင်း ရေးထားတယ်။ ခင်ဗျားရဲ့ပညာနဲ့ ထူးချွန်မှုကို ကျွန်တော်တို့ သဘောကျခဲ့ တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ကိုယ့်ကျင့်တရားနဲ့ ယုံကြည်မှုအတိုင်းအတာကို ကျွန်တော် တို့ ပြန်စစ်ဆေးကြည့်တော့ ခင်ဗျားဟာ လက်မှတ်မပါဘဲ ကားခိုးစီးမှုအတွက် ဒဏ်ငွေသုံးကြိမ်ဆောင်ခဲ့ ရကြောင်း ကို ကျွန်တော်တို့ ဝမ်းနည်းစွာ သိခဲ့ရတယ်။ ဒီကိစ္ခနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ ကောက်ချက်ချမိတာက.....
(၁) ခင်ဗျားဟာ စည်းကမ်းမလိုက်နာသူ
(၂) ခင်ဗျားဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ
အဲဒီအချက် နှစ်ချက်ကြောင့် ခင်ဗျားကိုကျွန်တော်တို့ ကုမ္ပဏီမှာ မသုံးခြင်း ဖြစ်ပါတယ်။

အဲဒီ စာကိုဖတ်ပြီးမှ လူငယ်ဟာအိပ်မက်ဆိုးက လန့်နိုးလာသလိုပဲ တုန်လှုပ်ချောက်ချားခဲ့မိတယ်။ အီးမေးလ်ရဲ့ နောက်ဆုံးမှာ ဒီလို ရေးထားသေးတယ်....
“အသိဉာဏ်၏ ချွတ်ယွင်းမှုကို ကိုယ့်ကျင့်တရားက အမြဲတမ်းလိုက်ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချွတ်ယွင်းမှုကို အသိဉာဏ်က ဘယ်တော့မှလိုက်မဖြည့်စွက်ပေးနိုင်ဘူး။”
အဲဒီ အီးမေးလ်ရပြီး နောက်တစ်ရက်မှာ လူငယ်ဟာ သူ့နိုင်ငံကို ပြန်သွားခဲ့တယ်။ ကျွန်တော် ပြောချင်တာ ကတော့ ဒါပါပဲ...."

လူငယ်ရဲ့စကားအဆုံးမှာ အင်တာဗျူးသူများ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်က....
“ဒါဟာ အောင်မြင်ဖို့အတွက် အရေးပါတဲ့အချက်လို့ ပြောနိုင်သလား”

“ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်ဟာ ကျွန်တော်ဖြစ်နေလို့ပါပဲ။ ကျွန်တော် ဒီနေ့လို အောင်မြင်လာရခြင်းဟာလဲ မနေ့ကအမှားကို ဒီကနေ့အတွက် သင်ခန်းစာအဖြင့် ခံယူထားလို့ပါပဲ”

အသိဉာဏ်၏ ချွတ်ယွင်းမှုကို ကိုယ့်ကျင့်တရားက အမြဲတမ်းလိုက်ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချွတ်ယွင်းမှုကို အသိဉာဏ်က ဘယ်တော့မှလိုက်မဖြည့်စွက်ပေးနိုင်ဘူး ---- 
Dante Alighieri (1265—1321) အီတလီကဗျာဆရာ


မူရင်းလင့်-- http://www.theqi.com/essay/essay421.html

နိုင်းနိုင်းစနေ(Saturday, December 09, 2006)

နင်မသိပါဘူး..................

နင်မသိပါဘူးဟာ...နင်နဲ့အဆင်မပြေဖြစ်တိုင်းအရင်ဆုံး ခေါင်းငိုက်စိုက်ဖြစ်နေတတ်တာကို...
နင်မသိပါဘူးဟာ...နင့်ကိုငါကအနိုင်ယူနေတယ်လို့နင်ထင်နေပေမဲ့ ငါ့ကနင့်ကို
တိတ်တိတ်လေးဒူးထောင့်အရူံးပေးနေတတ်တာကို...
နင်မသိပါဘူးဟာ...နင့်ကိုအရမ်းသဝန်တိုနေတတ်တာ နင့်ကိုဆုံးရူံးရမှာ
ငါအရမ်းကြောက်နေတယ်ဆိုတာကို...
နင်မသိပါဘူးဟာ...နင်အမြဲပြောတဲ့"အချစ်စစ်"ဆိုတာကို 
ငါနင့်အတွက်ဖြည့်ဆည်းနေတယ်ဆိုတာကို...
Phoe Phyu

