Thursday, February 27, 2014

အခုလက်ရှိတွဲနေတဲ့ယောက်ျားဟာ သင်ကိုတကယ်ချစ်ရဲ့ လား

အခုလက်ရှိတွဲနေတဲ့ယောက်ျားဟာ သင်ကိုတကယ်ချစ်ရဲ့ လား

မိန်းကလေးတစ်ယောက်က သူ့ချစ်သူကောင်လေးနဲ့ ၆နှစ်အကြာလက်တွဲခဲ့တယ်
ဒါပေမဲ့ ချစ်သူကောင်လေးက သူမ ကို လက်ထပ်ယူဖို့ စိတ်ကူးမရှိခဲ့ဘူး
အဲဒါကြောင့် ဒီ ၆နှစ်ကြာအချစ်ဇာတ်လမ်းကို သူမ ဖြတ်တောက်ပစ်ဖို့ ရွေးခြယ်လိုက်တယ်

သူမ ရဲ့ အခုလက်ရှိလင်ယောက်ျား ကို အိမ်ထောင်ဖက်တွေ့ တဲ့အနေနဲ့
စတွေ့ တဲ့အချိန်တုန်းက သူမ အိမ်ထောင်ပြုချင်ပြီလို့ ပြောခဲ့တယ်
သူမရဲ့ ယောက်ျားက တချက်ပြုံးသွားတယ် အတူတူထမင်းစားခဲ့ကြပြီး
ပျော်ခဲ့ကြတယ်
နောက်တစ်နေ့ သူတို့၂ယောက်လုံးက အိမ်မှာ မိဘတွေကိုပြောလိုက်ကြတယ်
၁ပတ်လောက်ကြာတော့ သူတို့ စေ့စပ်ကြတယ်
၂ပတ်လောက်ကြာပြီးနောက် သူတို့ လက်ထပ်သွားကြတယ်
အခု ၄နှစ်ရှိသွားခဲ့ပြီ သူတို့မှာ ၃နှစ်အရွယ်သားလေးတစ်ယောက်နဲ့
ပျော်ရွှင်စွာအတူတူနေထိုင်နေကြတယ်

အဲဒီမိန်းကလေးက ပြောခဲ့တယ်
လူတစ်ယောက်က နင်ကိုချစ်တယ်မချစ်ဘူးဆိုတာ
အတူတူတွဲခဲ့တဲ့အချိန်ဘယ်လောက်ကြာခဲ့သလဲဆိုတာမဟုတ်ပဲ
သူက နင်ကို ကတိတစ်ခုပေးနိုင်တာပါပဲ
နောက်ပြန်လှည့်တာ ပြန်အဖက်ဆယ်တာတွေ ငါမသိဘူး
ငါသိတာက ငါ့ကိုချစ်တဲ့သူက ငါ့နားကထွက်သွားမှာမဟုတ်ဘူး
ဘာဖြစ်လို့လဲဆိုတော့ ငါဝမ်းနည်းမယ်ဆိုတာ သူသိနေတယ်

အိပ်ချင်ယောင်ဆောင်သူကိုနိုးရခက်တယ်
မချစ်တတ်တဲ့သူကို ပြောရခက်တယ်
ဒီလောကကြီးထဲမှာ မချစ်တဲ့အကြောင်းပြချက်တွေအများကြီးပဲ
အလုပ်မအားတာ ပင်ပန်းတာ နင့်အတွက်ကောင်းစေချင်လို့ပါဆိုတာတွေပေါ့

ချစ်တယ်ဆိုတာကျတော့ ဖော်ပြမှုတစ်ခုပဲရှိတယ်
အဲဒါက နင်နဲ့အတူနေချင်တယ် နင်ကိုသာယာပျော်ရွှင်တဲ့မိသားစုလေးပေးချင်တယ်

မိန်းမတွေဆာလောင်နေချိန်မှာ
ဟန်ဆောင်တတ်တဲ့ယောက်ျားက : နင်စားဖို့တစ်ခုခုသွားဝယ်ပေးရမလား လို့ပြောလိမ့်မယ်
တကယ်ချစ်တဲ့ယောက်ျားက : လာ ထမင်းသွားစားကြမယ် ဆိုပြီးပြောလိမ့်မယ်

