Friday, June 7, 2013

ဒီလိုပဲရေးထားတာပါရှင် ကဗျာလေးတစ်ပုဒ်ပါ


ဘ၀တစ်ခုကို
စာနာဖေးကူပါ့မယ်ဆိုတဲ့
စကားလေးနဲ့
ဘ၀တစ်ခုကို စိတ်တိုင်းကျ
နှင်းချေခဲ့လေ သတဲ့လား။

ဘ၀တစ်ခုလုံး ကြွေခါမှ
အခြားတစ်ပါးဆီ ဦးတည်
ထွက်ခွာ သွားသူ
သင်ဟာ ဘီလူးခေါင်းဆောင်းသော
မင်းသား အယောင်အဆောင်သာဖြစ်တယ်။

ဘ၀တစ်ခုလုံး
တွဲလက်တွေ ခိုင်မြဲပါ့မယ်ဆိုတဲ့
စကားလေးနဲ့
အရှက် သိက္ခာတွေကို
စိတ်တိုင်းကျ
အရောင်ဆိုးခဲ့ လေ သတဲ့လား။

အရှက်တရားတွေ
ချနှင်းလို့ ကျေနပ်ခါမှ
အခြားတစ်ပါးအတွက်
သူရဲကောင်းဖြစ်လိုသူဟာ
အပြင်ပန်းလှ၍
အတွင်းပုပ်သည့်
ထုံးဖြူသုတ်သော အုတ်ရိုးဖြစ်တယ်။

ဖောက်ပြန်တတ်သူတို့ရဲ့
သွားရာလမ်းဟာ
ဘယ်သောခါမှ မအေးချမ်းလေဘူး သတဲ့လား။

သစ္စာတရားတွေ
ခိုင်မြဲအောင် တင်းတင်းကျစ်ခဲ့ပီးခါမှ
မခိုင်လုံတဲ့ ဆင်ခြေအမျိုမျိုးတွေနဲ့
ကိုယ်လွတ်ရုန်းတတ်သူရဲ့
သစ္စာတရားဟာ အဆင်းသာရှိ၍
အချင်းမရှိသော ပေါက်ပန်းကဲ့သို့ဖြစ်တယ်။


ကျော့င်းတော်ကြီးထဲက
သူမကို လွမ်းဆွတ်ပြရုံ ချစ်ပြရုံနဲ့
ပစ္စုန်ပန်က အမိုက်မှောင်ကို
ဖုံးကွယ်လို့ရနိုင် လေ သတဲ့လား။

ဒီနေ့နဲ့ဆို ၂၀ ရက်ပေါ့
ဇာတ်လမ်းသစ်ကိုစဖို့
ခိုင်မာတဲ့ ကြိုးတစ်ချောင်းကို
ဓားတုံးတုံးနဲ့ဖြတ်သလိုမျိုး
သံယောဇဉ်ဆိုတာကို
မရမက ဖြစ်တောက်သွားပီးခါမှ
တစ်ပါးသူရှေ့မှာ
အကြင်နာ ယိုစီးနေသူဟာ
လူစကားပြောသော
တိရစ္ဆန်သာ ဖြစ်တယ်။

ဂါထာတစ်ပုဒ်ကို ရွတ်ဆိုသကဲ့သို့
မိမိကိုယ်ကို ယောကျာင်္းကောင်းဖြစ်သည်ဟု
ရွတ်ဆိုရင်း ချစ်လှပါသည်ဆိုသော
မိန်းမသားတစ်ဦးအပေါ်
ရှိသမျှအပြစ်များကို
အံ့ မခန်းပုံချကာ နောက်ကျောဓားထိုးတတ်သူဟာ
ကြာကြာဝါးမှ ခါးမှန်းသိသော
တမာခါးခါး သာဖြစ်တယ်။


မက်မောစရာ ပညာ၊ဂုဏ်မရှိပေမယ့်
သနားစရာ သူ့အပြောတွေကြားမှာ
မျက်ကန်းတစ္ဆေမကြောက်သလိုပဲ
ဘ၀အမောတွေကို
စာနာ နားလည်းပေးရင်း
ဘ၀တစ်ခု လူမသိ သူမသိ
ကျိုးပေါက်ခဲ့ တယ်။


ရိုးသားခြင်းကို ကျိုးပေါက်ဖို့
ဘယ်သူ့အပေါ်မှ မချိုးဖောက်ခဲ့ရပါဘူး သတဲ့လား.။
သင်ချိုးဖျက်မှု့ကြောင့် ကျိုးပျက်ရသူအတွက်
တိုင်တည်ရာ နေရာဟာ
ကဗျာ ဖြစ်တယ်။






ဒီလိုပဲရေးထားတာပါရှင်
ကဗျာလေးတစ်ပုဒ်ပါ :)



 https://www.facebook.com/photo.php?fbid=192025957619818&set=at.175837252572022.1073741826.100004372446959.100001861638792&type=1&theater  မှကြိုက်လို့ ယူခဲ့ပါသည်။

No comments:

Post a Comment