Wednesday, August 7, 2013

★“ ပွဲဖျက် မိုး နှင့် ပိုးကိုက် ပန်း သံသရာ ”♪♫



မနေ့က ..
မိုးတွေ ရွာနေတယ်....
တောင်ပံအစုံကို… ဖြန့်လို့.. အဝေးဆုံးကို… ပျံသန်းချင်နေတဲ့…
ငှက်ကလေး တစ်ကောင်အတွက်တော့.…
အကြီးမားဆုံး.. အဟန့်အတား တစ်ခုပဲပေါ့ကွယ်….။

ပွဲဖျက်တဲ့ မိုးကြောင့်…
အစိုးမရတဲ့ စိတ်တွေနဲ့ ငှက်ကလေးရေ….
ပိုးကိုက်တဲ့ ပန်းတစ်ချို့ကြောင့်….
နင့် စိတ်တွေ မနွမ်းလျရပါစေနဲ့လို့..
ငါ ဆုတောင်းပေးလိုက်ပါတယ်….။

ဒီကနေ့….
နေ သာလွန်းနေတယ်….
ပွင့်သောပန်းတိုင်း… မလန်းခဲ့လျှင်တောင်….
မခန်းသေးတဲ့… စမ်း တစ်သွယ်… ရှိနေခဲ့တာ..
နင် သိထားရင်း….
အမြန်ဆုံးနှုန်းနဲ့… အဝေးဆုံးခရီးသို့...
နင် ပျံသန်းကြည့်နိုင်ပါတယ်..…။

သံသရာဆိုတာ…
လည်ပတ်တတ်သော… စက်ဝန်း တစ်ခု….
တစ်နေ့ တစ်ကွေ့… ပြန်တွေ့ဖြစ်တဲ့အခါ…
အလှဆုံး ပြုံးပြချင်ခဲ့လျှင်….
ကိုယ်တိုင် အပြစ်ကင်းသင့်တယ်ဆိုတာ…
တစ်နေ့ တစ်ချိန်မှာ …. သတိရတတ်ခဲ့လျှင်….
ပေးအပ်ခဲ့ဖူးသော… အပြုံးတစ်စရဲ့ အလှ…
နင်… ထာဝရ လွမ်းတတ်သွားမှာပါ …..။ ။
(ပေးအပ်ခဲ့ဖူးသော… အပြုံးတစ်စက … ထာဝရ လှပနေမှာပါ…..။)

ထာဝရ " နွေဦးမေ "

Tuesday, August 6, 2013

မင်းထက်သာတယ်



အရမ်း မမုန်းပြနဲ့ချစ်သူ.....

နင်မုန်းတာက မျှော်စင်ဆိုရင်

ငါ့အချစ်က ကောင်းကင်ပဲ

နင်မမှီနိုင်ဘူး

အရမ်းရက်စက်ပြမနေပါနဲ့....