မိန်းမတွေမွေးနေ့ကိုရောက်ရင်
ဟန်ဆောင်တတ်တဲ့ယောက်ျားက : နင်ဘာကြိုက်လဲ လို့မေးတတ်တယ်
တကယ်ချစ်တဲ့ယောက်ျားက မိန်းမရှေ့ မှာလက်ဆောင်ချပေးပြီး
ဒါနင့်အတွက်လက်ဆောင် လို့ပြောတတ်ကြတယ်

မိန်းမတွေ ခရီးသွားလို့ပြန်လာရင်
ဟန်ဆောင်တတ်တဲ့ယောက်ျားက : ကိုယ်လာကြိုရမလားလို့ ပြောတတ်ကြတယ်
တကယ်ချစ်တဲ့ယောက်ျားက : ကားဂိတ်မှာကိုယ်စောင့်နေမယ် လို့ပြောတတ်ကြတယ်

လူတစ်ယောက်အတွက် တစ်ဘဝစာ မှန်ကန်တဲ့ရွေးခြယ်မှုကအရေးကြီးဆုံးပဲ
သင်ကို နွေးထွေးမှုမပေးနိုင်တဲ့ ယောက်ျားတစ်ယောက်ဟာ
သင်ကို ပြသာနာတွေပဲ ဖန်တီးပေးတတ်လိမ့်မယ်
translate by >> နတ်ရှင်နောင်

Thursday, February 20, 2014

ရိုးသထက်...ယဉ်ကြလေသောအခါ


Admin : အခရာ (ခံစားရေးဖွဲ့သည်)
=====================
ရိုးသထက်...ယဉ်ကြလေသောအခါ ....
=====================
ကျွန်တော်..ရိုးသားဖြူစင်တဲ့မိန်းကလေးတစ်ယောက်ကိုလိုက်ရှာနေခဲ့တာကြာပြီ။ကံကောင်းစွာနဲ့သူမကို 
 တွေ့ခဲ့တယ်။ သူမရဲ့ ရိုးသားတဲ့အပြုံးတွေ၊ အိနြေ္ဒသိက္ခာတွေကို မြတ်နိုး တယ်။ မြန်မာဆန်ဆန်ဝတ်တတ်တာကိုလည်း သဘောကျတယ်။ ယုံကြည်သွားတဲ့တစ်နေ့မှာ ကျွန်တော် .. သူမနဲ့ လက်ထပ်လိုက်တယ်။
တိုင်းတပါးမှာ နေလာတဲ့ ကျွန်တော်...။ ရှုပ်သင့်တဲ့နေရာမှာ ရှုပ်ခဲ့ဖူးမိပေမယ့် အရာ အားလုံးကို ဟိုမှာတင် ဖျောက်ဖျက်ထားခဲ့တယ်။ သူ့အတွက် .. ဘာအရှုပ်မှ ရှိမနေခဲ့။ ကျွန်တော် ပိုင်ဆိုင်သမျှအရာတွေနဲ့ သူမဘ၀ကို ရုပ်လုံးကြွစေသလို .. သူမလည်း ပျော်နေလေရဲ့ ... ။
မိဘမဲ့နေတဲ့ သူ့အတွက် နွမ်းပါးတဲ့ အဒေါ်တွေနဲ့ ခွဲထွက်ခိုင်းရင်း ကျွန်တော့်ရင်ခွင် မှာပဲ ဘ၀ကို လင်းထိန်စေခဲ့တာ နှစ်နှစ်ကျော် ကြာခဲ့ပြီ...။
