Tuesday, December 31, 2013

လူအကြောင်းသိလိုသော်..............


လူတွေအကြောင်းသိချင်ရင် အတူတူခရီးသွားကြည့်ပါတဲ့။ တစ်ချို့ဆို ခရီးသွားစရာတောင်မှမလိုဘဲ တစ်ကြိမ်တစ်ခါ ဆက်ဆံကြည့်လိုက်ရုံ နဲ့ သဘောထားကို တီးခေါက်မိလိုက်သလို တစ်ချို့ကတော့ အပေါ်ယံသကာလောင်းထားတဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကြောင့် အချိန်ကြာမြင့် စွာပြောဆို ဆက်ဆံကြည့်ပါမှ သဘောထားတွေဘယ်လိုရှိသလဲဆိုတာကို စစ်ကြောမိတတ်ကြပါတယ် ။ လူအများစု ရဲ့စိတ်ထဲမှာ လူတစ်ယောက်ဟာ ကိုယ်ရဲ့ရန်သူ ဆိုခဲ့ရင်... သူကဘယ်လို တိုက်ကွက်တွေ လာရင် ဘယ်လိုလက်တုံ့ပြန်ရမလဲ ၊ ဘယ်လိုနည်းဗျူဟာတွေသုံးပြီးကာကွယ်ရမလဲ ဆိုပြီးအမြဲတမ်းဂရုပြုပြီး အသင့်အနေ အထားမှာ ရှိနေတတ်ကြတယ်။ သူနဲ့ပတ်သတ်ဆက်နွယ် ရမှာကြောက်ကြ တယ်။ ဝေးဝေးကရှောင်ကြတယ်ပေါ့ ။ အမှန်က " ရန်သူ "ထက် " ဟန်ဆောင်ချစ်သူ" က မှပိုပြီးကြောက်စရာကောင်း တာပါ ။ ကိုယ့်ရဲ့ ရန်သူက ဘယ်အချိန်မှာ ဘာတွေမကောင်းကြံတော့မယ်ဆိုတာ မှန်းဆလို့ရတတ်ပေမယ့်ပျားသကာလိုအချိုစကားလေးတွေ ချည်းပြောပြီး ချစ်ဟန်ဆောင်နေတဲ့ ဟန်ဆောင်ချစ်သူ ရဲ့အတွင်းစိတ်ကို မှန်းဆဖို့ရန်ခက်ခဲလှတာကြောင့် ( တစ်ခါတစ်လေ ယုံကြည်မှုတွေလွန်ကဲသွားတာ ၊ ခင်မင်ရင်းနှီးမှုတွေလွန်ကဲသွားတာ ၊ ချစ်တဲ့စိတ်တွေလွန်ကဲသွားတာ တွေကြောင့်လည်းဖြစ်နိုင်ပါတယ် ...) ဘယ်အချိန်မှာဘယ်လိုကာကွယ်ရမယ်ဆိုတာကြိုတင်ပြင်ဆင်မထားမိတတ်ကြ ပြန်ဘူး ။ အဲဒီတော့ နောက်ကျောကိုဓားနဲ့ထိုးကာမှ သိခွင့်ရတော့တာလေ ။ ဒါကြောင့် မို့လည်း ဘယ်နေရာမှာမဆို လိုအပ်တာထက်ပိုလာပြီဆိုရင် အရာအားလုံးဟာ"အဆိပ်" ဖြစ်တတ်တယ်လို့ဘုရားဟောရှိခဲ့တာနေမှာ.... ။ ***သူငယ်ချင်းများအားလုံးပဲ မိမိကိုယ်တိုင် သူတစ်ပါးအပေါ်တွင်ဟန်ဆောင်ချစ်သူ အဖြစ် မှရှောင်ရှားနိုင်ပြီးလျှင် မိတ်ဆွေအတုအယောင်များနှင့်တွေ့ဆုံခြင်းမှကင်းဝေးနိုင်ကြပါစေရှင် ။*** (ဟိုတစ်လောက ရေးဖြစ်ခဲ့တဲ့အတွေးလေးကို ဒီနေ့အတွက် post နဲ့တိုင်ဆိုင်နေလို့ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ ) မေတ္တာဖြင့် လင်းလက်ကြယ်ရဲ့အတွေးသံစဉ် ( ၃၁့၁၂့၂၀၁၃)
 https://www.facebook.com/photo.php?fbid=268482619972379&set=a.147270688760240.34870.147204942100148&type=1&theater မှကူးယူပါသည်။