နင်ရက်စက်တာက ကမ္ဘာဆိုရင်

ငါ့ခွင့်လွှတ်ခြင်းက စကြာဝဠာပဲ

အမုန်း ကျိန်စာ

ခဏတစ်ဖြုတ် ကိစ္စ



တဏှာဆိုတဲ့ တပ်မက်ခြင်း မှာ အကြောင်းအရာ တွေများပြား လှပါတယ်။ စားချင်၊ ဝတ်ချင်၊ လှပချင်၊ လိုချင်၊ ပိုင်ဆိုင်ချင်၊ ချမ်းသာချင်စသည့် တပ်မက်မှု တဏှာများစွာ တွေထဲက ကာမ တဏှာက လည်းအပါ အဝင်ဖြစ် ပါတယ်။ လူ့လောကမှာ အဖိုနဲ့ အမ နှစ်မျိုးရှိကြသလို တိရိစ္ဆာန် သတ္တဝါတွေ ထဲမှာ အဖိုနဲ့အမ သာ ရှိကြတာ သိကြပြီးသားပါ။ အဖို အမ ပေါင်းစပ်မှုကြောင့်သာ မွေး ဖွားပေါက်ဖွား လာခဲ့ကြတာပဲဖြစ် ပါတယ်။
အသိဉာဏ် ရှိသောလူသား တွေ အလုပ်အကိုင် ရှာဖွေစား သောက်ကြရာမှာ လုပ်ငန်းမျိုးစုံရှိ တဲ့အထဲက ကိုယ်ခန္ဓာကို ရင်းနှီး ရှာဖွေစားသောက် ကြရတဲ့ အမျိုး သမီးတွေ ရှိသလို အဲဒီမိန်းကလေး တွေကို စီမံအုပ်ချုပ် လုပ်ငန်းခွဲ ဝေ ဆက်သွယ် ဆောင်ရွက်ပေး ရတဲ့ 'ဂေါင်း'လည်း ရှိလာပြန်ပါ တယ်။ လူတွေဟာ ကာမတဏှာ နဲ့ပတ်သက်လာရင် အလွန်အမင်း ထက်သန်တဲ့ ယောကျာ်းတွေ မိန်းမတွေလည်း ရှိတတ်ကြ ပါသေး တယ်။ သံဝါသကိစ္စမှာ အလွန် ပျော်မွေ့ ပျော်ပိုက် တတ်ကြတဲ့ သူတွေဖြစ်ကြပါတယ်။
အနည်းငယ် ဖြတ်ပြီးပြော လိုက်ပါဦးမယ်။ လူတွေကို " ဒု၊ သ၊န၊သော"ရှောင်ဖို့ ဗုဒ္ဓဘုရားရဲ့ တရားတော်မှာ တိုက်တွန်းထား ပေမယ့် ကာမတဏှာ ကြောင့် မမျှော်လင့်သော အကြောင်းကိစ္စ တွေ ဖြစ်လာတတ် ကြပါ တယ်။ ဒါကြောင့်လည်း တရားဥပဒေမှာ လင်ခိုးမှု၊ မယားခိုးမှု ဆိုတဲ့ အမှု ကိစ္စတွေအတွက်ဥပဒေပုဒ်မတွေ ထားကြရတာပေါ့။ ကာမတဏှာ လွန်ကြူးလာတဲ့အခါ အသက် ကိုရန်ရှာဖို့ မကြောက်တော့တဲ့ အထိ စိတ်တွေပြောင်းလဲလာတတ် ကြပါတယ်။ ပြင်ပလောကမှာ လည်းဖြစ်တာပါပဲ။အစိုးရဝန်ထမ်း လောကထဲ မှာလည်းဖြစ်တတ်ကြ တာပါပဲ။ အပြင်လောကကြီးရဲ့ အမှုကိစ္စတွေကိုတော့ မှုခင်းဂျာ နယ် မဂ္ဂဇင်းတွေမှာ ဖတ်ရှုကြရ ပါလိမ့်မယ်။ဝန်ထမ်းလောကအမှု အခင်းတွေကိုတော့ကြားရုံသက် သက်မျှပါပဲ။မြန်မာတစ်နိုင် ငံလုံး မှာ နေ့စဉ်နဲအမျှဖြစ်ပေါ်နေတဲ့မှု ခင်းကိစ္စတွေကို ကြည့်ရင်ကာမ တဏှာကြောင့် ဖြစ်ကြတဲ့ အမှု ကိစ္စတွေ များစွာရှိနေပါတယ်။