တစ်နေ့ ... အဲဒီ တစ်နေ့ပေါ့...။ ကိစ္စတစ်ခုအတွက် မြို့ထဲဘက်ဆင်းတော့ ပြောမနာ ဆိုမနာ သူငယ်ချင်းမနဲ့ ပြန်ဆုံမိတယ်။ မတွေ့တာ နှစ်ချီနေတော့ ၀မ်းသာစွာနဲ့ ဆိုင်တစ်ဆိုင်မှာ စကားစမြည်ပြောကြတယ်။ စကားပြောကောင်းနေချိန်...သူငယ်ချင်းမရဲ့ ဖုန်းထမြည်တော့ စကားစကိုဖြတ်ရင်း အအေးခွက်ကို မော့သောက်နေလိုက်တယ်။ သူငယ်ချင်းမရဲ့ စကားသံတွေ ထဲမှာ နာမည်တစ်ခုက ရင်းနှီးလွန်းစွာ ... ။
ဖုန်းပြောပြီးတော့ စကားမစပ် နင်..အိမ်ထောင်ကျပြီလားတဲ့။ ပေါက်ကရစနောက်မှာ စိုးလို့ အမှန်ကို ပြောင်းပြန်လှန်ပြောလိုက်တယ်။ သူငယ်ချင်းမက .. ''နင် .. မိန်းကလေးတွေကို သတိထားနော်၊ မိန်းကလေးအများစုက သုံးနိုင်ဖြုန်းနိုင် .. လူဝင်ဆန့်နိုင်ဖို့ ခိုင်လောက်တဲ့လူကို သာ ရိုးသားယောင်ဆောင်ပြီး ဖမ်းနေကြတာ။ ဒီမှာကြည့် .. သူဆို အခု ခိုင်သွားပြီ။ ဘ၀အတွက် မပူရတော့သလို လိုချင်တာမှန်သမျှ လိုတရ..တဲ့။ ငါ ..လိုအပ်ရင်တောင် သူ့ဆီက ဆွဲသုံးနေရတာ။"
အခြေအနေဟောင်းကို စွန့်ချင်တော့ .. အဆင်ပြေလောက်ရင် နှုတ်ခမ်းချင်းလည်း ပစ် တိုက်ရဲသလို .. စွဲလမ်းလောက်အောင်လည်း ဟိုတယ်ခန်းထဲ လိုက်ဝင်ခဲ့သတဲ့။ ကျွန်တော် ... ဆက်မကြားရဲတော့ပါ။ စကားစဖြတ်ဖို့ ခက်သလို .. ဆက်နားထောင်ဖို့လည်း ရှက်နေရပြီ။ သူငယ် ချင်းမရဲ့စကားတွေက ကျွန်တော့်ကို ထပြေးချင်လောက်အောင် တွန်းထုတ်နေပြီ။ ကလေးကတော့ ရမယ် မထင်တော့ဘူး .. သူ သုံးခဲ့တဲ့ တားဆေးတွေက အစွမ်းပြနေပြီထင်တယ်..တဲ့။
ဘာမှ မကြားရဲတော့သလို .. ကျွန်တော့်အသံတွေလည်း ဖရိုဖရဲဖြစ်ကုန်ပြီ။ ကျွန်တော် လက်ပြနှုတ်ဆက်ပြီး ပြန်ခဲ့မိပြီ။ သူငယ်ချင်းမ .. ပြလိုက်တဲ့ ဖုန်းထဲက သူ့သူငယ်ချင်းဆိုတဲ့ ဓာတ်ပုံ ဟာ ကျွန်တော့်အမျိုးသမီးဆိုတာ သေချာသလို ကျွန်တော်လာခဲ့တဲ့ ကိစ္စကလည်း သားသမီးရဖို့အ တွက် သူမရဲ့ဆေးစစ်ထားတဲ့ အဖြေအတွက် .... ။ ။
အခရာ

