Monday, July 15, 2013

စိမ်းရက်ရင်စိမ်း


အယူခံဝင်တေး ကိုယ်မရေးချင်လည်း
အသည်းပူဆာ မနေသာလို့ရေးပါရစေ
အလွမ်းဝေတဲ့စကားကို ကျွမ်းနေတဲ့နှလုံးသားနဲ့ဆိုမယ်
နွမ်းကြေလျှက်ရတက်ပွေသမျှ စိတ္တဇညတွေကုန်ပါစေ

ဒို့နှစ်ဦးရဲ့ကမ္ဘာမှာ နားလည်စွာနဲ့ညှိခဲ့တဲ့သံယောဇဉ်
ကာရံတွေမပီပြင်လည်း အသည်းချင်းသိပီတိဝေဖြာ
ပျော်ခဲ့ပါတယ် သြော် --- ခုတော့
ချစ်ခွင့်ကြုံလို့တွေ့ဆုံခဲ့ရ ဒို့ဘဝတွေချစ်ကံခေတော့
ကာလလွှဲမှားအသဲသာကြွေ အချစ်မြေမှာအပျော်ခြေလှမ်းသမျှ
အလွမ်းသာခြေရာကျန် ရင်ခွင်မှာဒဏ်ရာဖြစ်
မဆုံဖြစ်ခဲ့ကြယင်အကောင်းသား
ခုများတော့လေဘယ်ဆီမှာနေ ဘယ်မြေကိုရောက်
ဘယ်လောက်ဝေးဝေး အတွေးနဲ့သာလွမ်း ရင်ခွင်မှာနွမ်း
ကျွမ်းခဲ့ရချစ်သူ လွမ်းမိတဲ့ဒီလူဟာ
အမုန်းနဲ့ထိုက်သူလား မုန်းလိုက်ပေါ့ချစ်သူ
ကြားလူကိုမင်းယုံလို့ စုန်ကန်ခဲ့ချစ်ရင်ခွင်
ဘယ်လိုပင်စိမ်းသော်လည်း မယိမ်းယိုင်ကိုယ့်ချစ်တွေက
မမုန်းနိုင်ခိုင်လျှက်သားမို့ မေ့နိုင်သူစိမ်းသူကြီးရယ်
စိမ်းရက်ယင်စိမ်း ကိုယ်ကတော့မစိမ်းရက်ပါကွယ်
နေမင်းအလင်း

http://nayminalin.blogspot.com/2011/03/blog-post_1043.html?spref=fb မှကူးယူပါသည်။

No comments:

Post a Comment