Tuesday, June 25, 2013

“ချစ်ရသူ …သို့ ”


ငါ့ ရဲ့ အချစ်တွေလို ပြန်ပြီ ချစ်ဖို့
တူညီမှုမရှိချင်နေပါစေ ငါ့ အချစ်တွေကိုတော့
နင်အသိမှတ်ပြုစေချင်တယ် … ချစ်သူ ..။

နင့် ဘက်က ငါ ကိုအမြဲတမ်း
အပြစ်တွေကြီးပဲ မြင်နေမှတော့
ငါ့ အချစ်တွေ ဘယ်လောက်ပဲ စစ်စစ်
နင်ဘက်က မဖြစ်နိုင်ဘူးလို့ပဲ တွေးထားနိုင်မှာပေါ့ …. ။

ငါ့ တို့ နှစ်ယောက်ကြားမှာ နားလည်မှု ရှိစေချင်ပေမယ့်
နင်ဘက်က နားလည်မှုဆိုတာကို
နားလည်ယုံတာကလွဲရင် ဘာကိုမှ
ငါ့ ကိုနားလည်မပေးနိုင်ပါဘူး ……. ချစ်သူ …။

နင်ကို ရွေးချယ်ပြီး ချစ်ခဲ့ပေမယ့်
ငါ ကိုယ့်ပိုင်ဘဝထဲမှာနင်ကို ကျူးကျော်ဝင်ရောက်ခွင့်
ပေးထားတာ မဟုတ်ဘူးဆိုတာ
နင်သိစေချင်ပေမယ့် ……………..။

ဆောင်းနေရောင်

No comments:

Post a Comment