ဘ၀ကို တန်ဖိုးရှိရှိ အောင်မြင်တိုးတက်လိုသူတိုင်းအတွက် သုတ၊ ပညာပေးရသ၊ ဒဿန အတွေးအမြင်စာစုတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ပေးသမျှ ပို့စ်တွေကို update သိနိုင်အောင် အောက်က ပေးထားတဲ့ Page ရဲ့ လင့်ခ်ကို ၀င်ပြီး တိုင်းမ်လိုင်းကာဗာအောက်က Like button မှာ click နှိပ်ခဲ့နိုင်ပါတယ်။
https://www.facebook.com/lutharwarda
 

Sunday, February 16, 2014

သေမင်းကိုစောင့်ရင်း


ချစ်သူ
မင်းဘာတွေမှားခဲ့မှားခဲ့
ငါနားလည်ပေးတယ်
မင်းဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့
မင်းကို ငါသိပ်ချစ်တယ်
မင်းနဲ့ ငါကြားမှာ
နားလည်မှုဆိုတာရှိပြီးသားပါ
အချစ်တစ်ခုပဲလိုတယ်
အဲဒီ အချစ်ကို
သေမင်းကိုစောင့်ရင်း
ငါစောင့်နေတယ်

Friday, February 14, 2014

** ကြိုတင်လက်မှတ် **


တစ်ပါးပါးသော ကံနဲ့
ကိုယ်ပြုခဲ့တဲ့ အပြစ်ကြောင့်
မိုးခြိမ်းသံကြားတိုင်း
ရင်တုန်ကြောက်လန့် နေရမဲ့ ဘဝကို
ရှောင်ရှားနိုင်မှ ။

ရာထူးအရှိန်အဝါနဲ့ ဥစ္စာဓနတွေက
တစ်ဘဝတော့ ပျော်စရာကောင်းအောင်
စွမ်းဆောင်နိုင်မှာ မှန်ပေမယ့်
အကြောင်းကြောင့် အကျိုးဖြစ်လာမယ့်
အဆိုးအပြစ်တွေ အတွက်
ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုတဲ့တရား
ဘုရားက အလကားဟောခဲ့တာမဟုတ်ဘူး ။

ပြုဘူးသမျှ ကုသိုလ်အတွက်
စည်းစိမ်စံရက်တွေ ရှည်သလို
ပြုခဲ့သမျှ အကုသိုလ်တွေ အတွက်လည်း
ငရဲခံရမယ့် ရက်တွေ
မလွဲ မသွေ ရောက်လာမှာဘဲ ။

ကိုယ်သွားရမယ့် လမ်းကို
ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်မှ ရမယ့်
အခြေအနေမျိုးနဲ့
မတိုးစေနဲ့ ။

ကိုယ့်ကို ခေါ်ဖို့ လာတဲ့
ငရဲဘုံက စေတမန်တွေကို
လက်နက် အာဏာ
ရာထူးနဲ့ ဂုဏ်အရှိန်အဝါ သုံးပြီး
အမိန့်ပေးစေခိုင်းလို့ မရသလို
ပိုင်ဆိုင်ကြွသမျှ ဥစ္စာဓန အမျိုးမျိုးနဲ့လည်း
လာဘ် ထိုးလို့ မရဘူး ။

အထက်ဘုံမှာ နေရာရဖို့ဆိုရင်
ကြိုတင်လက်မှတ် ယူထားမှ
စိတ်ချရမယ် ။ ။

သွေးစက်သစ်

Tuesday, February 11, 2014

ဟိုးရှေးရှေးတုန်းက ဇာတ်လမ်း

ဒီကဗျာလေးကတော့ ကျွန်တော့်တို့နှစ်ယောက်ရဲ့ ရည်းစားဦးဘ၀ကို ပြန်သတိရပြီး ရေးလိုက်တာပါ။ သူမနဲ့ မတွေ့ခင်အချိန်အထိ ကျွန်တော်ဟာ လူပေလူတေ တပတ်နွမ်းလေးတစ်ယောက်ပါ။ သူမနဲ့တွေ့တော့ ကျွန်တော့်အပြုအမူ၊ အပြောအဆို၊ အနေအထိုင်အားလုံးကို သူမက သွန်သင်ဆုံးမပေးခဲ့ပါတယ်။ ကျွန်တော်ကလည်း သူမကို ချစ်တဲ့စိတ်နဲ့ နားထောင်ခဲ့ပါတယ်။ သူမက ကျွန်တော်ထက် ရင့်ကျက်တည်ငြိမ်တယ်။ ဆင်ခြင်ဆုံးဖြတ်နိုင်တယ်။ ကျွန်တော့်ကိုလည်း အရမ်းချစ်ပါတယ်။ လက်ထပ်ဖို့ မဖြစ်နိုင်ဘူးလို့ သူမ ကြိုတင်ဆုံးဖြတ်ထားပေမယ့် ကျွန်တော့်ကို ကောင်းစေချင်တဲ့စိတ်၊ ပြုပြင်ပေးချင်တဲ့ စိတ်တွေနဲ့ ကျွန်တော့်အချစ်ကို လက်ခံပြီး အဖြေပြန်ပေးခဲ့တာပါ။ သူမနဲ့ ချစ်သူတွေ ဖြစ်ပြီး ကျွန်တော် လူကြီးတစ်ယောက်လို ရင့်ကျက်တည်ငြိမ်လာတဲ့အခါ သူမက ကျွန်တော်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်တော့တာပါပဲ။ နေ့လေးတစ်နေ့ကို ကျွန်တော် မှတ်မိနေပါတယ်။ ကော်ဖီဆိုင်လေးထဲမှာ ကျွန်တော်ကို ပထမဆုံး လမ်းခွဲဖို့ စပြောတဲ့နေ့ပေါ့။ သူမက ကျွန်တော့်ကို စကားလေးတစ်လုံးနဲ့ ညာပါတယ်။ သံယောဇဉ်ဆိုတာ အချစ်မဟုတ်ဘူး တဲ့။ ကျွန်တော်ကလည်း ပြန်ပြောလိုက်တယ်။ ဒါဆိုရင် လမ်းခွဲသူ မငိုစတမ်း လို့။ အဲဒီလိုပြောလိုက်မှ သူမက မျက်ရည်ကျပါတော့တယ်။ ဒီလိုနဲ့ သူမနဲ့ ကျွန်တော်ရဲ့ ဟိုးရှေးရှေးတုန်းက ဇာတ်လမ်းလေးကို ဒီနေ့ ပြန်သတိရနေလို့ ဒီကဗျာလေးကို ရေးလိုက်မိပါတယ်။