လွန်ခဲ့တဲ့ နှစ်တော်တော် များများက ပြင်ဦးလွင် လေ့ကျင့် ရေးတပ်မှာဖြစ်ခဲ့တဲ့လူသတ်မှုကို မန္တလေးပြင် ဦးလွင် အနီးတစ်ဝှိုက် ကသူတွေတော့သိခဲ့ရကြမှာပါ။ မိမိတို့ရဲ့ ဂုဏ်သိက္ခာ ရာထူးကို မေ့ပျောက်ပြီး ကာမတဏှာလွန်ကဲ ခဲ့ကြရာမှ ခင်ပွန်းဖြစ်သူကို လင် ငယ်နဲ့ပူးပေါင်းပြီးသတ်ဖြတ် အစ ဖျောက်ခဲ့တဲ့ အမှုကြီးပေါ့။ အတော် လေးကို လေ့လာစုံစမ်း ထောက် လှမ်းပြီးမှ အမှုမှန်ပေါ်လာခဲ့ရပါ တော့တယ်။ အရာရှိ ရဲ့ ဇနီးက အိမ်မှာ ယာဉ်မောင်းဖို့တာဝန်ယူ ထားတဲ့ ကားဒရိုင်ဘာနဲ့ဖောက် ပြားခဲ့ကြတယ်။ ခင်ပွန်းဖြစ်သူက တဖြည်းဖြည်းရိပ်မိလာတော့ ခင် ပွန်းကိုသတ် အစဖျောက်ပြီး အ လောင်းကို အိမ်နောက် က ငှက် ပျောတောထဲမှာ သွားမြှုပ်ထား ခဲ့ကြတယ်။ ခင်ပွန်းဖြစ်သူ အမဲ လိုက်သွားတာ ပြန်မလာဘူးဆို ပြီး ပြောဆိုအသံလွှင့်ခဲ့တယ်။ တာဝန်ရှိသူတွေက တောပစ် တတ်တဲ့နေရာတွေကို လိုက်လံ စုံစမ်းထောက် လှမ်းတယ်။ မထူး ခြားဘူး။အိမ်ပေါ်မှာလည်းရှာဖွေ စစ်ဆေးကြပါတယ်။ သဲလွန်စ ဘာတွေ့သွားလဲဆိုတော့ သူမရဲ့ ခင်ပွန်းဟာ အသက်အရွယ် အရ မျက်မှန်မတပ်ခဲ့ရင် တောပစ်လို့ မရနိုင်ဘူးဆိုတာပါ။ခင်ပွန်းသည် တပ်နေကျ မျက်မှန်ကိုဘုရားစင် ပေါ်မှာသွားတွေ့တယ်။ မျက်မှန် ရှိနေတဲ့အတွက် တောပစ်သွား တာ မဟုတ်ဘူးဆိုတဲ့ အဖြေကို ရပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေး ရာကလူသတ်မှုကြီးဟာ ရှင်းရှင်း ဘွင်း ဘွင်းကြီးပေါ်ပေါက်လာခဲ့ရ ပါတော့တယ်။ ကာမတဏှာဟာ ဘယ်လောက်ကြောက်ဖို့ကောင်း ပါသလဲဗျာ။
နောက်ဖြစ်ရပ်လေးတစ်ခု ကတော့ကာမ တဏှာပေါ်စွဲလမ်း တပ်မက်တဲ့အပြင် အရွယ်နုနယ် မှုကို လိုလားတပ်မက်တဲ့ ဖြစ်ရပ် ပါ။ ဒီဖြစ်စဉ်က မိထ္ထီလာမြို့က တပ်တစ်ခုမှာ ဖြစ်ခဲ့တာပါ။ တပ် ရဲ့ အကြီးအကဲ ဇနီးက ငယ်ရွယ် တဲ့ အရာရှိငယ်လေးနဲ့ ဖောက် ပြန်ခဲ့ကြတဲ့ ဇာတ်လမ်းပေါ့။ လူ့ ရဲ့ အသက်ကိုတော့ ရန်မရှာပါ ဘူး။ ခင်ပွန်းသည် ရှေ့တန်းသွား နေတုန်း လွန်ကြူးမိကြတဲ့သူတို့ ရဲ့ ဖြစ်စဉ်ကို စာတွေ ဆက် သွယ် ရာမှတဆင့် သိရှိသွားခဲ့ပြီးအရာ ရှိငယ် ထောင်ကျသွားခဲ့ရတဲ့အ ဖြစ်တစ်ခုပါ။ ကြာလည်းကြာခဲ့ ပါပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကာမ တဏှာနောက်လိုက်မိရာကနေ ထောင်ကျခဲ့ရတဲ့ အဖြစ်ဆိုးကို သင်ခန်းစာယူစေ ချင်တာပါ။