Sunday, November 17, 2013

အိပ်မက်

တခြားသူဆိုတာ အစားထိုးမနိုင်လောက်အောင်ငါနင့်ကိုချစ်ခဲ့တယ်
တုန့်ပြန်မှု ဘယ်လိုရှိရမယ်ဆိုတဲ့ မျှော်လင့်ချက် တစ်စုံတရာမျှ မပါဘဲ နင့်အနား အရိပ်လိုနေခဲ့တယ်
ကြိမ်ဖန်များစွာဝမ်းနည်းမှုတွေကြုံရတိုင်း ဖေးမမယ့်သူမရှိတော့တစ်ယောက်ထဲအသံတိတ်ငိုတတ်လာတယ်
စောင့်စားခြင်းတွေများလာတော့ မျှော်လင့်ခြင်းအိမ်မက်ဆိုတာကိုအိပ်ရင်မက်မယ့်အရာဆိုပြီသိနားလည်လာတယ်
တကယ်တော့ ဘ၀က ကိုယ်ကြိုးစားမှ ကိုယ်ဖြစ်မှာ ...........တနေ့ပေါ့ ငါကြိုးစားမှုတွေက ငါမက်ခဲ့တယ် အိမ်မက်တွေလိုဖြစ်လာမှာပါ





ツ Poem ツ

Poem

Tuesday, November 12, 2013

ငါလျှောက်တတ်နေပါပြီ

 
လွမ်းနေတယ်ချစ်သူ မင်းမသိနိုင်တဲ့
မြူခိုးတွေရဲ့  နောက်မှာ
ပြိုကျတော့မဲ့ စကားတစုံဟာ
ငါအတွက်တော့ သေမိန့် တခုလိုပါဘဲ..
ခါးသက်လှတဲ့ ဆေးခါးတခွက်ကို
ချိုမြိန်တဲ့ စပျစ်ဝိုင်အသွင်
ငါမျိုခဲ့ရတာပေါ့.
မင်းပြောသမျှ အဟုတ်ထင်လို့ 
အရှုပ်ထွင်ဇါတ်လမ်းတွေကြားထဲ
ငါ့ကအရုပ် တစ်ရုပ်..
မှောင်မဲနေတဲ့ လမ်းပေါ်မှာ
မင်းသင်ထားသမျှနဲ့  အခုတော့ဘယ်သူမရှိဘဲ
မျက်လုံးမှိတ်ပြီး ငါလျှောက်တတ်နေပါပြီ..
( cpy frm အသဲကွဲကဗျာများ)

Wednesday, November 6, 2013

ခါးတယ်

ငါပိုင်တဲ့ ညနေခင်းတစ်ခုလုံး

ခမ်းနားခြင်းတွေ ပျောက်ဆုံးသွားတယ် . .

ဟိုတစ်ချိန်က တစ်ခမ်းတစ်နား စားသုံးဖူးခဲ့တဲ့

သံယောဇဉ်တစ်ချို့နဲ့ ခင်မင်မှု့တွေအားလုံးဟာ

ဒီညမှာ ခါးတယ် . . . .


ကြာကြာ မ၀ါးမိပါပဲနဲ့

တော်တော်ကို ခါးတယ် . .


ပုတ်သင်ညို လို ဘလောင်းဘလဲနဲ့

အရောင်ပြောင်းလည်းတတ်သူတွေအတွက်

ဘယ်လို အကြောင်းတရားကများ

သူတို့ကို မရှက်တတ်စေတာလည်း . . . .