ဟိုးရှေးရှေးတုန်းက ဇာတ်လမ်း

မတရားဘူးထင်ရင် လောကကြီးကို ခေါင်းနဲ့ တိုက်
လမ်းမအလယ်မှာ လူမိုက်လုပ်နေတဲ့ ကောင်လေးတစ်ယောက်
သူ့အကြည့်တစ်ချက်အောက်မှာ ဒူးထောက်ယဉ်ကျေးတတ်ခဲ့တယ်။

မဆုံနိုင်ရင်လည်း ဝေးသွားလိုက်ပေါ့ ချစ်တဲ့စိတ်နဲ့ ရဲ ခဲ့တယ်
လူငယ်ဘ၀ရဲ့ သန်းခေါင်ယံဟာ သူ့အကြောင်းနဲ့ ညဥ့်နက်တယ် သူ့အကြောင်းနဲ့ မိုးလင်းတယ်။

သူ့နာမည်လေးကို မြေကြီးပေါ်မှာ တုတ်နဲ့ခြစ်မိတာ
သူ့အရိပ်လေးနောက်မှာ လူလစ်တုန်း ခိုးရပ်ကြည့်မိတာ
သူ့မမြင်ကွယ်ရာမှာ သူ့အသံလေးခိုးနားထောင်မိတာ
ဒါအချစ်လားလို့ မေးရင် ဒါအချစ်ပဲလို့ ကျွန်တော်ဖြေမယ်။

ဂျင်းဘောင်းဘီခြေထောက်ဖျားက စုတ်ဖွာနေတဲ့ ချည်မျှင်စတွေကို နှစ်သက်ခဲ့သလိုမျိုး
ေ တေလေတစ်ယောက်ရဲ့ လမ်းသွယ်အချိုးအကွေ့မှာ နာနာကျင်ကျင်အလွမ်းနဲ့
ကိုယ့်ကိုယ်ကို ဖြားယောင်းရင်း ချစ်ခြင်းတရားကို ခိုးယူပေါင်းသင်းခဲ့မိပေါ့။

မုန့်လည်းမကျွေးပါနဲ့ အရုပ်လည်းမပေးပါနဲ့  မချစ်ဘူးဆိုရင်
အလိုမပြည့်တဲ့ ကလေးတစ်ယောက်လို အခန်းထောင့် အမှောင်လေးမှာ တိတ်တိတ်လေးငိုပါရစေ။

နားထဲ စူးဝင်လာတဲ့ ဂီတဆိုတာလည်း အလိုမတူရင် ဆူညံလွန်းလှတယ်မဟုတ်ပါလား
မဆုံနိုင်ခြင်းက ဂစ်တာကြိုးတွေကို ကိုက်ဖြတ်ပစ်လိုက်ကြတဲ့အခါ
မနီးစပ်နိုင်ခြင်းကဂစ်တာအိုးကို ရိုက်ခွဲပစ်လိုက်ကြတဲ့အခါ
သံစဉ်မရှိတဲ့ညဟာ လမကွယ်ဘဲ မှောင်ခဲ့ဖူးတယ်။

