Saturday, June 22, 2013

နေရာသစ်မှာလည်း ပန်းတွေကြွေတယ်





တန်းစီစောင့်စားနေရတယ်
ဘာကိုမှန်းမသိ
လိုအင်ကိုသရုပ်ခွဲချင်စိတ်လည်းမရှိတော့ပါဘူး

လေညင်းအစုအဝေးကနေ လေပြင်းကြီးဖြစ်လာတတ်သလား
ခွင့်လွှတ်ပါ
မယုံကြည်တတ်တော့တဲ့ယုံကြည်ချက်သာ
အမြစ်တွယ်မိခဲ့သူပါ

မိုးကိုမချစ်ဘူး
ဆောင်းကိုမချစ်ဘူး
နွေကိုမချစ်ဘူး
ကိုယ်မြတ်နိုးတာက
စာနာမျှတတဲ့ရာသီ

လေထုကိုရုန်းမထွက်နိုင်သေးမီ
အနံ့ံအသက်က ဘ၀နဲ့ တစ်သားတည်း
ပတ်လည်မျက်ဝန်းဖိအား
အသက်နဲ့ တောင့်ခံထားရတယ်

ထာဝရကြံ့ခိုင်တဲ့တောင်ပံတစ်စုံ
ကောင်းကင်သစ်ပေါ် လှမ်းမျှော်လို့ 
နိုးကြားဖို့ ကြိုးစားရင်း
လက်ပန်းကျဇာတိအလွမ်းကို
အံကြိတ်ဆုပ်ကိုင် မနိုင်ဝန် တစ်ထမ်းတစ်ပိုးနဲ.  ။  ။

ကိုမှိုင်း(ဆေး-၂)

No comments:

Post a Comment