တစ်ကယ်ပါ

အံ့သြမှု့တွေ တစ်ပုံတစ်ပင်နဲ့ . . .ငါ . . တော်တော် ကို ခါးတယ်။

https://www.facebook.com/photo.php?fbid=239959549493125&set=a.175837252572022.1073741826.100004372446959&type=1&theater

Friday, November 1, 2013

ပျက်ဆီးခြင်းတရားများ


“ ငွေ ” ကြောင့် အရာအားလုံးနီးပါးကို ဖန်တီးနိုင်သလို အရာအားလုံးနီးပါးကိုလည်း ပျက်ဆီးစေနိုင်တယ် ။ ငွေက မရှိမဖြစ်လိုအပ်သလို မသုံးမတတ်ရင် ပျက်ဆီးခြင်းတရားရဲ့အခြေခံဖြစ်တယ် ။ 

“ ကာမဂုဏ် ” ကြောင့် ပြည်ပျက်ရတဲ့အထိဖြစ်တတ်တယ် ။ ဆင်ခြင်တုံတရားကိုနည်းစေပြီး ရမ္မက်ကိုများစေတယ် ။ အလိုဆန္ဒကိုများစေပြီး ရောင့်ရဲနိုင်မှုကိုနည်းစေတယ် ။ 

“ မာန်မာန ” ကြောင့် ရန်မီးတွေပွားရတတ်တယ် ဘ၀င်လေဟပ်ပြီး အောက်ခြေလွတ်တတ်တယ် နောက်ဆုံး သတိနဲ့အသိကို အမိုက်မှောင်ဖုံးလွှမ်းပြီး အမြင့်ပေါ်ကနေ ပြုတ်ကျတတ်တယ် ။ 

“  ဂုဏ်တုဂုဏ်ပြိုင် ” ကြောင့် မလိုအပ်ပဲ ပင်ပန်းဆင်းရဲရတတ်တယ် ။ မိတ်တွေတွေကနေ ရန်သူတွေဖြစ်သွားနိုင်သလို အစွန်းရောက်တဲ့အတွေးအခေါ်တွေ ၀င်လာတတ်တယ် ။ 

“ မနာလိုဝန်တိုမှု ” ကြောင့် အကောက်ကြံစည်မှုတွေဖြစ်တတ်တယ် ။ လူကို ပျက်ဆီးစေတဲ့အကြောင်းတရားထဲမှာ အဆိုးရွားဆုံးက မနာလိုဝန်တိုမှုပဲ ။ မုဒိတာကို နည်းစေပြီး ပူလောင်မှုကိုသာ တိုးစေတယ် ။ 

သက်တန့်ချို
“ ငွေ ” ကြောင့် အရာအားလုံးနီးပါးကို ဖန်တီးနိုင်သလို အရာအားလုံးနီးပါးကိုလည်း ပျက်ဆီးစေနိုင်တယ် ။ ငွေက မရှိမဖြစ်လိုအပ်သလို မသုံးမတတ်ရင် ပျက်ဆီးခြင်းတရားရဲ့အခြေခံဖြစ်တယ် ။ 
 “ ကာမဂုဏ် ” ကြောင့် ပြည်ပျက်ရတဲ့အထိဖြစ်တတ်တယ် ။ ဆင်ခြင်တုံတရားကိုနည်းစေပြီး ရမ္မက်ကိုများစေတယ် ။ အလိုဆန္ဒကိုများစေပြီး ရောင့်ရဲနိုင်မှုကိုနည်းစေတယ် ။
 “ မာန်မာန ” ကြောင့် ရန်မီးတွေပွားရတတ်တယ် ဘ၀င်လေဟပ်ပြီး အောက်ခြေလွတ်တတ်တယ် နောက်ဆုံး သတိနဲ့အသိကို အမိုက်မှောင်ဖုံးလွှမ်းပြီး အမြင့်ပေါ်ကနေ ပြုတ်ကျတတ်တယ် ။ “ ဂုဏ်တုဂုဏ်ပြိုင် ” ကြောင့် မလိုအပ်ပဲ ပင်ပန်းဆင်းရဲရတတ်တယ် ။ မိတ်တွေတွေကနေ ရန်သူတွေဖြစ်သွားနိုင်သလို အစွန်းရောက်တဲ့အတွေးအခေါ်တွေ ၀င်လာတတ်တယ် ။ “ မနာလိုဝန်တိုမှု ” ကြောင့် အကောက်ကြံစည်မှုတွေဖြစ်တတ်တယ် ။ လူကို ပျက်ဆီးစေတဲ့အကြောင်းတရားထဲမှာ အဆိုးရွားဆုံးက မနာလိုဝန်တိုမှုပဲ ။ မုဒိတာကို နည်းစေပြီး ပူလောင်မှုကိုသာ တိုးစေတယ် ။ 
သက်တန့်ချို