မယုံရင်လည်း ပုံပြင်လို့ပဲ မှတ်ပါ နှစ်ကိုယ်တူချစ်သမျှဇာတ်ဝင်ခန်းဟာ မချစ်နိုင်တာထက်
မဖြစ်နိုင်တာ ခက်တဲ့အကြောင်းနဲ့ စတယ်အဲဒီနေရာမှာ သူမဟာ ဗီလိန်  သူမဟာ လူကြမ်း ထမင်းရည်အတူလျှက်ဖို့ မပြောဘူး တဲအိုပျက်အတူနေဖို့မပြောဘူး မျက်ရည်တွေတသွင်သွင်စီးကျရင်းကျွန်မကိုထားခဲ့လိုက်ပါကျွန်မကို မေ့လိုက်ပါ
အလွတ်ကျက်ခဲ့တဲ့ဒိုင်ယာလော့ခ်တွေကိုလက်တန်းရွတ်ပြီး 

 ပြုတ်ကျတော့မယ့်ကျွန်တော့်ကိုလွှတ်ချလိုက်တယ်။

ဆုတောင်းပြည့်ချင်ပေမယ့် ကြယ်တွေကို မကြွေခိုင်းရက်လို့ ခေါင်းငုံ့ထားပါတယ်
ေ တေလေလေးတစ်ယောက်ရဲ့ အသည်းကွဲမှတ်တမ်း ဒီဇာတ်လမ်းနဲ့ ဒီအခန်းမှာ အနမ်းနဲ့ဆုံးဖူးတယ်။

မင်းနဒီခ
၁၂ ဖေဖော်ဝါရီ ၂၀၁၄

Thursday, February 6, 2014

အမြင့်တက်ချင်ရင် အမြင်ပြောင်းပေးပါ


လောကကြီးထဲ နေထိုင်ရတဲ့ ခဏတာမှာ...

သဘာဝအတိုင်း စဉ်းစား တွေးခေါ်ကြည့်ပါ...

ကိုယ် နေရတဲ့အခိုက်အတန့်မှာ...

နေထွက် တစ်ခါ နေဝင် တစ်လှည့်နဲ့...

ကိုယ့် မေတ္တာတွေကို...

သဝန်တိုတတ်တဲ့ စိတ်ထက် မြင့်မားအောင် ထားနိုင်မှ...

ကိုယ့် စေတနာတွေကို...

တဖက်သတ်ဆန်တဲ့ စိတ်ထက် သာလွန်အောင် ထားနိုင်မှ...

ကိုယ့် ဆန္ဒတွေကို...

တင်းကျပ်နေတဲ့ မာနတွေထက် သာလွန်အောင် ထားနိုင်မှ...

ကိုယ့် လုပ်ဆောင်ချက်တွေကို...

ပြောနေတဲ့ စကားများထက် ပိုလုပ်နိုင်မှ...

ကိုယ့် ယုံကြည်ချက်တွေဟာ...

ကြောက်စိတ်ထက် သာလွန်အောင် ထားနိုင်မှ...

ကိုယ့် ရည်ရွယ်ချက်တွေကို...

ခံစားချက်ထက် နက်ရှိုင်းစွာ...

အကောင်အထည် ဖော်ဆောင်နိုင်မှ...

ကိုယ် သွားရမည့် အောင်မြင်မှု ပန်းတိုင်ကို...

ရောက်အောင် သွားနိုင်ပါလိမ့်မယ်...။

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa2.com

Wednesday, January 29, 2014

အဲ့ဒီနေ့



တရားမ၀င် တခုလပ် နှစ်ယောက်ဟာ
အခုတော့ တစ်ယောက် တစ်ကမ္ဘာ

ရွက်စုတ်ပြက္ခဒိန်က နေ့ရက်တွေလို
တစ်ရွက်ချင်း စုတ်ဖြဲလို့ရရင် ကောင်းမယ်
သူမရှိဘဲ အသက်ရှုရတာကို သည်းမခံနိုင်ဘူး
သိပ်ပြီး သည်းလွန်းတယ်လို့ မထင်လိုက်ပါနဲ့ဗျာ
မရွာခဲ့ရတာ ၃ နှစ် ၃ မိုး
မစွေခဲ့ရတာ ၃ နှစ် ၃ မိုး

ခဏခဏပြောဖြစ်တဲ့ အဲ့ဒီနေ့ဟာ
မရောက်ခင်ကတည်းက ကိုတို့သမိုင်းမှာ တွင်ပြီးသား
ကိုစားချင်တဲ့ အစားအသောက်တွေ
ကိုဖူးချင်တဲ့ ဘုရားတွေ
ကိုနေချင်တဲ့ ဘ၀လေးတွေ
ခုဆို မင်းလည်း အတွေးနဲ့တင် နေသားကျလောက်ရောပေါ့

