ဘ၀တစ်ချို့တွေမြေပေါ်
ချနင်းခံရပီးတဲ့နောက်
အတိတ်တွေထဲမှာ
အကြိမ်ကြိမ် ငါသေဆုံးပြစ်လိုက်တယ်။
ဖေးကူတတ်တဲ့
စာနာလက် တစ်ချို့ကြောင့်
သေမင်းနဲ့ စီးချင်းထိုးပွဲမှာ
အောင်နိုင်ခဲ့ပေမယ့်
နင့် တခဏ ပျော်ရွှင်ဖို့ အတွက်
ငါ့ဘ၀ကို ငါကိုယ်တိုင်
သတ်ပစ်ခဲ့ဖူးတယ်။
ရင်ထဲမှာ ငါ ငိုနေတယ်။
အပြင်ဖက် ကို စီးကျမလာတဲ့
ဒီ မျက်ရည်တွေအတွက်
ငါ့ ရင်ဘတ်တွေ
စူးအောင့် လွန်းလှတယ်။
အားလုံး ကို မေ့ပစ်ဖို့
ကြိုးစားတိုင်း
မေ့လိုက်ရုံနဲ့ ပျောက်မသွားတဲ့
အတိတ်တွေက ငါ့ကို
ထိုးနက် နှိပ်စက် လာ တဲ့အခါ
နင်ရှိရာ အရပ်ကို
အားကိုး တစ်ကြီး မျော်ကြည့်မိ နေတုန်းပဲ။
နင့် မျက်လုံးတွေ ကတော့
တစ်စုံတစ်ယောက် ကို စူးစိုက် ကြည့်ရင်း
နင့် နုတ်ဖျား ကလည်း ငါ့ကို
မသိခဲ့ဘူး ။ မရှိခဲ့ဘူးရယ်လို့ ရွတ်ဆိုကောင်း
ရွတ်ဆိုနေပါ လိမ့်မယ်။
အားလုံး ကို မသိယောင်ဆောင်ရင်း
လျှောက်လှမ်း နေတဲ့
နင့် ဥပက္ခာ လမ်းတွေ
ငါ့မျက်ရည် ငါ့နာကျင်မှု့ နဲ့
ဖြောင့်ဖြူးသာယာနိုင်ပါစေ။
https://www.facebook.com/photo.php?fbid=191356784353402&set=a.175837252572022.1073741826.100004372446959&type=1&theater မှကူးယူတင်ပြပါသည်။
No comments:
Post a Comment