Sunday, August 4, 2013

(ချစ်သူသို့)



ကြယ်တွေစုံနေတဲ့ ကောင်းကင်

အိပ်ရေးပျက်နေဆဲ ငါ့ညဆိုးတွေ

တိတ်ဆိတ်နေတဲ့ ငါ့ဖုန်းလေး

ရောက်မလာနိုင်တော့တဲ့

နင့် မက်ဆေ့ဒ်လေးတွေ

အထီးကျန်နေတဲ့ ငါ့ Chat Box လေး

ငါမျှော်နေဆဲ ဂွတ်နိုက်

စောစောအိပ်နော်လို့ ပြောတတ်တဲ့

ကောင်လေးရေ

နင် ထားခဲ့ပေမယ့်လည်း

ဘယ်လိုမှမေ့လို့မရခဲ့တဲ့

ငါ့အတွက် ဒီညလည်း နင့်ကိုစောင့်ရင်း

အလွမ်းတွေနဲ့အတူ
 

မိုးလင်းနေအုံးမှာပါဟာ…………

(ချစ်သူသို့)

အင်တာနက်သုံးရင်း တစ်နေ့ကို $160 ရမည့် Online ငွေရှာနည်း

                         ကဲစိတ်ဝင်စားတယ်ဆိုရင် အရင်ဆုံး ကျွန်တော် ပေးထားတဲ့ လင့်ကနေ Register လုပ်လိုက်ပါ
                                                   .http://www.probux.com/?r=chanmyintoo
 Register လုပ်တဲ့နေရာရောက်ရင် Username , Passwords , Email , Birth Year တို့မှာ မိမိအသုံးပြုမယ့်လိပ်စာတွေဖြည့်ပါ..ပြီးတာနဲ့ Referrer မှာUsername ကနာမည်ဘဲပြန်ဖြည့်ပြီး အောက်မှာပေးထားတဲ့ လုံခြုံရေးကုဒ်ကိုဖြည့်ကာ Create My Account ဆိုတာကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Email အတည်ပြုချက်တောင်းတဲ့ Page ကိုရောက်သွားပါမယ်.. Email ထဲကိုသွားပြီး Verifiedလုပ်လိုက်တာနဲ့ မိမိအကောင့်ဟာ စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ်။ 
 အခုကျွန်တော်တို့ပြုလုပ်ရမှာက သူ့ဆိုဒ်မှာ တင်ထားတဲ့ ကြော်ငြာတွကို ကလစ်ပေးရမှာ ဖြစ်ပါတယ် သူ့ရဲ့ကြော်ငြာတွကိုကလစ်ပေးချင်းအားဖြစ် ပုံမှန်ငွေရရှိနေမှာဖြစ်ပါတယ်. Account ထဲဝင်လိုက်ပါ
အကောက်ထဲ ဝင်ပြီးသွားပြီဆိုရင် My Account ဆိုတာကို နှိပ်လိုက်ပါ အောက်က ပုံမှာ ပြထားတဲ့အတိုင်း တွေရပါမည်  ။


 အခုကျနော် နမူနာပြထားတဲ့ Main Balance ထဲမှာ $ 0.1730 ဆိုပြီးကြော်ငြာတွေကို ကလစ်လို့ရထားတဲ့ ငွေအချို့ကို
တွေ့ရပါလိမ့်မယ်. ပုံမယ်ပြထားတာက ကျနော် ကလစ်နေတာ သုံးရက်လောက်ရှိပါပြီ..အခုမှစလုပ်တဲ့သူတွေကတော့
အဲလောက်တောင်ရမှာမဟုတ်ပါဘူး အနည်းဆုံး $ 0.0856 လောက်ပဲရပါလိမ့်မယ်..
ပြီးရင် My Account ရဲ့ညာဘက်ဘေးက
View Ads ကိုကြည့်လိုက်ပါ..အဲဒီမှာ ရောင်စုံလေးတွေနဲ့ ဂဏန်းတွေပြထား တာကိုတွေ့ပါလိမ့်မယ်..ဥပမာ အောက်က
ပုံကိုကြည့်ပါ။



 View Ads မှာ 7 4 လေးပြထားပါတယ်..ဒါဆိုရင် ကနေ့ Click လုပ်ရမယ့် ကြော်ငြာအရေအတွက်က ၁၁ ခုလို့မှတ်ရပါမယ် ..အိုကေ.. အဲဒီ View Ads ကို Click နှိပ်လိုက်ပါ။ အောက်ကပုံအတိုင်း တွေ့ရပါမယ်




 အကုန်ကလစ်ပြီးသွားပြီဆိုရင် My Account ကို နှိပ်လိုက်ပါ Main Balance ထဲကိုကြည့်လိုက်ပါ ကိုယ်ကလစ်လို့ရထားတဲ့
ငွေစငွေန အချို့ကိုတွေ့ပါလိမ့်မယ်…