အပြုံးတွေ စုထားအပျော်တွေ စုထား
တလှပ်လှပ်တုန်တတ်တဲ့ မင်းရင်ခုန်သံတွေ စုထား
တလှိုက်လှိုက်ငိုတတ်တဲ့  မင်းမျက်ရည်တွေ စုထား
လေယာဉ်နံပါတ်ပေးလိုက်မယ်
ဆိုက်ပြီဆိုတာနဲ့ ပြေးလိုက်လာခဲ့
မိုနာလီဇာလို ပြုံးပြီး ဒါဗင်ချီလို ပျော်ပါ
ရင်ခုန်သံနဲ့ မျက်ရည်တွေကို ငိုပါ
ဘ၀ရဲ့ အပျော်ဆုံူး ဒုတိယဟာ ဒီလောက်တော့ ခမ်းနားရမယ်

အဲ့ဒီမျှော်လင့်ချက် တစ်မျှင်မှာ
သံယောဇဉ်ပင်လေး စိုက်ထားတယ်
အဲ့ဒီမျှော်လင့်ချက် တစ်မျှင်မှာ
ကိုတို့ ဘ၀လေး ချိတ်ထားတယ်
အဲ့ဒီမျှော်လင့်ချက် တစ်မျှင်မှာ
မျှော်လင့်ခြင်းတွေ မျှော်လင့်ထားမှတော့
မျှော်ပြီးရင်း မျှော်နေရတာပေါ့
ဘာပဲဖြစ်ဖြစ်ပါ
အမျှော်လင့်ကြီး မျှော်လင့်ထားတာမို့ မျှော်ကြည့်လိုက်တယ်

တရားမ၀င် တစ်ခုလပ် နှစ်ယောက်ဟာ
အဲ့ဒီနေ့မှာ နှစ်ယောက် တစ်ကမ္ဘာ .....

ရင်ဆူး
27.1.2014
11:30 PM

Saturday, January 18, 2014

စာအုပ်ကောင်း



ပွဲသိမ်းခရာ မမှုတ်သေးခင်
ရှုံးပြီလို့မပြောပါနဲ့ဦး..။

ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှ
တကယ်သေပြီလို့ အတည်ပြုနိုင်တယ်..။

ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့
ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ..။

အသက်ရှူ ရပ်သွားတာတောင်
ဦးနှောက်အလုပ်လုပ်နေရင်
သေပြီလို့ မဆိုနိုင်သေးဘူး..။

ငါ့နှလုံးခုန်သံ သဲ့သဲ့လေးပဲကျန်တော့လို့
မင်းသိပ်ပျော်နေလား ဟင်..။

စိတ်ချ…..
နောင်ဘဝကျရင်လည်း
ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ..။

ဒီလိုပဲ..
တန်ဖိုးရှိတဲ့ မိန်းမဆိုတာ
စာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက်ဟောင်နွမ်းစုတ်ပြတ်နေပါစေ
ပြန်ဖတ်တိုင်း အရသာရှိတယ်လေ..။

မင်းလူ…

Wednesday, January 15, 2014

Firefox ကို မြန်အောင်လုပ်မယ်….

ကျွန်တော်တို့ Internet အသုံးပြုသူ အများစုကတော့Mozila FireFox ဆိုတဲ့ Browsing Program ကို တော်တော်များများ သုံးစွဲကြတာကိုတွေ့ရပါတယ်…အင်တာနက်ဆိုင်တွေက ကွန်ပျူတာ (Defreezee အုပ်ထားသောစက်) ဆိုရင်တော့သိပ်အကြောင်းမဟုတ်ပေမယ့် အိမ်သုံးကွန်ပျူတာတွေ အထူးသဖြင့်  Defreezee မခံထားသော စက်များတွက် နေ့စဉ်ရက်ဆက် အသုံးပြုလာတာများလာတာနှင့်အမျှ ဘယ်လို Error တွေကြုံတွေ့ရသလည်းဆိုတော့ Tab အသစ် ခေါ်လိုက်တဲ့အခါမျိုးတွေ၊ Tab တွေအများကြီး ဖွင့်ထားတဲ့အခါမျိုးတွေ၊ Flash Siteတွေကို ၀င်ကြည့်တဲ့ အခါမျိုးတွေမှာ Loading အကြာကြီးဖြစ်နေတာ ကိုပဲကြုံကြတဲ့သူတွေများမှာပါ၊ ဒီလိုအနေအထားမျိုးမှာဘာဖြစ်တာလည်းဆိုတော့ အဓိက အားဖြင့် Cache တွေနဲ့Cookies တွေ တအားများလာလို့ Browsing & Performance ကျသွားတာပါ။ ဒီတော့ ကျွန်တော်တို့ ဒီပြာသနက်ကို ဖြေရှင်းဖို့ကတော့  နံပတ် (၁) အချက်Browser ကို ဖွင့်လိုက်ပါ။ ပီးသွားရင် ကီးဘုတ်ကနေ Ctrl +H ဆိုပီးနှိပ်လိုက်ပါ။