Tuesday, October 29, 2013

ကိုယ့်ချစ်သူ

ဖြိုက်ဖြိုက်ရွာသွန်းချ ၊ မိုးလေချမ်းအေးမြချိန်

စိတ်ကူးအတွေး ၊ ချစ်သူဘေးဝယ်

တစ်ချိန်ကိုယ့်ပခုံးထက် ၊ ကြင်နာသူခေါင်းလေးအုံးလို့


ကြည့်နူးခဲ့စဉ် ထိုအရင်က… သူတို့နှစ်ဦး ချစ်ခဲ့ဖူးသည်။ ။ ..

မိုးကိုမကြောက် ၊ အတူတွဲလျှေက်လို့

ပေတစ်ရာထက်၊ ခြေရာပျက်ပြယ်

မဆုံးသောလမ်း လျှောက်စတမ်းနော်။ ။ …

တုန်ရီချမ်းမြ ၊ ခိုက်လှပါလည်း

နွေးထွေးမှုဓါတ် ၊ ချစ်သူလက်ဝယ်

ရှိသည့်အလား ၊ ချမ်းပါသော်လည်း

မချမ်းဟုထင် ၊ ချစ်စိတ်ပင်လျှင်

စွမ်းသည့်အလား ။ ။ ….

စိတ်ကူးတစ်ပိုင်း ၊ အတိတ်ရိုင်းက

လွင့်စင်ပျယ်ပြောက် ၊ ဘယ်ဆီရောက်လို့

ဘယ်ရင်ခိုနား ၊ ပျော်နေငြားလည်း

ကိုယ့်ချစ်သူ ။ ။….


စိတ္တဇ-သူအောင်

Friday, October 18, 2013

“ဇွဲ”

ငှက်တို့မည်သည်
ကောင်းကင်ဆီဝယ်
ပျံမည်အပြု
အားကိုစု၍
မမှုသူ့ဟန်
မုန်တိုင်းထန်လည်း
ပျံတတ်သည်ကား
သူ့စွမ်းအားလေ
တောင်များကိုဝင့်
အားမာန်ချင့်၏
လေဖြင့်မှီဝဲ
ကောင်းကင်ထဲမို့
မိုးသည်းကိုလည်း
ပျံသည်ဇွဲဖြင့်
တွဲခိုရှိရာ
သိုက်ဂေဟာသို့
ပြန်လာတတ်မြဲ လာတတ်မြဲ။


မြစ်တို့မည်သည်
မည်မျှကွေ့ကောက်
တွန့်မကြောက်ဖြင့်
လျှောက်လျက်သူ့လမ်း
စီး၍လှမ်း၏
ကြမ်းသည်ချောသည်
ငေးမရီပဲ
သွယ်သီပတ်ကာ
ပင်လယ်ပြာသို့
ဝင်လာတတ်မြဲ လာတတ်မြဲ။

ငှက်နှင့်မြစ်မူ
ပမာယူ၍
ထို့တူဘဝ
မနုဿဟု
ရသောခဏ
သည်ကာလ၌
လောကတွေ့ကြုံ
ခက်ခဲစုံကို
သုံမှုန်ငေးလျက်
တွေဝေခက်ဟု
ဖွဲ့ယှက်မယူ
ဇွဲကိုထူကာ
လူချွန်လူကောင်း
ဖြစ်စေကြောင်းရွယ်
ဥာဏခြယ်လျက်
သွယ်သွယ်အောင်ပန်း
ယူငင်မြန်း၍
စခန်းအောင်ရာ အောင်ကြောင်းဖြာ။





မင်းကြည်ညို

Friday, October 4, 2013

“ကိုယ်ပျော်ရွှင်ရယ်မောနေချိန်မှာ”

