Monday, June 17, 2013

နင့်အတွက်................


တစ်ကယ်ချစ်တဲ့ သူတွေဆိုတာ
အပြစ်တွေဘယ်လောက်ရှိရှိ
ခွင့်လွတ်နားလည်ရင်း
အပြစ်တွေကို
ဖုံးထားပေးတတ်ကြတယ်တဲ့
ငါ့အတွက်တော့
ပြောင်းပြန်ကြီးပါပဲ

ကိုယ့်ကိုယ်ကို
ဖြောင့်မတ်ခြင်း ပြယုတ္တလို
အရောင်တက်ဖို့အရေး
ငါက သူ့အတွက်ဆို
ီဗီလိန်ဖြစ်လိုက်
လူလိမ်ဖြစ်လိုက်

အဟုတ်ကြီး ထင်မိတဲ့
နင်ပြောပီး
နင်မေ့သွားတဲ့
ခွင့်လွတ်ခြင်းဆိုတဲ့
စကားလုံးတွေထဲမှာ
ငါ့ဘ၀ လည်း
လင်းလိုက်
မှောင်လိုက်

ငါ့အပြစ်ကို
ဖော်ပြမှ နင်အပြစ်ကင်းသူဖြစ်မယ်ဆို
အပြစ်ရှိသမျှ
ငါ့အပေါ်ကို ပုံချထားပါ။
နင့်အပြစ်တွေကို မေ့ထားပါ။

နင့် ဗျူဟာတွေကို
လေးစားသောအားဖြင့်
ငါ
ပါးစပ်ပိတ် ၊
ခေါင်းညိမ့် နေလိုက်ပါ့မယ်။


 https://www.facebook.com/photo.php?fbid=182082211947526&set=a.175837252572022.1073741826.100004372446959&type=1&theater မှကူးယူတင်ပြပါသည်။

No comments:

Post a Comment