အထက်ပါပုံအတိုင်းမှ ဘယ်ဘက်ခြမ်းမှာ အင်တာနက်ကိုသင် သွားခဲ့သမျှ နေရာတွေ၊ လိပ်စာတွေ အားလုံးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီအခါမှာ ကျွန်တော်တို့က အဲဒီနေရာမှာပဲ… TODAY ဆိုတာကို Right Click နှိပ်လိုက်ပါမယ်။

ပီးသွားရင်တော့ Delete ဆိုတာကို နှိပ်လိုက်ပါမယ်။ဒီနည်းကတော့သင့် Browser ထဲမှာရှိတဲ့ Cache တွေကို ရှင်းပြစ်တဲ့နည်းဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ မလိုအပ်တဲ့ အသုံးမများတဲ့ Add-On တွေကိုဖြစ်နိုင်သမျှ Disabled လုပ်ထားပါ သွားရမယ့်နေရာက ထုံးစံအတိုင်း Firefox ထဲ ကနေပဲ

Add-Ons ဆိုတာက နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့
အထက်ပါပုံအတိုင်းမှ မလိုဘူးထင်တာတွေကို Disabled လုပ်ထားပေးပါမယ်။ နောက်တစ်ချက်ကတော့ သင့်ကွန်ပျူတာအတွင်းမှာCC Cleaner ရှိတယ်ဆိုရင်  CC Cleaner နဲ့လည်း Cache တွေ Cookies တွေကိုရှင်းပြစ်လို့ရပါတယ်။ဒီနည်းဟာလည်း အလျှင်မြန်ဆုံးနဲ့ ထိရောက်တယ်ဆိုပေမယ့်လည်း တစ်ခါတစ်လေ မှာ မိမိရဲ့Browser တွေကိုတော့ Reset လုပ်ပေးသင့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ Browserကို Reset ချဖို့အတွက် Mozila FireFox ရဲ့ဘယ်ဘက်ထောင့်နားကနေ

အထက်ပါပုံအတိုင်း Firefox ထဲမှ Help ကိုဝင်ပါ၊ ပီးသွားရင်တော့ Troubleshooting Information ဆိုတဲ့ ထဲကို ၀င်လိုက်ပါ၊ ဒါဆိုရင်တော့အောက်ပါပုံအတိုင်း

Reset Firefox ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ဒါဆိုရင်တော့
အထက်ပါပုံအတိုင်း Message Box တစ်ခုကျလာပါမယ်။ ဒီနေရာမှာတစ်ခုသတိပေးချင်တာက ကျွန်တော်တို့လို သာမာန် End User တွေအတွက်တော့ ကိစ္စမရှိပေမယ့် အချို့ အချို့ သော ဟက်ကာဂျီးတွေကတော့ စဉ်းစားပါလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ Hacking အတွက် လိုအပ်တဲ့ Plug-In တွေ၊ Add-On တွေ၊အကုန်လုံး ပျက်သွားမှာဖြစ်ပါတယ်။ နောက်တစ်ခုက Browser တွေအတွက် မှတ်ထားတဲ့ Password တွေပါ ဘာမှ မကျန် အားလုံး Software အသစ်ပြန်သွင်းထားသလို ဖြစ်သွား ပါလိမ့် မယ်။ကဲ အားလုံးပဲ အဆင်ပြေမယ်လို့ထင်ပါတယ်။
ဒီ Post လေးဖြစ်မြောက်ဖို့အတွက် Idea ရအောင် ကူညီပေးသော ကျွန်တော့်အန်တီလေး Elizabeth Desai အားလည်း ဂုဏ်ပြုလျှက်
Cristiano Zarni@ ဦးဇာနည်