 “ကိုယ်ပျော်ရွှင်ရယ်မောနေချိန်မှာ”
တစ်ဖက်သားမှာတော့ မျက်ရည်တွေ မကျနေပါစေနဲ့။

ဘဝဆိုတာ တိုတိုလေးပါ။ ကံတရားရဲ့ အလှည့်အပြောင်းဆိုတာ
ဘယ်သူ့ကိုမှ မျက်နှာသာမပေးပါဘူး။
ကိုယ်ဖန်တီးတဲ့ ကံကြမ္မာတွေဟာ ကိုယ့်အတွက် ရိက္ခာတွေပါပဲ။
အဲဒီရိက္ခတွေသည် ကောင်းတဲ့ရိက္ခာတွေပဲ ဖြစ်ပါစေ..။

ကိုယ့်ပျော်ရွှင်မှုဟာ သူတစ်ပါး နှလုံးသွေးနဲ့ခြေဆေးခဲ့ရင်
သင်သည်လည်း နောင်တစ်ချိန်မှာ ဝမ်းနည်းပူဆွေးမှုတွေ
မလွဲမသွေကြုံရမယ်ဆိုတာ မမေ့ပါနဲ့။
သူတစ်ပါးဘဝကို ချနင်းပြီးမှ ကိုယ့်ဘဝအဆင်ပြေမယ်ဆိုရင်
အဲဒီဘဝကို စွန့်လွတ်လိုက်ပါ။

(ဌေးသာမဏေကျော်ဆရာတော်)


လူဖြစ်ရခြင်း၏ရည်ရွယ်ချက်
 

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို မသိသော ပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ်ခံစားဖို့အတွက်အသုံးချ၍ အပါယ်လေးပါးသို့သွားသည်။ လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကို သိသောပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့သွားသည်။ ☆°★°∴°°∴.·★°∴°. ·★ 
ယခုခါမူ၊ လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊ ဟောကြားမည့်သူ၊ လူလည်းမရှား၊ သို့ပါလျက်သားနှင့်မူ ... တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊ အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊ အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်...။

Wednesday, October 2, 2013

ဘဝလက်တွဲဖေါ်

တကယ်ချစ်တဲ့သူက ကိုယ့်နဲ့အဆက်သွယ်ခဏလေးမရတာနဲ့
ဖုန်းတွေဆက်ပြီး "ဘာတွေလုပ်နေလဲ"လို့စိတ်တွေပူပြီးမေးပါလိမ့်မယ်...

တကယ်ချစ်တဲ့လူက ကိုယ်အားငယ်နေတဲ့အချိန်ဖြစ်ဖြစ်အခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့အခါဖြစ်ပါစေ  နံဘေးကနေပြီးအတူတကွရင်ဆိုင်ဖြေရှင်းပေးဖို့ကြိုးစားပါလိမ့်မယ်...

တကယ်ချစ်တဲ့လူက အချိန်မှန်အိပ်ဖို့ကျန်းမာရေးဂရုစိုက်ဖို့အမြဲပြောနေလိမ်မယ်
 နေမကောင်းဖြစ်ချင်နေတယ်လို့ပြောမိရင်"ဖြစ်ပြီမဟုတ်လားပြောစကားနားမထောင်ဘူး"လို့
ကလေးတစ်ယောက်လိုဆူပြီးဆေးတိုက်ပါလိမ့်မယ်...

တကယ်ချစ်တဲ့လူက မာနလေးတွေကိုမေ့နေတတ်ပြီး နားလည်မှုလေးတွေနဲ့
ကိုယ့်အနားမှာရပ်တည်ပေးနေပါလိမ့်မယ်...

တကယ်ချစ်တဲ့လူက ဘယ်လိုမျိုးလိုအပ်ချက်တွေရှိရှိ ကိုယ့်ရဲ့အားနည်းချက်တွေကိုသိရဲ့သားနဲ့
တစ်ယောက်တည်းကိုပဲဘဝလက်တွဲအဖော်ဖြစ်ရွေးချယ်ပါလိမ့်မယ်...





Phoe Phyu
Like · · · 26 minutes ago